ELV လောကထဲမှာ အလုပ်ဝင်ခါစ engineers တွေအတွက် “Shop Drawing” ဆိုတဲ့စကားလုံးက အမြဲလိုလို ကြားနေရတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဘာလည်း Shop Drawing ဆိုတာကျ သိတော့ သိတယ်။ ဒါပေမဲ့ ဘာလည်း မသိဘူး ဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ အချို့ကလည်း Tender မှာ ပေးတဲ့ Consultant Drawing တွေနဲ့ အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်မှာတော့ Shop Drawing ဆိုတာက Design ကို လက်တွေ့ Site မှာ အကောင်အထည်ဖော်ဖို့အတွက် ပြင်ဆင်ထားတဲ့ Execution Drawing ဖြစ်ပါတယ်။

Consultant Drawing တွေကတော့ စနစ်တစ်ခုလုံးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ concept level ကို ပြထားတာ ဖြစ်ပြီး Detail အဆင့်မဟုတ်ပါဘူး။ ဥပမာအားဖြင့် CCTV Camera တစ်လုံးကို ဘယ်နေရာမှာ တပ်မလဲဆိုတာကို ပြထားနိုင်ပေမယ့်၊ တကယ်တပ်မယ့်အချိန်မှာလိုအပ်မယ့် mounting height, cable ဘယ်လမ်းကြောင်းက သွားမလဲ၊ junction box ဘယ်မှာထားမလဲဆိုတာမျိုး အသေးစိတ်အချက်အလက်တွေတော့ မပါလာတတ်ပါဘူး။ ဒီလို Detail အပိုင်းတွေကို ထည့်သွင်းပြီး Site မှာ အလုပ်လုပ်သူတွေ အတွက် အမှန်တကယ် အသုံးဝင်အောင် ပြင်ဆင်ထားတာကိုပဲ Shop Drawing လို့ ခေါ်ပါတယ်။

လက်တွေ့ Project တစ်ခုမှာ Shop Drawing မရှိဘဲ အလုပ်လုပ်ရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ Installation team အတွက် မရှင်းလင်းမှုတွေ ဖြစ်လာမယ်၊ တပ်ဆင်မှားယွင်းနိုင်ပါတယ်၊ ပြန်ပြင်ရတဲ့ Rework cost ပိုကုန်ပါမယ်၊ Consultant ကလည်း Approval မပေးနိုင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဆုံးသတ်မှာတော့ Project delay ဖြစ်ပြီး Company အတွက် လည်း ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Shop Drawing ဆိုတာက Project အောင်မြင်မှုအတွက် အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Entry Level Engineers တွေအတွက် အရေးကြီးဆုံး အချက်ကတော့ Shop Drawing ကို ရိုးရိုး Drawing တစ်ခုလို မမြင်ပဲ “Execution Plan” လို့ မြင်နိုင်ဖို့ပါ။ ဒီလို မြင်နိုင်တဲ့အခါမှာပဲ ကိုယ်ဆွဲတဲ့ Drawing တစ်ခုဟာ Site မှာ တကယ်အလုပ်လုပ်နိုင်မလား၊ Installation team က အဆင်ပြေပြေလုပ်နိုင်မလား ဆိုတာကို ကြိုတင်စဉ်းစားနိုင်လာပါတယ်။ ဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ သာမန် Engineer တစ်ယောက်ကနေ Professional Engineer တစ်ယောက်အဖြစ် တစ်ဆင့်တက်လာတာပါပဲ။

အတွေ့အကြုံတိုးလာတာနဲ့အမျှ သိလာရမယ့် အချက်တစ်ခုကတော့ Drawing ဖတ်တတ်တာထက် Drawing ပြင်ဆင်တတ်တာက ပိုပြီး အရေးကြီးလာတာပါ။ Good Engineer တစ်ယောက်ဆိုတာ Drawing ကို နားလည်ဖတ်နိုင်သူဖြစ်ပြီး၊ Great Engineer တစ်ယောက်ဆိုတာတော့ Shop Drawing ကို ကိုယ်တိုင် ပြင်ဆင်နိုင်ပြီး Site အတွက် တကယ်အသုံးဝင်အောင် ပြုလုပ်နိုင်သူဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ELV Project တစ်ခုမှာ Design ကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တကယ်အရေးကြီးတာက Execution ဖြစ်ပြီး၊ အဲဒီ Execution ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တာက Shop Drawing ဖြစ်ပါတယ်။ Shop Drawing ကို နားလည်ပြီး ကျွမ်းကျင်လာတာက Engineer တစ်ယောက်ရဲ့ Career ကို တကယ်တမ်း ပြောင်းလဲပေးနိုင်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။

#ShopDrawing #ELVEngineering #ELVEngineer #EngineeringMyanmar

#ConstructionMyanmar #SiteEngineering #MEPEngineering #ElectricalEngineering

Leave a Reply

Your email address will not be published. Required fields are marked *