ဟိုတယ်လုပ်ငန်းတစ်ခုအတွက် “အလှတရား” ဆိုတာ မျက်မြင်တွေ့ရတဲ့ ဒီဇိုင်း၊ အခန်းအပြင်အဆင်၊ ဝန်ဆောင်မှုဆိုင်ရာ စနစ်တကျမှုများသာမက၊ နောက်ခံတွင် လည်ပတ်နေသော နည်းပညာစနစ်များ၏ စွမ်းဆောင်ရည်နှင့် ခိုင်မာမှုကိုပါ အခြေခံထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့ခေတ် အောင်မြင်တဲ့ Hotel Operation တစ်ခုမှာ Integrated Smart Hotel ELV Solutions မရှိဘဲ Guest Experience ကို အဆင့်မြင့်စွာ တည်ဆောက်နိုင်ဖို့အတွက် အတော် စိန်ခေါ်မှု ကြီးမားမှာ အမှန်ပါ။

ဟိုတယ်အခန်းတစ်ခန်းအတွင်း မီးအလင်းအမှောင်၊ အပူချိန်ထိန်းချုပ်မှု၊ Curtain Control၊ IPTV Entertainment နှင့် Wi-Fi Connectivity တို့ကို စနစ်တကျ ချိတ်ဆက်ပေါင်းစည်းထားတဲ့ Guest Room Management System (GRMS) သည် သာမန် “Smart Room” ထက် များစွာ အရေးကြီးပါတယ်။ ဧည့်သည်တစ်ဦး အခန်းထဲဝင်ချိန်မှ စပြီး သူ့ အတွေ့အကြုံကို နည်းပညာက စနစ်တကျ ထိန်းညှိပေးနိုင်ပါတယ်။ တည်းခိုမှုရဲ့ သက်တောင့်သက်သာ ရှိမှုကို တိတိကျကျ ပေးနိုင်ဖို့ အရေးကြီးသလို Energy Consumption ကိုလည်း သာမန်စနစ်ထက် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်က တစ်ဖက်မှာ Operating Cost ကို ထိန်းချုပ်နိုင်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေပါတယ်။
ဒါ့အပြင် Hotel-wide Connectivity နှင့် Digital Signage စနစ်များဟာလည်း ဟိုတယ်ရဲ့ Brand Image ကို မြှင့်တင်ပေးရုံသာမက၊ F&B Promotion၊ Event Marketing နှင့် In-house Advertising တို့မှ တစ်ဆင့် Revenue Stream အသစ်များ ဖန်တီးပေးနိုင်ပါတယ်။ IPTV System မှတစ်ဆင့် Personalized Content များကို ထည့်သွင်းနိုင်ခြင်းဟာ ဆိုရင် Guest Satisfaction ကို တိုးမြှင့်ပေးသလို Upselling Opportunity များကိုပါ ပံ့ပိုးပေးပါတယ်။
Security အပိုင်းအတွက် IP CCTV Surveillance၊ Access Control System နှင့် Intelligent Fire Alarm & PA/VA စနစ်များကို သီးခြားစနစ်အဖြစ် မထားဘဲ Integrated Platform အဖြစ် တည်ဆောက်ခြင်းအားဖြင့် Risk Management အတွက် အလွန်အရေးကြီးတဲ့ ကဏ္ဍ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် Hotel Management တွင် “Incident Response Time” ကို လျှော့ချနိုင်ခြင်းဟာ Brand Reputation ကို ကာကွယ်ပေးနိုင်တဲ့ အချက်အလက်တစ်ခု ဖြစ်ပါတယ်။ စနစ်တကျ ချိတ်ဆက်ထားတဲ့ စောင့်ကြည့်ထိန်းချုပ်မှုများသည် ဝန်ထမ်းများ၏ Operational Confidence ကို မြှင့်တင်ပေးပြီး ဧည့်သည်များအတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။
Operational Efficiency အပိုင်းတွင် Structured Cabling, Robust LAN/WLAN Infrastructure နှင့် Centralized Lighting Control တို့ဟာ ဟိုတယ်တစ်ခုရဲ့ “Digital Backbone” ဖြစ်ပါတယ်။ စနစ်တကျ တည်ဆောက်ထားမှု အားနည်းခဲ့မယ်ဆိုရင် Infrastructure ဟာ နောက်ပိုင်း ပြုပြင်ထိန်းသိမ်းစရိတ်များ တိုးမြှင့်စေသလို Downtime များ ဖြစ်ပေါ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စနစ်တကျ ဒီဇိုင်းဆွဲထားသော ELV Infrastructure ဟာဆိုရင် Long-term Asset Value ကို ကာကွယ်ပေးပါတယ်။
ဟိုတယ်လုပ်ငန်းရှင်များအနေနဲ့ နည်းပညာကို ကုန်ကျစရိတ်အဖြစ် တစ်ခုတည်းသာ မြင်ဖို့ မသင့်လျော်ပါ။ စနစ်တကျ တည်ဆောက်ထားတဲ့ Integrated ELV Systems တစ်ခုဟာဆိုရင် Guest Satisfaction ကို တိုးမြှင့်ပေးပြီး Repeat Booking Rate ကို မြှင့်တင်နိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်။ Guest Experience ကောင်းမွန်လေလေ Online Review နှင့် Rating တိုးတက်လေလေ ဖြစ်ပြီး၊ ဒီအချက်ရဲ့ တိုက်ရိုက် Revenue တိုးတက်မှုနှင့် ဆက်နွယ်နေမှာလည်း ဖြစ်ပါတယ်။
ခုခေတ်မှာ နည်းပညာဆိုတာ အလှဆင်ပစ္စည်း သက်သက် တစ်ခုမဟုတ်သလို ရှိရင် ကောင်းတာပေါ့ဆိုတဲ့ အဖြည့်ခံ ပစ္စည်းတစ်ခု သက်သက် မဟုတ်နေတော့ပါဘူး။ ဒီစနစ်သည်ပင်လျှင် ဟိုတယ်တစ်ခုရဲ့ Operational Intelligence ဖြစ်ပါတယ်။ စနစ်တကျ၊ ထိရောက်စွာ တည်ဆောက်ထားသော Smart Hotel ELV Ecosystem တစ်ခုဆိုရင် မိတ်ဆွေပိုင်ဆိုင်တဲ့ ဟိုတယ်ရဲ့ Brand Value ကို မြှင့်တင်ပေးပြီး စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေမှာ ဖြစ်ပါတယ်။
BOH အနေဖြင့် ဟိုတယ်လုပ်ငန်းများအတွက် အပြည့်အစုံ Integrated ELV Solutions များကို အတွေ့အကြုံနှင့် နည်းပညာအရည်အသွေးနှစ်မျိုးစလုံးဖြင့် ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒီအတွက်လည်း စနစ်တကျတည်ဆောက်ထားသော နည်းပညာ စနစ်များသည် သည် လုပ်ငန်းအတွက် အကျိုးအမြတ်သို့ ဦးတည်သော မဟာဗျူဟာတစ်ခု ဖြစ်ကြောင်း Team BOH က စွဲမြဲစွာ ယုံကြည်ပါတယ်။
#SmartHotel #HotelELV #IntegratedELV #HotelTechnology #GuestExperience
#HotelSecurity #HotelOperationalEfficiency #SmartHotelMyanmar #DigitalHotel
#HotelRevenueGrowth #HotelInfrastructure #IPTVSolutions
#GRMS#HotelCCTV #AccessControlSystem #FireAlarmSystem
#PA_VA_System #StructuredCabling #BOHMyanmar #YourHotelTechPartner