Hybrid Classroom အတွက် AV Setup

ချိတ်ဆက်မှု အခက်အခဲကို ဖြေရှင်းခြင်း ကျွန်တော်တို့ရဲ့  Hybrid Classroom အတွက် AV Setup ကို အသုံးပြုပြီး စာသင်ခန်းကို အဆင့်မြှင့်တင်ပါ ဒီနေ့ခေတ်ကာလ ပြောင်းလဲလာတဲ့ စာသင်ကြား သင်ယူမှုပုံစံများအရ Online နဲ့ In-person Class များကို တပြိုင်နက်တည်း သင်ကြား၊ သင်ယူမှု လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျောင်းအတွက်လည်း ရှိပြီးသား သင်ကြားသူ ဝန်ထမ်းအင်အားကို အကျိုးရှိအောင် အသုံးချနိုင်တာမို့ ပိုပြီး အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ အခန်းတွင်းရှိ ကျောင်းသား၊ ကျောင်းသူများရော အွန်လိုင်းပေါ်က တက်ရောက်တဲ့ ကျောင်းသားကျောင်းသူများပါ တက်ရောက်ရာ နေရာ […]

Consumer TVs နှင့် Commercial Video Wall Displays 

ရုပ်မြင်သံကြား ပြသမှုများနှင့်ပတ်သက်၍ လူကြိုက်များတဲ့ ရွေးချယ်စရာနှစ်ခုမှာ အိမ်သုံးတီဗီတွေနဲ့ CommercialVideowall Display တို့ဖြစ်ကြပါတယ်။ နှစ်မျိုးစလုံးဟာ အရောင်တောက်ပတဲ့ စွဲမက်ဖွယ်ကောင်းသော ရုပ်ပုံများကို ထုတ်ပေးခြင်းဆိုတဲ့ ပင်မ ရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်ကြပေမဲ့လို့ မတူ ကွဲပြားတဲ့ ပတ်ဝန်းကျင်နဲ့  အသုံးချမှုများအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားကြတာ ဖြစ်ပါတယ်။ ဒီနည်းပညာများကြား အဓိကကွာခြားချက်များကို နားလည်ခြင်းဖြင့် သုံးစွဲသူများသည် ၎င်းတို့၏ သီးခြားလိုအပ်ချက်များနဲ့ လိုအပ်ချက်များအပေါ် အခြေခံပြီးတော့ အကျိုးရှိ ထိရောက်တဲ့ ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီပေးနိုင်ပါတယ်။ အသုံးပြုမှုရည်ရွယ်ချက်နှင့် အသုံးချမှု ပုံစံ လူသုံးတီဗီများသည် ဧည့်ခန်း၊ အိပ်ခန်းများ […]

The Cafe – AV System

Yoma Strategic Holdings ရဲ့ Subsidiary ဖြစ်တဲ့ Pun Hlaing Estate Management စီမံခန့်ခွဲတဲ့ The Campus ရဲ့ Cafe အတွက် Audio & Visual System ကို Team BOH က ပုံစံထုတ်၊ ပစ္စည်းပံ့ပိုး၊ တပ်ဆင်တဲ့ ဝန်ဆောင်မှုကို ဂုဏ်ယူစွာပံ့ပိုးခွင့်ရတဲ့အတွက်ဝမ်းမြောက်ရပါတယ် Cafe ရဲ့ လုပ်ငန်းများ ဆထက်တန်ပိုး အောင်မြင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ် […]

Designing Ballroom Sound System

Ballroom သို့မဟုတ် Convention Hall တစ်ခုကို အောင်မြင်သော အခမ်းအနားကျင်းပရာ နေရာတစ်ခုအဖြစ် တည်ဆောက်ရာမှာ အခန်းတွင်းရှိ အသံစနစ်တစ်ခုကို စနစ်တကျ ပုံစံထုတ်ခြင်းသည် အလွန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်စွာ ဒီဇိုင်းထုတ်ထားတဲ့ အသံစနစ်သည် ခန်းမတစ်လျှောက်လုံး ပြတ်သားပြီး ဟန်ချက်ညီသော အသံကို ရရှိစေမှာ ဖြစ်ပြီးတော့ ထိရောက်သော ဆက်သွယ်မှု၊ တင်ဆက်မှုများနှင့် ဖျော်ဖြေမှုများကို ရရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ Ballroom ဒါမှမဟုတ် Convention Hall အတွက် အသံစနစ် ဒီဇိုင်းထုတ်ခြင်းလုပ်ငန်းစဉ် အတွက် အရေးကြီးတဲ့ အချက် […]

Sound Pressure Level(dB SPL) ဆိုတာ

ဒက်ဆီဘယ် (decibel) ဆိုတာ ကိန်းရှင် နှစ်ခုရဲ့ အချိုးကို လောဂရမ်သမ်စကေးနဲ့ ဖော်ပြတဲ့ အညွှန်းကိန်း တစ်ခု ဖြစ်ပြီး သူ့မှာ ယူနစ် မရှိပါဘူး။ လူသားရဲ့ အကြားအာရုံနဲ့ ပတ်သတ်ပြီး ပမာဏကို ညွှန်းဆိုပြသရာမှာ အဖြောင့်တိုင်း ပမာဏထက် လော့ဂရမ်သမ်စကေးနဲ့ ပြသတာက ပိုပြီးတော့ သင့်တော် ဆီလျော်ပါတယ်။ အဖြောင့်တိုင်း စကေးနဲ့သာ ဖော်ပြမယ်ဆိုရင် လူသားရဲ့ အကြားအာရုံက ခံစားနိုင်တဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး အသံပမာဏကို […]

Tensioned Projector Screen

ခန်းမကျယ်ကြီးများမှာ တပ်ဆင်လေ့ ရှိတဲ့ Projector Screen တွေကို မိတ်ဆွေများ တွေ့ဖူးကြမှာပါ။ ပုံမှန် Projector Screen နဲ့ ဘာတွေ ကွာခြားပါသလဲ။ အဓိကကွာဟချက်ကတော့ တည်ဆောက်ပုံနဲ့ တပ်ဆင်ပုံဖြစ်ပါတယ်။ သာမာန်အားဖြင့် Projector Screen တစ်ခုကို Fiber Glass (သို့မဟုတ်) Vinyl စ လိုမျိုး Material တစ်မျိုးမျိုးနဲ့ ပြုလုပ်ထားရှိပြီး တပ်ဆင်ပုံအားဖြင့် အသုံးမပြုချိန်မှာ ခေါက်လိပ်ပြီး သိမ်းထားတဲ့ ပုံစံနဲ့ သိမ်းဆည်းကြတာ များပါတယ်။ လိပ်ထားတဲ့ Projector Screen ကို လေထဲ တွဲလောင်း ချထားတဲ့ခါ အချိန်ကြာလာတာနဲ့ အမျှ တွန့်တာ ကြေတာ၊ မညီညာတာတွေ […]

Projector Lift တပ်မယ်ဆို…

Projector Lift ဆိုတာ Projector ကို မျက်နှာကြက် ဒါမှမဟုတ် ကြမ်းပြင် ဒါမှမဟုတ် နံရံတွင်း တစ်နည်းနည်းနဲ့ မြှုပ်၍ တပ်ဆင်ပြီး လိုအပ်တဲ့ခါကျမှ ထုတ်၍ အသုံးပြုတဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။ Projector ကို အသုံးမပြုချိန်မှာ အခန်းရဲ့ အခြား အလှဆင်ထားတဲ့ ဒီဇိုင်းအတွင်း Projector ကို ပေါ်ထွက် မနေစေဘဲ လိုအပ်ချိန်မှ ထုတ်၍ အသုံးပြုတာမို့ အခန်းရဲ့ အလှကို အစွမ်းကုန် သပ်ရပ် ရှင်းလင်းစေမှာ ဖြစ်ပါတယ်။ Projector Lift အသုံးပြုခြင်း၏ အကျိုးကျေးဇူးတချို့ကတော့ … […]

ဓမ္မာရုံအတွက် အသံစနစ်

ဘာသာရေး အခမ်းအနားအတွက် အသုံးပြုတဲ့ အဆောက်အဦးတွေအတွက် အသံစနစ် တပ်ဆင်တဲ့ခါ ထည့်စဉ်းစားရမဲ့ အချက်များစွာရှိနေပါတယ်။ ဘာသာများထဲက ခရစ်ယာန် ဘာသာဝင်များကတော့ ဂီတနဲ့ နီးစပ်သူများ ဖြစ်ကြတာမို့ အသံစနစ် တည်ဆောက် တပ်ဆင်ရာမှာ လိုအပ်ချက်တွေကို အသင့်တော်ဆုံး တွက်ချက် ပုံစံပြုနိုင်ကြပေမဲ့လို့ မြန်မာပြည်က အခြားသော ဘာသာဝင်များက ခရစ်ယာန် တရားဟော ခန်းမများနဲ့ စာရင် အသံစနစ် တပ်ဆင်ရာမှာ ကျွမ်းကျင်သူများရဲ့ အကြံပြုချက်နဲ့ တပ်ဆင်ကြတာ အားနည်းတာ တွေ့ရတတ်ပါတယ်။ […]

IPTV vs MATV

IPTV (Internet Protocol Television) စနစ်နဲ့ MATV (Master Antenna Television) စနစ်တို့ဟာ အဆောက်အဦးအတွင်းနဲ့ ရပ်ရွာအတွင်း တယ်လီဗေးရှင်းချန်နယ်များကို ဖြန့်ဖြူးတဲ့ မတူတဲ့ စနစ် နှစ်ခု ဖြစ်ကြပါတယ်။ စနစ် တစ်ခုစီမှာ အားသာချက်တွေ ကိုယ်စီ ရှိကြပေမဲ့လို့ IPTV ကတော့ MATV ထက် သိသိသာသာ အားသာချက်တွေ ပိုများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာ MATV ထက် IPTV စနစ်က ပိုသာတဲ့ အားသာချက်များကို လေ့လာကြည့်ကြပါမယ်။  ၁) ဖမ်းယူရရှိနိုင်တဲ့ လိုင်းအရေအတွက် ပိုများခြင်း IPTV က MATV စနစ်ထက် လိုင်း အရေအတွက် […]