🎙️ Beamforming Microphone ဆိုတာဘာလဲ
Meeting Room တွေမှာ ဘာလို့ Beamforming Mic ကို သုံးသင့်သလဲ။

Modern Meeting Room တွေမှာ လူ ၆ ယောက်၊ ၈ ယောက်၊ ၁၂ ယောက် ထိုင်ပြီး Hybrid Meeting လုပ်ကြပါတယ်။ ဒါပေမယ့် မိုက်ကို Table အလယ်တစ်လုံးတည်း ထားလိုက်ရင် တစ်ခန်းလုံးက အသံကို “အလိုလို” ဖမ်းမိနိုင်မယ်လို့ ထင်မိကြတာ အလွဲတစ်ခုပါ။


🔎 Beamforming Microphone ဆိုတာ

တစ်လုံးတည်းသော Microphone ဟုတ်မနေပါဘူး။

အတွင်းမှာ တစ်ခုထက် ပိုတဲ့ Microphone Elements တွေပါဝင်ပြီး
Digital Signal Processing (DSP) နဲ့ အသံရင်းမြစ်ကို
“မျက်နှာမူ ဦးတည်ရွေးချယ်” နိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

စကားပြောတဲ့ သူဖက်ကို အလိုလျောက် ဦးတည်ပြီး ဦးစားပေး အသံဖမ်းပေးတဲ့ စနစ် ဖြစ်ပါတယ်။  Automatically Focus လုပ်ပေးနိုင်ပါတယ်။


🎯 Beamforming Mic ရဲ့ အားသာချက်တွေကတော့

✔ စကားပြောသူ ရှိရာဘက်ကို Directional Focus လုပ်ပေးနိုင်ခြင်း
✔ Background Noise လျော့နည်းစွာ အသံဖမ်းပေးနိုင်ခြင်း
✔ Echo လျော့နည်းအောင် ဖမ်းယူပေးနိုင်ခြင်း
✔ Remote Participant အတွက် အသံပိုရှင်းအောင် process လုပ်ပေးနိုင်ခြင်း
✔ Table ပေါ်မှာ Mic တပ်စရာ မလိုဘဲ မျက်နှာကြက်ပေါ်မှာ Ceiling Mount လုပ်နိုင်ခြင်း စတာတွေကြောင့်

Hybrid Meeting အတွက် အထူးသင့်တော်ပါတယ်။


❌ Meeting Room တချို့မှာ အသံမကောင်းဖြစ်တတ်ကြခြင်းရဲ့ အချို့သော အကြောင်းရင်းများက

  • Cheap boundary mic သုံးထားခြင်း
  • Proper DSP Tuning မရှိခြင်း
  • Echo cancellation မမှန်ခြင်း
  • Ceiling height ကို မစဉ်းစားခြင်း စတာတွေ ဖြစ်လေ့ရှိပါတယ်။ 

နည်းပညာကောင်း ရှိတယ်ဆိုရုံနဲ့ Performance ကောင်းရမယ်လို့ ကျိန်းသေ သတ်မှတ်လို့ မရပါဘူး။

Design + Tuning + Integration သုံးဦး သုံးဖလှယ် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။


🧠 Beamforming Microphone တစ်ခုကို ရွေးချယ်တဲ့အခါ

• အစည်းအဝေးခန်းမရဲ့ အရွယ်အစား
• မျက်နှာကြက် အမြင့်
• အသံဟိန်းတဲ့ Reverberation Time ပမာဏ
• အစည်းအဝေးတွက် သုံးတဲ့ VC Platform (Zoom / Teams)
• တပ်ဆင်မဲ့ Speaker Layout
• သုံးစွဲမဲ့DSP Capability စတာတွေ ထည့်သွင်း သုံးသပ်သင့်ပါတယ်။

ဒီအတွက် အစည်းအဝေးခန်းအတွက် မိုက်တစ်လုံးတပ်ရုံနဲ့ မပြီးပါဘူး။ System Design စဉ်းစားချက်များအနေနဲ့ ထည့်သွင်း စဉ်းစားရပါမယ်။


🎯 Team BOH က
Meeting Room Sound System ကို
Equipment Installation တစ်ခု သပ်သပ်လို့ ရှုမြင်မှု မလုပ်ပါဘူး။

Communication Quality ကို ဦးစားပေးပြီး Design လုပ်ပါတယ်။

Hybrid Meeting, Boardroom, Corporate AV Solutions အတွက်
Professional Design လိုအပ်တဲ့ အချိန်တိုင်းမှာ 
Team BOH ကို ဆက်သွယ် အကူအညီ ရယူနိုင်ပါတယ်။


🔵 Team BOH
AV & ELV System Integrator
Engineering. Structured. Professional.

#TeamBOH #BeamformingMic #MeetingRoomAV #HybridMeeting #ProfessionalSound #ELVExpert

Leave a Reply

Your email address will not be published. Required fields are marked *