ပုဂ္ဂလိက ဆေးရုံတစ်ခုက တကယ့်အဖြစ် အပျက်လေး တစ်ခု၊ ဝေမျှချင်ပါတယ်။ ရန်ကုန်မြို့ပေါ်က နာမည်ကြီး ဆေးရုံတစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး၊ ခုထိလည်း ဖြစ်နေဆဲပါ။ ဆေးရုံဆိုတော့ ၂၄ နာရီ​​ ဝန်ဆောင်မှု ရှိပေမဲ့လို့ ညနက်ပိုင်း ရောက်လာရင် အတော်လေး ကျယ်ဝန်းတဲ့ တစ်ထပ်တစ်ထပ်စာရဲ့ ဝန်ထမ်းတစ်ဝက်စာပဲ အသုံးချတဲ့ အနေနဲ့ သူနာပြုကောင်တာကို နေ့ခင်းပိုင်းမှာ နှစ်နေရာ ထားရာကနေ ညဖက်မှာ တစ်နေရာတည်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှု ပေးပါတယ်။ အဲဒီမှာ ညဖက်ဆို လိုအပ်လို့ သူနာပြုသွားခေါ်ရတဲ့ခါ (ဒီနေရာမှာ ပြောချင်တာ Nurse Call System တပ်ဆင်ထားပေမဲ့လို့ မည်သို့ မည်ပုံ ဖြစ်သည် မသိ၊ အသုံးပြုထားခြင်း ရှိမနေပါဘူး။) တိတ်ဆိတ်နေတဲ့ ကော်ရစ်ဒါ တလျှောက် ဝေးဝေးလံလံ သွားခေါ်ရတတ်ပါတယ်။ အဲဒီမှာ ညဖက်ကျလို့ ကော်ရစ်ဒါ တလျှောက် လမ်းလျှောက်သွားရင် ……. တောစပ်မှာ ပုရစ်တွေ အော်သလို စီကနဲ၊ စီကနဲ ဟိုဖက် ဒီဖက် နေရာ အတော်များများက ကြားရတတ်ပါတယ်။ 

ဟာ…. ဘာလားပေါ့၊ ရန်ကုန်မြို့လယ်ကောင်က အဆင့်မြင့် ဆေးရုံကြီးမှာ ပုရစ်တွေ ရောက်နေတာတော့ ဟုတ်လောက်ပါဘူးပေါ့။ အသံက တညီတည်းလည်း မဟုတ်၊ ထွက်ချင်တဲ့ ဖက်က ထွက်ချင်တဲ့ခါမှ ထွက်တာ ဆိုတော့… သေချာပြီပေါ့။ ဗန္ဓုလရဲ့ သုံးရာ ခြောက်ဆယ့်ငါးဝမ်းကွဲ တူတော်မောင်ဖြစ်တဲ့ စာရေးသူ သတ္တိခဲက …… မဟုတ်မှ လွဲရော…. ဆေးရုံမှာ….

ဟိုနားက စီကနဲ၊ ဒီနားက စီကနဲ အော်နေရတဲ့ အကြောင်းရင်းက……

…..

…..

…..

…..

…..

…..

…..

…..

…..

…..

…..

…..

ဆောက်လုပ်စဉ်တုံးက Fire Alarm System ပါသွားပုံ မရဘဲနဲ့၊ အဆောက်အဦးပြီးခါနီးမှ မပါမဖြစ်ဆိုလို့ Stand Alone Wireless Smoke Detector တွေ ပတ်ခြာလည် တပ်ပုံရပါတယ်။ Stand Alone Device ဆိုတော့ Alarm ပါ Built-in ပါလေတော့ ဖုန်လည်း နည်းနည်း တက်ရော….. စီကနဲ…. စီကနဲ တစ်လုံးစီကနေ တလွှာလုံး အော်နေတာဗျာ။ ညဖက်ဆို မသိရင် တောအုပ်လေးထဲ ရောက်သွားသလို ပုရစ်သံတွေ စီစီကိုညံလို့ ဆိုသလိုပါပဲ။

သတ္တိခဲ စာရေးသူတို့လို ဧည့်သည်တွေအတွက် သရဲခြောက်သော ဆေးရုံကြီးလို့ ထင်မှတ် မှားမသွားရလေအောင် တပ်ထားတဲ့ Smoke Detector တွေကို ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ အရေးကြီးတယ် ဆိုတာလေး စေတနာကောင်းနဲ့ ကြေငြာမောင်းထုလိုက်ရပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *