Elevator Access Control

လူကြီးမင်းရဲ့ အဆောက်အဦးမှာ တပ်ဆင်ထားတဲ့ Lift မှာ တက်ရောက်စီးနင်းတဲ့ လူအရေအတွက်နဲ့ သွားရောက်နိုင်တဲ့ အထပ်အရေအတွက်တို့ကို ကန့်သတ်ဖို့ ဒီအချိန် ဒီကာလမှ အင်မတန်မှ အရေးကြီးပါတယ်။ အသစ်တပ်ဆင်တဲ့ Lift တွေမှာ တပ်ဆင်ကတည်းက Access Control System ပါဝင်အောင် တပ်ဆင်လို့ ရပေမဲ့လို့ တပ်ဆင်ပြီးသား Lift တွေမှာ Access Control တပ်မယ်ဆိုရင် အကန့်အသတ်ရှိပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် Lift Access […]

Poly Studio X70

ကြည်တောက်ရှင်း အရုပ်တွေ ဖမ်းယူနိုင်စေဖို့ Dual 4K Lenses ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ AI-driven Camera Array အသုံးပြုထားပါတယ်။ အသံထွက်အတွက် Two-way Stereo Speakers ပါဝင်ပြီး Aluminum Cone Tweeters ပါဝင်ပါတယ်။ Advanced Bass Ports တွေကြောင့် ထူးကဲတဲ့ အသံအရည်အသွေးကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ အခန်းထဲက မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖယ်ရှားဖို့ NoiseBlockAI Noise […]

Mini Off Grid Solar Power Supply

အခု အချိန်ကာလဟာ ကျေးလက်မီးလင်းရေး စီမံကိန်းတွေ အရမ်းလုပ်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုံးသော ကျေးလက်နေ ပြည်သူများ လျှပ်စစ်မီး ရပြီး အလုပ်အကိုင် အခွင့်အလမ်းက အစ၊ ပညာသင်ယူမှု အဆုံး လူမှု စီးပွားဘဝ တိုးတက်စေဖို့အတွက် အခွင့်အလမ်းကောင်းများ ရရှိတော့မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ စီမံကိန်းထဲ ပါဝင်တဲ့ ကျေးလက်တွေ ရှိသလို အစိုးရရဲ့ စီမံကိန်းနဲ့ အလှမ်းဝေးနေသေးတဲ့ နေရာဒေသတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ […]

Park & Outdoor BGM

ကစားကွင်း၊ အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်တဲ့ အခါမှာ ဘယ်လောက်ပဲ လှအောင် ပြင်ဆင်ထား ပြင်ဆင်ထား တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေတယ် ဆိုရင် လာရောက်လည်ပတ်သူများရဲ့ စိတ်ထဲမှာ တစုံ တခု လိုနေသလို ခံစားရနိုင်ပါတယ်။ အဲဒီအတွက် ကစားကွင်း၊ အပန်းဖြေ စခန်းများ တည်ဆောက်ထားတဲ့ ဒီဇိုင်းကိုလိုက်ပြီးတော့ နောက်ခံတေးဂီတတွေ ထုတ်လွှင့်ဖွင့်လှစ်ထားကြပါတယ်။ တေးဂီတသည်ပင်လျှင် လူတို့ရဲ့ စိတ်ကို ပျော်ရွှင်စေတဲ့ အနုပညာတစ်ခု ဖြစ်တာနဲ့ အညီ အပန်းဖြေဖို့ […]

Home Theater ဆင်မယ်ဆိုရင်

ကူးစက်ရောဂါတွေကြောင့် ပြင်ပ ရုပ်ရှင်ရုံတွေ ပိတ်ထားရတာကြောင့် အိမ်မှာပဲ အချိန်အများစု နေထိုင်နေရတဲ့ အချိန်မျိုးမှာ ရုပ်ရှင်ဇာတ်လမ်းလေး မိသားစုနဲ့ အသိမိတ်ဆွေတွေနဲ့ အတူ ကြည့်ရှုဖို့ တည်ဆောက်တဲ့အခါ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဒီ ၁၀ ချက်ကိုတော့ အနည်းဆုံး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ (၁) အခန်းရဲ့ အကျယ်  အခန်းအကျယ်ပေါ်မူတည်ပြီး တပ်ဆင်မဲ့ စနစ် ရွေးချယ်မှု ကွာခြားသွားနိုင်ပါတယ်။ အပြင်ပက အလင်း တိုက်ရိုက် ဝင်ရောက်နိုင်တဲ့ အခန်းမျိုးကို […]

Autogate Solution

ခေတ်မီတိုးတက်တဲ့ လူနေမှု စနစ်ထဲမှာ iOT စနစ်လည်း တစ်ခု အပါအဝင် ဖြစ်လာနေပါပြီ။ နည်းပညာကို အသုံးချပြီး လူ့စွမ်းအားကို အထိရောက်ဆုံး သုံးစွဲနိုင်စေဖို့ အတွက် နည်းမျိုးစုံနဲ့ ကြံဆ အသုံးချနေကြပါပြီ။ နေအိမ်ခြံဝင်းတွေ၊ ရုံးခြံစည်းရိုးတွေနဲ့ စက်ရုံအလုပ်ရုံတွေရဲ့ အဝင်အထွက် တံခါးတွေကို လူအင်အားသုံး အဖွင့်အပိတ် လုပ်တာထက် နည်းပညာသုံး အဖွင့်အပိတ် လုပ်လာကြပါပြီ။ ဒီလို လုပ်ဆောင်ရာမှာ အများအားဖြင့် တပ်ဆင်သူ မိမိ စိတ်ကြိုက် ဒီဇိုင်းကို […]

Office CCTV Solution

ရုံးခန်းများမှာ CCTV Camera တပ်ဆင် အသုံးပြုခြင်းအားဖြင့် လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထောက်အကူ ဖြစ်စေသလို၊ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ တပ်ဆင်ရာမှာ သတိထားရမဲ့ အချက်တွေကတော့ ရုံးခန်းဖြစ်တဲ့အတွက် မိမိ လုပ်ငန်းရဲ့ Data Privacy ကို အထူး သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို အလေးပေးစဉ်းစားတာ ဖြစ်တဲ့အတွက် ကင်မရာတပ်ဆင်တဲ့ နေရာရွေးချယ်ရာမှာ အလေးပေး စဉ်းစားဖို့ လိုအပ်ပါတယ်။ (၁) […]

6 Tips for Buying A CCTV

၁/ ကင်မရာဝယ်တဲ့ခါ စျေးတစ်ခုတည်းနဲ့ ဆုံးဖြတ်ခြင်း ကင်မရာ ဝယ်ယူစဉ်မှာ စျေးတစ်ခုတည်းနဲ့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်စေဖို့ အင်မတန် အားနည်းစေပါတယ်။ ကင်မရာ တစ်ခုနဲ့ တစ်ခု စျေးကွာဟနေခြင်းဟာ ဘာအတွက် ကွာဟတာလည်းဆိုတဲ့ အချက်ကို လေ့လာသင့်ပါတယ်။ မိမိအတွက် အရေးကြီးတဲ့ ကင်မရာရဲ့ လုပ်ဆောင်ချက် တစ်ခုက စျေးကွာဟမှုရဲ့ အဓိက အကြောင်းရင်း ဖြစ်နေခဲ့မယ်ဆိုရင် ဝယ်မှားကြီး ဖြစ်သွားနိုင်ပါတယ်။ ရောင်းချတဲ့ တပ်ဆင်တဲ့ ဝန်ဆောင်မှု […]