အသံထွက်ပေါ်ရာနေရာကနေ ဝေးလာလေလေ အသံရဲ့ ပြင်းအား ကျလာလေလေဆိုတဲ့ သဘောတရားက အသံစနစ်တစ်ခု ပုံစံထုတ်ရာမှာ အရေးကြီးပါတယ်။ ဥပဒေသအရ အသံရင်းမြစ်နေရာကနေ အကွာအဝေးဆတိုး ဝေးသွားတာနဲ့ အမျှ အသံပြင်းအားကလည်း အချိုးညီမျှစွာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

သင်္ချာပုံသေနည်းအရ ဒီလို ဆိုပါတယ်။

SPL=SPLref−20⋅log10( rref/ r)

SPL က အသံရင်းမြစ်ကနေ r ဆိုတဲ့ အကွာမှာ ရှိနေတဲ့ အသံဖိအားပမာဏ

• SPLref က အသံရင်းမြစ်ကနေ စံသတ်မှတ်ထားတဲ့ နေရာမှာ ရှိတဲ့ {ပုံမှန်အားဖြင့် ၁ မီတာ အကွာမှာ ရှိတဲ့} အသံဖိအားပမာဏ

• r ဆိုတာက SPL တွက်ထုတ်လိုတဲ့ အကွာအဝေး

ဒီ ဖော်မျူလာအရ အသံရင်းမြစ်ကနေ အကွာအဝေး နှစ်ဆတိုးသွားတိုင်းမှာ အသံဖိအား ပမာဏ 6dB စီ လျော့သွားတယ်လို့ ဆိုပါတယ်။ အကွာအဝေးသာ သုံးဆတိုးသွားခဲ့မယ်ဆိုရင်တော့ အသံဖိအား ပမာဏ 9dB လျော့ကျသွားမယ်လို့ ဆိုပါတယ်။

ဒီ အဖြစ်သနစ်က အသံဟာ ရင်းမြစ်တစ်နေရာကနေ စက်လုံးပုံစံ ဖြန့်ခွဲထွက်သွားတဲ့အခါတိုင်းမှာ ဖြစ်ပါတယ်။ အကွာအဝေး ဝေးလာလေလေ ဖြန့်ကျက်ရာ စက်လုံးရဲ့ ဧရိယာကျယ်လာလေလေမို့ ဖြန့်ဝေတဲ့ ဧရိယာ တစ်ယူနစ်မှာ ကျရောက်တဲ့ အသံစွမ်းအင်ပမာဏ လျော့ကျလာရခြင်းလည်း ဖြစ်ပါတယ်။

အသံပိုင်းအင်ဂျင်နီယာလုပ်ငန်းများ၊ ဆူညံသံထိန်းချုပ်ရေးလုပ်ငန်းများနဲ့ သဘာဝဝန်းကျင် အသံစောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ဒီ Inverse Square Law က အရေးကြီးပါတယ်။ အကျိုးသက်ရောက်မှု ကောင်းမွန်မြင့်မားတဲ့ အသံထုတ်လုပ်မှု စနစ်တစ်ခု တည်ဆောက်ခြင်း၊ မတူတဲ့ ဝန်းကျင်များအတွက် ဆူညံသံပမာဏ လေ့လာဆန်းစစ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းလျော့ပါးစေရေး လုပ်ငန်းများမှာ ဒီ အသံဘယ်လိုပုံစံနဲ့ ဖြန့်ခွဲထွက်တယ်ဆိုတာ နားလည်ခြင်းက အထူး အရေးပါလှပါတယ်။

—————————-

Inverse Square Law

—————————-

Leave a Reply

Your email address will not be published. Required fields are marked *