Hybrid Classroom အတွက် AV Setup

ချိတ်ဆက်မှု အခက်အခဲကို ဖြေရှင်းခြင်း ကျွန်တော်တို့ရဲ့  Hybrid Classroom အတွက် AV Setup ကို အသုံးပြုပြီး စာသင်ခန်းကို အဆင့်မြှင့်တင်ပါ ဒီနေ့ခေတ်ကာလ ပြောင်းလဲလာတဲ့ စာသင်ကြား သင်ယူမှုပုံစံများအရ Online နဲ့ In-person Class များကို တပြိုင်နက်တည်း သင်ကြား၊ သင်ယူမှု လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျောင်းအတွက်လည်း ရှိပြီးသား သင်ကြားသူ ဝန်ထမ်းအင်အားကို အကျိုးရှိအောင် အသုံးချနိုင်တာမို့ ပိုပြီး အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ အခန်းတွင်းရှိ ကျောင်းသား၊ ကျောင်းသူများရော အွန်လိုင်းပေါ်က တက်ရောက်တဲ့ ကျောင်းသားကျောင်းသူများပါ တက်ရောက်ရာ နေရာ […]

DORI for CCTV Cameras

စီစီတီဗီ​ကင်မရာ စနစ်တစ်ခု တပ်ဆင်ဖို့ ရွေးချယ်တဲ့အခါ များပြားလှတဲ့ အမှတ်တံဆိပ်၊ စံနှုန်းသတ်မှတ်ချက်များကြားမှာ ရွေးချယ်မှု မှန်ကန်စေဖို့ လိုအပ်ပါတယ်။ ဒီလို ရွေးချယ်ဖို့အတွက် စီစီတီဗီကင်မရာ ရွေးချယ်ဖို့ စံနှုန်းအနေနဲ့ ဒီအချက် လေးချက်ကို စဉ်းစားပြီး ရွေးရပါတယ်။ ဒီအဆင့်လေးဆင့်အတွက် တိုင်းတာတဲ့ ယူနစ်အနေနဲ့ PPM (Pixel Per Meter) ကို အသုံးပြုပါတယ်။ ပြင်ပ လက်တွေ့အကွာအဝေး တစ်မီတာရှိတဲ့ ပမာဏကို ကင်မရာမြင်ကွင်းထဲ pixelဘယ်လောက်နဲ့ ပြသလဲ ဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။ PPM မြင့်လာတာနဲ့ […]

Smart Nurse Call System

🏥 အဆင့်မြင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် Smart Nurse Call System 🌟 လူနာစောင့်ရှောက်မှုအတွက် အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ အလိုလျောက် အချက်ပြမှုများ လုပ်ဆောင်ပေးနိုင်ခြင်း၊ အရေးပေါ်အခြေအနေမှာ မိမိ သူနာပြုများ ဘယ်လို အမြန်ဆုံးနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခြင်းအားဖြင့်  သုံးစွဲသူ မိတ်ဆွေများရဲ့ ကျေနပ်မှုကို အပြည့်အဝ ရယူနိုင်ပါပြီ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆေးရုံ အများစုမှာ လက်တွေ့ တပ်ဆင် အသုံးပြုနေကြပြီး ဖြစ်တဲ့ Nursecall စနစ်အကြောင်း […]

AV & ELV Services

👋 အခါများစွာမှာ ကျွန်တော်တို့တတွေဟာ နိစ္စဓူဝ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ အလုပ်လုပ်နေတဲ့ စနစ်များစွာနဲ့ အသားကျလာတဲ့ခါမှာ ဒီလို စနစ်တည်ဆောက်ရာမှာ အဓိက အခန်းကဏ္ဍဖြစ်တဲ့ အရေးပါတဲ့ အဆင့်တွေကို မသိကျိုးကျွံပြုမိလာတတ်ကြပါတယ်။ အိမ်တစ်လုံးရဲ့ လျှပ်စစ်တပ်ဆင်မှုပဲ ဖြစ်စေ၊ ကားတစ်စီးရဲ့ အင်ဂျင်တစ်လုံး ဖြစ်စေ၊ နိစ္စဓူဝ ကျွန်တော်တို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းမျက်နှာပြင်ပေါ်က ဆိုရှယ်မီဒီယာ App တစ်ခုပဲ ဖြစ်စေ၊ အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ပုံစံထုတ်ခဲ့ခြင်း၊ စည်းစနစ်ကျကျ တပ်ဆင်တည်ဆောက်မှု […]

Inverse Square Law

အသံထွက်ပေါ်ရာနေရာကနေ ဝေးလာလေလေ အသံရဲ့ ပြင်းအား ကျလာလေလေဆိုတဲ့ သဘောတရားက အသံစနစ်တစ်ခု ပုံစံထုတ်ရာမှာ အရေးကြီးပါတယ်။ ဥပဒေသအရ အသံရင်းမြစ်နေရာကနေ အကွာအဝေးဆတိုး ဝေးသွားတာနဲ့ အမျှ အသံပြင်းအားကလည်း အချိုးညီမျှစွာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ သင်္ချာပုံသေနည်းအရ ဒီလို ဆိုပါတယ်။ SPL=SPLref−20⋅log10( rref/ r) • SPL က အသံရင်းမြစ်ကနေ r ဆိုတဲ့ အကွာမှာ ရှိနေတဲ့ အသံဖိအားပမာဏ • SPLref […]

Corporate Meeting Room

ဆက်သွယ်ပြောဆိုမှုကို အလေးထား ဦးစားပေး လုပ်ဆောင်ကြရတဲ့ သတင်းအချက်အလက် နည်းပညာ ခေတ်ကြီးမှာ ချောမွေ့ပြေပြစ်တဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးဟာ အထူး အရေးပါတဲ့ စီးပွားရေး အောင်မြင်ရေး အင်္ဂါရပ် တစ်ခု ဖြစ်ပါတယ်။ ကော်ပိုရိတ် ရုံးတွေအတွက်ဆိုရင်တော့ သေချာကျနစွာ ပုံစံထုတ်ထားပြီး စနစ်ကျစွာ တပ်ဆင်ထားတဲ့ ရုပ်သံစနစ် (Audio Visual) စနစ်တစ်ခုဟာ အထူး အရေးကြီးပါတယ်။ လုပ်ငန်းအတွက် အရေးကြီးတဲ့ စည်းဝေးညှိနှိုင်းမှု လုပ်ဆောင်ရာမှာ အားလုံး ပါဝင်နိုင်သော ကြည်လင်ပြတ်သားပြီး […]

Preventive Maintenance Service

လုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်မှု အားတွေ လျော့ကျလာတယ်၊ လုပ်နိုင်စွမ်းတွေ လျော့လာတယ် ဆိုတဲ့ အခြေအနေတွေရဲ့ အဓိက အကြောင်းရင်းများကို လေ့လာကြည့်ရင် ဂရုမစိုက်ဘဲ ပစ်ထားမိတဲ့ ELV စနစ်များကြောင့် ဆက်သွယ်ပြောဆိုနိုင်မှု နှောင့်နှေးကြံ့ကြာခြင်း၊ လုပ်ငန်းအန္တရယ်ကင်းရှင်းမှုနဲ့ လုံခြုံမှု အခြေအနေ လျော့ကျခြင်းနဲ့ လုပ်ငန်းသုံးရင်းမြစ်တွေ အလဟဿဖြစ်ခြင်း စတာတွေ ဖြစ်နေတတ်တာ တွေ့နိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်မှုတွေကို ရှောင်လွှဲနိုင်ဖို့၊ စီးပွားရေး လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် တစ်ခုသော နည်းလမ်းက လုပ်ငန်းထဲ တင်ကြိုကာကွယ်မှု […]

Kinggates Dynamo

Kg 2500 အထိ အများဆုံး အလေးချိန်ရှိ ခြံဝင်းတံခါးအတွက် Access Controlled System တပ်ဆင်ဖို့အတွက် အီတလီနိုင်ငံထုတ် Kinggates ရဲ့ Dynamo Series ကို အကြံပြု မိတ်ဆက်ပါရစေ Slide ပဲ ဖြစ်ဖြစ်၊ Swing ပဲ ဖြစ်ဖြစ်၊ Bi-folding ပဲ ဖြစ်ဖြစ် ဂိတ်တံခါး အမျိုးမျိုးအတွက် မော်တာ တပ်ဆင်လိုတဲ့ခါ Team BOH နဲ့ တိုင်ပင် […]

Legrand 2 Wire Intercom

အခန်းအရေအတွက် အများအပြားအတွက် တပ်ဆင်ရတဲ့ Condominium လိုမျိုး Project မျိုးအတွက် – အချိန်ကုန်သက်သာမယ် – တပ်ဆင်ရလွယ်ကူမယ်။ Villas တွေ၊ အလယ်အလတ်တန်း Apartment တွေနဲ့ ရှုပ်ထွေးတဲ့ renovation works တွေအတွက်. ရှိထားနှင့်ပြီးသား Infra ကို အထိအခိုက်အနည်းဆုံးနဲ့ တပ်ဆင်လို့ရနိုင်တဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။ – အများဆုံး အခန်း ၃၉၀၀ အထိ ချိတ်ဆက်တပ်ဆင်နိုင်မှု – Riser […]