ရုံးခန်းများမှာ CCTV Camera တပ်ဆင် အသုံးပြုခြင်းအားဖြင့် လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထောက်အကူ ဖြစ်စေသလို၊ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ တပ်ဆင်ရာမှာ သတိထားရမဲ့ အချက်တွေကတော့ ရုံးခန်းဖြစ်တဲ့အတွက် မိမိ လုပ်ငန်းရဲ့ Data Privacy ကို အထူး သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို အလေးပေးစဉ်းစားတာ ဖြစ်တဲ့အတွက် ကင်မရာတပ်ဆင်တဲ့ နေရာရွေးချယ်ရာမှာ အလေးပေး စဉ်းစားဖို့ လိုအပ်ပါတယ်။

(၁) ကင်မရာ ဘယ်နှစ်လုံး တပ်ဆင်မှာလည်း 

တပ်ဆင်ဖို့ လိုအပ်တဲ့ Camera အရေအတွက်အလိုက် 4 Channels, 8 Channels, 16 Channels, 32 Channels, 64 Channels, 128 Channels နဲ့ 256 Channels အထိ တပ်ဆင်နိုင်တဲ့ Network Video Recorder လို့ခေါ်တဲ့ NVR တွေ ရနိုင်ပါတယ်။ မိမိ ရုံးခန်း အနေအထားနဲ့ ကင်မရာ အရေအတွက် ဘယ်လောက်ထိ တပ်ဆင်သင့်တယ် ဆိုတာကို တပ်ဆင်မဲ့ နေရာအနေအထားအလိုက် ရွေးချယ်နိုင်ပါတယ်။ အများအားဖြင့် တပ်ဆင်ကြတဲ့ နေရာများကတော့ ရုံးခန်း ပင်မ အဝင်အထွက် ဝင်ပေါက်၊ လျှောက်လမ်း၊ ရုံးခန်း တစ်ခုလုံးကို လွှမ်းခြုံ မြင်နိုင်တဲ့ နေရာ။ ငွေကြေးစာရင်းကိုင်များ နေထိုင်ရာ အခန်း၊ အစည်းအဝေးခန်း အဝင်အထွက် နေရာ၊ မျက်ကွယ်နေရာ မရှိစေရေး မိမိ ရုံးခန်း အနေအထားအလိုက် အရေးကြီးတဲ့ နေရာ အစရှိသည်တို့ကို ဦးစားပေးတပ်ဆင်ကြတာ ဖြစ်ပါတယ်။ တပ်ဆင်မဲ့ ကင်မရာ အရေအတွက် အလိုက် တပ်ဆင်မှု လုပ်ငန်း ကျယ်ပြန့်တာ ဖြစ်တဲ့ အတွက် ကြိုတင် စီစဉ် တွက်ချက် ပြင်ဆင်သင့်ပါတယ်။ 

(၂) ကြိုးနဲ့ (ဒါမှမဟုတ်) ကြိုးမဲ့ ဘယ်ကင်မရာ အမျိုးအစား တပ်မှာလည်း

မြင့်မားလာတဲ့ နည်းပညာများအလိုက် ကင်မရာ အမျိုးအစား ရွေးချယ်စရာတွေ ပိုမို ပေါများလာပါတယ်။ ကြိုးဖြင့် တပ်ဆင်လို့ရတဲ့ ကင်မရာတွေ ရွေးချယ်စရာ ပိုလာသလို ကြိုးမဲ့ ကင်မရာတွေလည်း အမျိုးအစားတွေ အများ အပြားရှိလာပါတယ်။ သတိထားဖွယ် အချက်အားဖြင့် CCTV Camera တပ်ဆင်ရာ Network Line ကို မိမိရုံးရဲ့ ပင်မ Network Line နဲ့ တစ်ခုတည်း မျှမသုံးမိစေဖို့ အရေးကြီးပါတယ်။ CCTV Camera တစ်လုံးရဲ့ Network Bandwidth Consumption က Kilobyte အနည်းငယ်ကနေပြီး Megabyte အချို့ထိ ရှိတတ်တာကြောင့် ကင်မရာ အများအပြားကို တစ်ကြိမ်တည်းမှာ Live အနေနဲ့ ကြည့်ရှုမိတဲ့အခါ Network Line က အင်တာနက် သုံးမရအောင် နှေးကွေး လေးလံသွားတတ်တာကြောင့် CCTV တပ်ဆင်တဲ့ Network Infrastructure ကို ရုံး network နဲ့ သီးသန့်ခွဲထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ အကယ်၍ လုံးဝ သီးခြား ခွဲထားနိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ဆိုရင် IT သမားရဲ့ အကူအညီနဲ့ Subnet ခွဲပြီး Data Bandwidth Management လုပ်သင့်ပါတယ်။ သို့မှသာလည်း Network Bandwidth Congestion ဖြစ်မှုကို ရှောင်ရှားနိုင်စေမှာ ဖြစ်ပါတယ်။ တပ်ဆင်တဲ့ Network Switch တွေရဲ့ Data Bandwidth Allowance ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ ယခင် နှစ်များက တပ်ဆင်ကြတဲ့ Network Switch တွေက 10/100 Mbps များ အများစု ဖြစ်ကြတဲ့ အတွက် ကင်မရာ တပ်ဆင်တဲ့ခါ သတိထား စဉ်းစားသင့်ပါတယ်။ ယခုနောက်ပိုင်း တပ်ဆင်တဲ့ Network Switch အများစုကတော့ Gigabit Switch တွေ ဖြစ်ကြတာမို့ အထူးတလည် စဉ်းစာနေစရာ သိပ်မလိုတော့ပါဘူး။ သို့ပေမဲ့ ကင်မရာ အရေအတွက် အများအပြား တပ်ဆင်တဲ့ခါကျရင် သေသေချာချာ စဉ်းစား တွက်ချက်ဖို့ အရေးကြီးပါတယ်။ 

(၃) လုံခြုံရေးကင်မရာရဲ့ လုံခြုံရေး

ယခင်ခေတ်များက ကင်မရာ တပ်ဆင်ထားရင် လုံခြုံတယ်လို့ အကြမ်းဖျဉ်း ယူဆလို့ ရခဲ့ပေမဲ့လို့ ယခုခေတ် ရာဇဝတ်မှု ကျူးလွန်သူများဟာ စီစီတီဗီကင်မရာများရဲ့ အသုံးဝင်မှုကို သိလာတာကြောင့် ရာဇဝတ်မှု ကျူးလွန်မယ်ဆိုရင် မြင်ကွင်းမှာ ရှိနေတဲ့ ကင်မရာများကို ကြိုတင် ဖျက်ဆီးမှု ပြုလုပ် တတ်ကြပါတယ်။ ရာဇဝတ်မှု တစ်ခုခု ကျူးလွန်ပြီးပြီ ဆိုရင်လည်း ပင်မ ရုပ်ပုံ ဗီဒီယိုများ သိမ်းဆည်းရာ စက်ကို ဖျက်ဆီးခြင်း (ဒါမှမဟုတ်) ဖြုတ်ထုတ် ယူငင်သွားခြင်း အစရှိသည် လုပ်ဆောင်တတ်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အရေးပါတဲ့ မှုခင်း သက်သေခံမှတ်တမ်းများ ပျောက်ပျက်သွားတတ်တာ အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ အဲဒီလို အဖြစ်မျိုးကို ရှောင်ရှားနိုင်စေဖို့ ကင်မရာ တပ်ဆင်စဉ်တည်းက တပ်ဆင်တဲ့ အမြင့် နေရာဟာ လွယ်လင့်တကူ ဖျက်ဆီးလို့ မဖြစ်နိုင်တဲ့ နေရာမျိုး ဖြစ်ဖို့ လိုပါတယ်။ ရိုက်ကူးထားတဲ့ ရုပ်သံမြင်ကွင်းများ သိမ်းဆည်းရာနေရာဟာ အပြင်လူများ အလွယ်တကူ ဝင်ထွက်နိုင်တဲ့ နေရာ မဟုတ်စေဖို့လည်း လိုအပ်ပါတယ်။ 

(၄) တပ်ဆင်မှု သေသပ်လှပ စနစ်ကျရေး 

CCTV Camera တွေ တပ်ဆင်မှု အများစုဟာ အများသူငါ အလွယ်တကူ မြင်လွယ်တဲ့ နေရာတွေမှာ ရှိတတ်ကြတာ ဖြစ်တဲ့အတွက် တပ်ဆင်မှုဟာ သေသပ် စနစ်တကျရှိရေးကို အထူး သတိပြုဖို့ လိုအပ်ပါတယ်။ အခြား Decoration တွေ လှပသေသပ်နေသလောက် တပ်ဆင်တဲ့ CCTV Camera က အလှကို မဖျက်နေစေဖို့ အရေးကြီးပါတယ်။ ရုံးပြင်ကနားတွေမှာ တပ်ဆင်တဲ့ အခါ အမြင့်နေရာတွေကို ရွေးချယ်တဲ့အခါမျိုးမှာ ကင်မရာဟာ ရိုက်ကူးတဲ့ နေရာကို စနစ်တကျ ဖမ်းယူနိုင်စေဖို့ အရေးကြီးပါတယ်။ 

(၅) တပ်ဆင်တဲ့ စနစ်ကို သေချာ စနစ်တကျ စစ်ဆေးရေး

တပ်ဆင်ထားတဲ့ ကင်မရာများရဲ့ မြင်ကွင်း မျက်ကွယ်နေရာ စသည်တို့ ရှိမနေစေဖို့ စနစ်တကျ စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်။ Incident, Accident တွေ ဖြစ်တဲ့အချိန်မှာ record တွေကို ဘယ်လို ရယူမလည်း ဆိုတာကို သေချာစနစ်တကျ လေ့လာထားဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *