လူကြီးမင်းရဲ့ အဆောက်အဦးမှာ တပ်ဆင်ထားတဲ့ Lift မှာ တက်ရောက်စီးနင်းတဲ့ လူအရေအတွက်နဲ့ သွားရောက်နိုင်တဲ့ အထပ်အရေအတွက်တို့ကို ကန့်သတ်ဖို့ ဒီအချိန် ဒီကာလမှ အင်မတန်မှ အရေးကြီးပါတယ်။ အသစ်တပ်ဆင်တဲ့ Lift တွေမှာ တပ်ဆင်ကတည်းက Access Control System ပါဝင်အောင် တပ်ဆင်လို့ ရပေမဲ့လို့ တပ်ဆင်ပြီးသား Lift တွေမှာ Access Control တပ်မယ်ဆိုရင် အကန့်အသတ်ရှိပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် Lift Access Control စနစ်ကို အလွယ်တကူ လုပ်ပေးနိုင်အောင် ကျွန်တော်တို့ BOH က ဒီလိုလေး လုပ်ဆောင်ပေးပါတယ်။

တပ်ဆင်ပြီးသား Lift ပဲဖြစ်ဖြစ်၊ ခုမှ တပ်ဆင်မဲ့ Lift ပဲ ဖြစ်ဖြစ် Lift ရဲ့ Management Control PCB ကို သွားရောက် ထိတွေ့ခြင်း မရှိပါဘူး။ အဲဒီအစား Lift Button Control ဖြစ်တဲ့ ကြိုးတွေနေရာမှာ Card နဲ့ Control လုပ်လို့ရအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်လိုက်ခြင်း အားဖြင့် ကဒ်ပြားနဲ့ ပြတဲ့အခါ အဲဒီ ကဒ်ပြားက သွားခွင့်ပြုအောင် ရေးထားတဲ့ အထပ်ကိုပဲ သွားလို့ရတာ ဖြစ်တဲ့အတွက် လုံခြုံရေးအားဖြင့် ပိုကောင်းစေပါတယ်။ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက်လည်း လူတိုင်းထိလို့ ရနေတဲ့ Lift ခလုတ်တွေအစား ကဒ်ပြားလေးပြရုံနဲ့ သွားလိုတဲ့ အထပ်ကို သွားလို့ရတာ ဖြစ်တဲ့အတွက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

 

အနည်းဆုံး ၄ ထပ်ရှိတဲ့ အဆောက်အဦးကနေ အထပ် ၂၀ကျော် ရှိတဲ့ အဆောက်အဦး အထိ Control လုပ်နိုင်ပြီးတော့ In-lift Management လုပ်နိုင်သလို LAN Network ပေါ်ကနေလည်း manage လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလို Lift Access Control စနစ်တွေကို Sanchaung Garden လို အထင်ကရ Project ကြီးတွေမှာ BOH က တပ်ဆင်ပေးခဲ့ပြီး အဆင့်မြင့်စွာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ စုစုပေါင်း Lift 8 စီးစာအတွက် တစ်နေရာတည်းကနေ Control လုပ်နိုင်အောင်လည်း တပ်ဆင်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *