လုံခြုံရေးကို အဓိက ဦးစားပေးရတဲ့ ခေတ်ကာလမှာ မိမိ အိမ်ကို လာလည်သူ ဧည့်သည် ဘယ်သူဆိုတာ တံခါး မဖွင့်ခင် သိနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် တိုက်ခန်းလို နေရာမျိုးမှာ ပင်မ တံခါးမှာ မှန်ဘီလူးတပ် ချောင်းကြည့်ပေါက်လေး တပ်ဆင်ခြင်းနဲ့ ဖြေရှင်းကြပါတယ်။ ပင်မတံခါးနဲ့ ဝေးတဲ့ ခြံဝင်းလိုမျိုး နေရာမျိုးမှာ ရုပ်သံပါ မြင်ရတဲ့ ဗီဒီယို အင်တာကွန်း စနစ်ကို တပ်ဆင်လေ့ရှိကြပါတယ်။ အဲဒီထဲက နည်းပညာလည်း မြင့် တန်ဖိုးလည်း သင့်တဲ့ ဗီဒီယို အင်တာကွန်း သေးသေးလေး တစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ သူ့ မော်ဒယ်က V-30 လို့ ခေါ်ပြီး 1080P နဲ့ ရိုက်ကူးယူနိုင်ပါတယ်။ အားသာချက် တစ်ခုကတော့ Wifi based wireless network သုံး ပစ္စည်းဖြစ်တာကြောင့် ကြိုးအရှည်ဆွဲဖို့ ခက်တဲ့ နေရာတွေမှာ တပ်ဆင်နိုင်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *