Wifi & Data Network

ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှု ပေးရာဌာနမှာ သတင်းအချက်အလက် မြန်ဆန် ချောမွေ့စွာ စီးဆင်းနိုင်စေဖို့ စနစ်ကျပြီး ကောင်းမွန်တဲ့ Wifi နဲ့ Data Network တပ်ဆင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

CCTV Network

ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုပေးအပ်ရာဌာနမှာ လုံခြုံရေး ကင်မရာ တပ်ဆင်ထားခြင်းအားဖြင့် ဝန်ဆောင်မှု အရည်အသွေး တိုးမြှင့်နိုင်စေဖို့ အထောက်အကူ ပြုစေသကဲ့သို့ မလိုလားအပ်သော အငြင်းပွားစရာ ကိစ္စများကိုလည်း မှတ်တမ်းတင်ရုပ်သံ၏ အကူအညီနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်သလို လာရောက် ဝန်ဆောင်မှု ယူသူ လူနာနှင့် မိသားစုတို့အတွက် စိတ်ချလက်ချ နေထိုင်နိုင်သော ဝန်းကျင်တစ်ခုအဖြစ် လုံခြုံ စိတ်ချရစေမှာလည်း ဖြစ်ပါတယ်။

MATV System

ဆေးရုံ၊ ဆေးခန်းများဟာ နာမကျန်းသူများအတွက် အနားယူ ကုသမှု ခံယူရာ နေရာဖြစ်တာနဲ့ အညီ ဆေးကုသမှု ခံယူနေစဉ်မှာ မိမိ အိမ်နဲ့ မခြား၊ ဟိုတယ် တစ်ခုနဲ့ မခြား ဝန်ဆောင်မှု အပြည့် ပေးနိုင်ဖို့ ကြိုးစားကြရတာလည်း ဖြစ်ပါတယ်။ ဒီအခါမှာ လူနာနဲ့ မိသားစုတို့ မိမိ အိမ်မှာ နေထိုင်နေတာနဲ့ မခြား မိမိတို့ ကြိုက်နှစ်သက်ရာ တီဗီဇာတ်လမ်းတွဲများကို အကြားအလပ်မရှိ စောင့်ကြည့် အပန်းဖြေ အနားယူနိုင်စေဖို့ ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံတဲ့ MATV စနစ် တပ်ဆင်ပေးထားဖို့ အရေးကြီးပါတယ်။

Telephone System

အခန်းတွင်းကနေ ဧည့်ကြိုကောင်တာ၊ ဆေးပေးခန်း၊ စားသောက်ဆိုင် အစရှိသည်များနဲ့ အခြား ပြင်ပသို့ဆက်သွယ်နိုင်စေရေးအတွက် အရည်အသွေး ကောင်းမွန် မြင့်မားတဲ့ တယ်လီဖုန်းစနစ် တပ်ဆင်ဖို့ လိုအပ်ပါတယ်။

Nursecall System

အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးရာမှာ အရေးပေါ် အခြေအနေမှာ လူနာထံမှ သတင်းပေးပို့တဲ့ အချက်အလက်ဟာ သူနာပြုထံပါးသို့ စက္ကန့်မလပ် အမြန်ဆုံး ရောက်ရှိနိုင်စေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စနစ်ကျသော Nursecall System တပ်ဆင်ခြင်းအားဖြင့် မိမိတို့ ဆေးရုံရဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို လာရောက်ကုသမှု ခံယူသူ ဧည့်သည်များအနေနဲ့ ကျေနပ်အားရမှု ပိုမိုစေမှာလည်း ဖြစ်ပါတယ်။

Audio System

ပြင်ပလူနာဌာန၊ အထပ်များ ကော်ရီဒါများနဲ့ ဆေးပေးခန်း စတဲ့ နေရာများမှာ တိုးတိုးညင်သာ ဖွင့်လှစ်ထားတဲ့ နောက်ခံ တီးလုံးစနစ်၊ ဆရာဝန်များ လူနာကြည့် Round တဲ့ခါ ကြေငြာဖို့ Public Announcement စတာတွေအတွက် လိုအပ်ချက်နဲ့ တိကျကိုက်ညီတဲ့ Audio System တပ်ဆင်ဖို့ လိုပါတယ်။

Signage System

ဆေးရုံသုံး သတင်းအချက်အလက် ဖြန့်ဝေတဲ့ စနစ် တည်ရှိခြင်းအားဖြင့်လည်း စီမံအုပ်ချုပ်မှု လုပ်ဆောင်ရာမှာ သာမာန်ထက်ပို၍ တိုးတက်ကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းကို ရရှိစေမှာ ဖြစ်ပါတယ်။ OPD ဌာန၊ သက်ဆိုင်ရာ ဆရာဝန်ခန်းများနဲ့ အခြား လိုအပ်တဲ့ နေရာမှာ ကိုက်ညီတဲ့ Signage System တပ်ဆင်ခြင်းအားဖြင့် လူကြီးမင်းရဲ့ ဆေးရုံရဲ့ အဆင့်အတန်းကို အမြင့်ဆုံး ဖြစ်ကြောင်း ပြသနိုင်မှာလည်း ဖြစ်ပါတယ်။

Team BOH က ဘယ်လို ကူနိုင်မလဲ

ဆေးရုံတစ်ခုရဲ့ လိုအပ်တဲ့ ELV စနစ် တစ်ခုလုံးအတွက် System Design၊ Material Supply၊​ Installation & Project Management နဲ့ Maintenance ပါဝင်တဲ့ Turnkey Package တစ်ခုလုံးကို မိတ်ဆွေများအတွက် Team BOH က တာဝန်ယူ ဆောင်ရွက်ပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *