Laptop Computer ကနေ TV ပေါ်ကို Powerpoint တင်ဖို့ တစ်ချောင်းတည်း ရှိတဲ့ HDMI ကို ဟိုကွန်ပျူတာ တပ်လိုက် ဒီကွန်ပျူတာ တပ်လိုက်နဲ့ နောက်ဆုံး အမြတ်ထွက်တာ HDMI Port နဲ့ ကြိုးနဲ့ နှစ်ခုထဲက တစ်ခု အနည်းဆုံး ပျက်တာပဲ အဖတ်တင်တယ်….. ဆိုသူ မိတ်ဆွေများအတွက် ….. 

4K Resolution ကို 60fps အထိ ပြသလို့ရမယ်

Security မြင့်တဲ့ Stream လုပ်နိုင်မယ် 

Video Conferencing အတွက် ပိုသင့်တော်တယ် 

Device Management လုပ်ရတာ Cloud based ဆိုတော့ ပို အဆင်ပြေတယ် 

ဒါလေးတွေအတွက် Kramer ရဲ့ Via Connect လေး ရှိနေပြီ ဆိုတဲ့ အကြောင်း…. ဝေမျှချင်ပါတယ် 

Cable Connection အနေနဲ့ အောက်ပါ ပုံလေးမှာ ဖော်ပြထားသလို ချိတ်ဆက်နိုင်ပါတယ်။ လက်ဝဲဖက်က Connection က Device ပေါ်မှာ Mouse နဲ့ Keyboard တပ်ဆင်ပုံ ဖြစ်ပြီး လက်ယာဖက်က ပုံက Display ကို ချိတ်ဆက်တဲ့ ပုံပဲ ဖြစ်ပါတယ်။

ခုခေတ် ကိုဗစ်ကာလအတွင်း တက်ရောက်တဲ့ ကျောင်းသား အရေအတွက်နဲ့ အကန့်အသတ်ရှိတဲ့ ကျောင်းခန်းပဲ ဖြစ်စေ၊ In-class နဲ့ Remote Student ရှိတဲ့ သင်တန်းမျိုးအတွက် အသုံးပြုလို့ သင့်တော်တဲ့ Set Up ဖြစ်ပါတယ်။၊ Wired HDMI နဲ့ Streaming နှစ်မျိုးလုံး တွဲပြီး အသုံးပြုထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

Huddle Room လိုမျိုး Setup နဲ့ Video Conferencing အသုံးပြုမှုမျိုးအတွက် ချိတ်ဆက်ပုံ ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *