ဘာသာရေး အခမ်းအနားအတွက် အသုံးပြုတဲ့ အဆောက်အဦးတွေအတွက် အသံစနစ် တပ်ဆင်တဲ့ခါ ထည့်စဉ်းစားရမဲ့ အချက်များစွာရှိနေပါတယ်။ ဘာသာများထဲက ခရစ်ယာန် ဘာသာဝင်များကတော့ ဂီတနဲ့ နီးစပ်သူများ ဖြစ်ကြတာမို့ အသံစနစ် တည်ဆောက် တပ်ဆင်ရာမှာ လိုအပ်ချက်တွေကို အသင့်တော်ဆုံး တွက်ချက် ပုံစံပြုနိုင်ကြပေမဲ့လို့ မြန်မာပြည်က အခြားသော ဘာသာဝင်များက ခရစ်ယာန် တရားဟော ခန်းမများနဲ့ စာရင် အသံစနစ် တပ်ဆင်ရာမှာ ကျွမ်းကျင်သူများရဲ့ အကြံပြုချက်နဲ့ တပ်ဆင်ကြတာ အားနည်းတာ တွေ့ရတတ်ပါတယ်။ […]
Early Notification က ဘာလို့ အရေးကြီးသလဲ
မီးဘေးလုံခြုံရေးအတွက် စောစီးစွာ အသိပေးမှု ရရှိရေး (Early Notification) က သေရေးရှင်ရေးတမျှ အရေးကြီးတာ အများ သိကြပါတယ်။ မီးအရေးပေါ် ကိစ္စဖြစ်ပွားတိုင်းမှာ အဆောက်အဦးတွင်း နေထိုင်သူများကို ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်စေရးအတွက် စက္ကန့်တိုင်း စက္ကန့်တိုင်း အသက်တမျှ အရေးပါလှပါတယ်။ မီးအန္တရာယ်ကြောင့် လူအသက် သေဆုံးရခြင်း အကြောင်းရင်းများထဲက တိုက်ရိုက် လောင်ကျွမ်းခံရခြင်းထက် မီးခိုးနှင့် အဆိပ်သင့်ဓာတ်ငွေ့များကြောင့် အသက်ရှုကျပ် မေ့မျောရာမှ မီးလောင်သေဆုံးရခြင်းက ပိုများကြောင်း သုတေသနများက ဆိုပါတယ်။ အရာဝတ္ထုများ လောင်ကျွမ်းရာက […]