ELV System Design ဟာ Drawing ဆွဲပေးလိုက်ရုံနဲ့ ပြီးစီးသွားတဲ့ အလုပ်မဟုတ်ပါဘူး။ Building Lifecycle တစ်ခုလုံးကိုသက်ရောက်စေမည့် Engineering Responsibility ဖြစ်တဲ့အတွက် စနစ်တကျ မစီမံနိုင်ခဲ့ရင် Installation Stage တွင်ပြဿနာများ ဖြစ်ပေါ်လာနိုင်စေပါတယ်၊ Commissioning တွင် မလိုအပ်ဘဲ အချိန်ပိုကုန်ပါမယ်၊ Operation Stage တွင်Maintenance Cost ပိုမို ကုန်ကျနိုင်စရာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အတွေ့အကြုံအရ ELV Designers များ အထူးသဖြင့် ရှောင်ရှားသင့်သော အချက်များ ရှိနေပါတယ်။

ပထမဦးစွာ Site Condition မသိဘဲ Design ဆွဲခြင်းဟာ အကြီးမားဆုံး အမှားတစ်ခု ဖြစ်ပါတယ်။ Ceiling Height, Beam Depth, MEP Routing, Riser Space များကို မစစ်ဆေးဘဲ Drawing ထုတ်လိုက်ခြင်းသည် နောက်ပိုင်း Coordination Clash များ ဖြစ်ပေါ်စေနိုင်ပါတယ်။ ELV သည် Isolation Discipline တစ်ခု မဟုတ်ပါဘူး။ Architecture, MEP နှင့် Coordination မရှိဘဲ Professional Design ဖြစ်နိုင်စရာ မရှိပါဘူး။

ဒုတိယအချက်က Future Expansion ကို မစဉ်းစားခြင်းဖြစ်ပါတယ်။ လက်ရှိ Project Scope အတိုင်းသာ Cable Count, Rack Space, Power Budget တွက်ချက်ထားခြင်းဟာ ၃ နှစ်၊ ၅ နှစ်အကြာတွင် Upgrade လုပ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ Infrastructure သည် Short-term မဟုတ်၊ Long-term Asset တစ်ခု ဖြစ်ပါတယ်။

တတိယအချက်မှာ Bandwidth Calculation နှင့် Load Estimation မမှန်ကန်ခြင်းဖြစ်ပါတယ်။ CCTV Storage Calculation, Network Throughput, PA Amplifier Load, Power Supply Redundancy မတွက်ဘဲ “Standard Spec” ဖြင့်သာ သတ်မှတ်ခြင်းသည် Performance Issue များကို ဖြစ်စေနိုင်ပါတယ်။

စတုတ္ထအချက်မှာ Standard & Code Compliance ကို ပေါ့လျော့တွက်ဆခြင်း ဖြစ်ပါတယ်။ NFPA, BS, IEC, TIA/EIA စံနှုန်းများကို မလိုက်နာဘဲ Design လုပ်ခြင်းဟာ Inspection Stage တွင် Rework ဖြစ်စေပြီး Project Cost တိုးမြင့် ကုန်ကျစေနိုင်ပါတယ်။

ပဉ္စမအချက်မှာ Cable Management နှင့် Labeling Strategy မရှိခြင်းဖြစ်ပါတယ်။ Drawing မှာသာ လှပ သေသပ်စွာ ဆွဲထားပြီး As-built Documentation မရှိဘူးဆိုရင် Maintenance Team အတွက် စနစ်ကို လက်ဆင့်ကမ်းအသုံးပြုရန် ခက်ခဲစေမှာ ဖြစ်ပါတယ်။

ဆဌမအချက်မှာ Integration Architecture မစဉ်းစားခြင်းဖြစ်ပါတယ်။ CCTV, Access Control, Fire Alarm, BMS, PA/VA တို့ကို Standalone အဖြစ် တွက်ဆ ဒီဇိုင်းထုတ်မိခြင်းသည် Operational Efficiency ကို လျော့နည်း ကျဆင်းစေနိုင်ပါတယ်။ယနေ့ခေတ် ELV သည် Integration-Oriented ဖြစ်ရပါမယ်။

သတ္တမအချက်မှာ Vendor Bias ဖြစ်ပါတယ်။ Technical Justification မရှိဘဲ Brand Preference ဖြင့်သာ Design လုပ်ခြင်းသည် Client Trust ကို ထိခိုက်စေနိုင်ပါတယ်။ Specification သည် Performance-Based ဖြစ်သင့်ပါတယ်။

အဌမအချက်မှာ Commissioning Plan မပါဝင်ခြင်းဖြစ်ပါတယ်။ Testing & Commissioning Methodology ကို Design Stage မှာ မသတ်မှတ်ထားပါက System Handover တွင် Delay ဖြစ်တတ်ပါတယ်။

နဝမအချက်မှာ Cybersecurity ကို လျစ်လျူရှုခြင်း ဖြစ်ပါတယ်။ IP-Based System များတွင် VLAN Segmentation, Firewall Policy, Password Management မစဉ်းစားပါက Risk Exposure တိုးလာစေမှာ ဖြစ်ပါတယ်။

နောက်ဆုံးနဲ့ ဒဿမအချက်မှာ Documentation Discipline မရှိခြင်းဖြစ်ပါတယ်။ Single Line Diagram, Schematic, Calculation Sheet, Compliance Reference မပါသော Design သည် Professional Deliverable တစ်ခု မဟုတ်ပါဘူး။

ELV Designer တစ်ဦးရဲ့ တကယ့် တန်ဖိုးသည် Drawing လှလှပပ ဆွဲနိုင်ခြင်း သီးသန့်တင် မဟုတ်ပါဘူး။ Risk ကိုကြိုတင်မြင်နိုင်ခြင်း၊ System Lifecycle ကို နားလည်ခြင်းနှင့် Integration Strategy ကို စီမံနိုင်ခြင်းတို့ ဖြစ်ကြပါတယ်။

Professional ELV Design ဆိုသည်မှာ Equipment များကို ချိတ်ဆက်ထားခြင်းသာမက၊ Building တစ်ခု၏ Intelligence ကိုတည်ဆောက်ပေးခြင်း ဖြစ်ပါတယ်။ Design Stage တွင် တင်ကြို ပြုလုပ်နိုင်ခဲ့သမျှသော မှန်ကန်တဲ့ ဆုံးဖြတ်ချက်များသည် Operation Stage တွင် အောင်မြင်မှုရလဒ် အသီးအပွင့်များ အဖြစ် ပြန်လည် ပေါ်ထွက် ရရှိ ခံစားလာစေနိုင်မှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။

#ELVDesign #ELVSystem #ELVEngineer #SystemIntegration #BuildingTechnology #SmartBuilding #EngineeringDesign #TechnicalLeadership #ELVTraining #ELVProfessional #StructuredCabling #IPSystems #FireAlarmDesign #AccessControlSystem #CCTVDesign #CyberSecurityForELV #EngineeringMistakes #DesignBestPractices #MyanmarEngineers #BOHMyanmar

Leave a Reply

Your email address will not be published. Required fields are marked *