တရားရုံးများအတွက် ရုပ်သံစနစ် တပ်ဆင်တဲ့အခါမှာ အဓိကကျတဲ့ အချက်က တပ်ဆင်တဲ့ Audio Visual စနစ်များရဲ့ အရည်အသွေး ဖြစ်ပါတယ်။

တရားခွင်မှာ တရားသူကြီးရယ်၊ အမှုစစ်ဆေးမေးမြန်းတဲ့ ရှေ့နေနဲ့ တရားပြိုင်၊ တရားခံများရဲ့ အစစ်ခံချက်တွေကို တရားခွင်အတွင်း လာရောက်နားထောင် လေ့လာသူရယ် မေးမြန်းကြတဲ့ မေးမြန်းချက်တွေကို ကြည်ကြည်လင်လင်ကြားနိုင်ဖို့ရယ်၊ စစ်ချက်၊ ထွက်ချက်တွေကို လိုက်လံရေးမှတ်တဲ့ ဘိလစ်စရေးရဲ့ ကွန်ပျူတာပေါ် စာရိုက်မှတ်တမ်းတင်တဲ့ ကွန်ပျူတာပေါ်က စာသားတွေကို တရားသူကြီး၊ ဘီလစ်နဲ့ သက်ဆိုင်ရာ ရှေ့နေ အစစ်ခံသူ တရားလို၊ တရားခံ၊ တရားပြိုင်တို့ တပြိုင်နက်တည်း ပြန်လည် ဖတ်ရှုနိုင်စေဖို့အတွက် Monitor ဒါမှမဟုတ် Display တစ်ခုနဲ့ ပြန်လည်ဖော်ပြနိုင်ဖို့ အဆက်အစပ် မလွတ်ဖို့ လိုပါတယ်။

လောလောဆယ် တရားရုံးအသစ်တွေ ဆောက်ကြတဲ့ခါ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အလိုက် ခန့်ငြားထည်ဝါတဲ့ အဆောက်အဦး အသစ်တွေ ဆောက်လုပ်ကြပေမဲ့လို့ ရုပ်သံ စနစ် တပ်ဆင်မှုအားဖြင့် ထပ်မံ အဆင့်မြှင့်တင်ဖို့ လိုအပ်နေသေးတာ နေရာ တော်တော်များများမှာ တွေ့ရပါတယ်။

အသံစနစ်အနေနဲ့ စပီကာတွေ တပ်ဆင်ကြပေမဲ့လို့ အများစုက တပ်ဆင်ချိန်တည်းက ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေ ရှိနေတာမို့ တချို့သော တရားခွင်တွေမှာ စပီကာတွေ တပ်ဆင်ထားရှိပေမဲ့ အသုံးမပြုနိုင်သေးတာ တွေ့ရပါတယ်။

ကွန်ပျူတာ မော်နီတာ အနေနဲ့လည်း ဘီလစ်ရဲ့ ကွန်ပျူတာကို ရိုးရိုးသာမာန် HDMI Splitter လောက်နဲ့ ခွဲထားတာ အများစု ဖြစ်တော့ကာ Signal ပျောက်တာနဲ့ မလာတာနဲ့ တရားသူကြီးအပါ ရုံးသားတွေ ချွေးပြန်ကြရတာတွေ တွေ့ရပါတယ်။

သင့်တော်မှန်ကန်တဲ့ ရုပ်သံဖြန့်ချီ မှတ်တမ်းတင်တဲ့ စနစ် တပ်ဆင်ခြင်းအားဖြင့် တရားရုံးများရဲ့ နိစ္စဓူဝ ထမ်းဆောင်ရတဲ့ လုပ်ငန်းဆောင်တာများ ပိုမို စနစ်ကျ၊ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ များစွာ အကျိုး သက်ရောက်မှု ရှိစေမှာလည်း ဖြစ်ပါတယ်။

ဒီလို Audio Visual စနစ်များ တပ်ဆင်ဖို့ ဒီဇိုင်းကစ လိုအပ်လာတိုင်းမှာ Team BOH က တစ်ထောင့် တစ်နေရာကနေ အားဖြည့် ကူညီဖို့ အသင့်ရှိနေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *