လုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်မှု အားတွေ လျော့ကျလာတယ်၊ လုပ်နိုင်စွမ်းတွေ လျော့လာတယ် ဆိုတဲ့ အခြေအနေတွေရဲ့ အဓိက အကြောင်းရင်းများကို လေ့လာကြည့်ရင် ဂရုမစိုက်ဘဲ ပစ်ထားမိတဲ့ ELV စနစ်များကြောင့် ဆက်သွယ်ပြောဆိုနိုင်မှု နှောင့်နှေးကြံ့ကြာခြင်း၊ လုပ်ငန်းအန္တရယ်ကင်းရှင်းမှုနဲ့ လုံခြုံမှု အခြေအနေ လျော့ကျခြင်းနဲ့ လုပ်ငန်းသုံးရင်းမြစ်တွေ အလဟဿဖြစ်ခြင်း စတာတွေ ဖြစ်နေတတ်တာ တွေ့နိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်မှုတွေကို ရှောင်လွှဲနိုင်ဖို့၊ စီးပွားရေး လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် တစ်ခုသော နည်းလမ်းက လုပ်ငန်းထဲ တင်ကြိုကာကွယ်မှု ပြင်ထိန်းစနစ် ထည့်သွင်းခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်တော့ရော….

ဒီလိုလုပ်ရင် ဒါတွေ ရပါမယ်

ပုဆိန်နဲ့ပေါက်ရမဲ့ အခြေအနေ မရောက်ခင်မှာ အပ်နဲ့ ထွင်းရမှာမျိုးတွေကို တင်ကြို စူးစမ်းသိနိုင်ခြင်း ကြောင့် မလိုအပ်ဘဲ လုပ်ငန်းရပ်တန့်ရခြင်း၊ ရပ်တန့်ရခြင်းကို လျော့ကျစေခြင်းနဲ့ ရပ်တန့်ရလို့ ဆုံးရှုံးရတဲ့ လုပ်ငန်းဝင်ငွေကို ကာကွယ်နိုင်ခြင်း။

အဝင်အထွက်၊ တံခါးစနစ်များကို ရပ်နားပြတ်တောက်မှု ကင်းစေအောင် လုပ်ဆောင်ခြင်းဖြင့် လူနဲ့ ပစ္စည်းကိရိယာလုံခြုံမှု တိုးမြှင့်စေနိုင်မှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကို ပြတ်တောက်မှု ကင်းစေတာမို့ အကြားအလပ်မရှိ အလုပ် လုပ်ဆောင်နိုင်ခြင်း၊ အချက်အလက်ပြတ်တောက်မှုကြောင့် စိတ်ရှုပ်ရခြင်းကင်းစေခြင်း၊ ထုတ်လုပ်နိုင်စွမ်းကို ထိန်းညှိထားနိုင်မှာဖြစ်ပါတယ်။

ပုံမှန် ပြင်ဆင်ထိန်းသိမ်းခြင်းဖြင့် ကိရိယာများ သက်တမ်းပိုရှည်ကြာစွာ အသုံးပြုနိုင်စေတာမို့ အကုန်အကျများတဲ့ လဲလှယ်ရမှုများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းမှာ သုံးစွဲရတဲ့ ကုန်ကျစရိတ်သည် စာရင်းသဘောအရ ကုန်ကျငွေလို့ အမည် တပ်သည့်တိုင် အကယ်စင်စစ် လုပ်ငန်းရဲ့ လည်ပတ်မှု၊​ အကြားအလပ်မရှိ ထုတ်လုပ်နိုင်စွမ်း၊ လုံခြုံ အန္တရာယ်ကင်းမှုအတွက် စိတ်အေးရမှု စတာတွေအပြင် မလိုလားအပ်သော ရှောင်လွှဲနိုင်တဲ့ အကုန်အကျများမဲ့ လဲလှယ်ရမှုတွေကို တင်ကြိုကာကွယ်နိုင်ဖို့အတွက် အသုံးချရတာမို့ ကုန်ကျစရိတ် လို့တောင် သုံးနှုံးဖို့ မသင့်ပါဘူး။ ဒီအတွက် ကြိုတင် ပြင်ဆင်နိုင်တာတွေကို ထိန်းသိမ်းခြင်းအားဖြင့် မိတ်ဆွေရဲ့ လုပ်ငန်း အဟုန်ကို ထိန်းသိမ်းကြရအောင်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *