Public Addressing System တစ်ခု တည်ဆောက်ရာမှာ အားကစားကွင်းများ၊ ကျောင်းဝင်းများ၊ စည်းဝေးခန်းမကြီးများနဲ့ အများသူငါနဲ့ သက်ဆိုင်တဲ့ နေရာမျိုး ဘယ်နေရာမှာ မဆို နေရာနဲ့ လိုက်ပြီး ကြည်လင် ပြတ်သားပြီး၊ ရှင်းလင်းစွာ နားလည်နိုင်တဲ့ စကားသံကို ကောင်းမွန်စွာ လွှင့်ထုတ်ကြေငြာနိုင်စေဖို့ အဓိက ဖြစ်ပါတယ်။ ထုတ်လွှတ်တဲ့ အသံကို ကြည်လင်ပြတ်သားမှု အရည်အသွေးနဲ့ လိုအပ်တဲ့ လွှမ်းခြုံမှု ပမာဏရရှိစေ နိုင်ဖို့အတွက် စပီကာ အမျိုးအစားရွေးချယ်မှုကလည်း အခရာ ကျလှပါတယ်။ Public Addressing System မှာ သုံးလေ့ရှိတဲ့ စပီကာများ အကြောင်း လေ့လာကြည့်ရအောင်ပါ။

ဟွန်းစပီကာ

လော်စပီကာ၊ ဒါမှမဟုတ် ပီအေဟွန်းစပီကာလို့လည်း အသိများတဲ့ စပီကာဟာ မိုးဒဏ်လေဒဏ်ခံနိုင်ဖို့အတွက် အပြင်ပဝန်းကျင်လို နေရာမျိုးအတွက် လူကြိုက်များတဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ အသံကို အကွာအဝေးများများ ရောက်စေဖို့ လိုအပ်တဲ့ နေရာမျိုး ဖြစ်တဲ့ ကစားကွင်းများ၊ ဟင်းလင်းပြင် ကဇာတ်ရုံများ၊ အရေးပေါ် ကြေငြာချက် ထုတ်လုပ်ရာ အလှူခံမဏ္ဍပ်နဲ့ လုံခြုံရေး​မဏ္ဍပ်လို နေရာမျိုးအတွက် အသုံးများကြပါတယ်။ ထုတ်လုပ်တဲ့ အသံလှိုင်းများကို လိုချင်တဲ့ နေရာကို ရောက်အောင်ပို့ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ ဟွန်း (သို့) ခရာဝကို တည်ဆောက်ပြီး တပ်ဆင်ကြရပါတယ်။

မျက်နှာကြက်တပ် စပီကာ

မျက်နှာကြက်တပ် စပီကာအမျိုးအစားဟာ မျက်နှာကြက်မှာ မြှုပ်ပြီး တပ်ဆင်ဖို့အတွက် သေသပ်လှပစွာ တည်ဆောက်ထားပါတယ်။ ရုံးခန်းများ၊ စျေးဝယ်စင်တာများနဲ့ လေဆိပ်လို အဆောက်အဦးအတွင်းပိုင်းတွေမှာ အသုံးများပါတယ်။ အခန်းရဲ့ ဖွဲ့စည်းပုံနဲ့လိုက်ပြီး ညီမျှတဲ့ အသံပမာဏဖြန့်ဝေမှုကို စနစ်တကျ လုပ်ဆောင်ပေးနိုင်ဖို့ အတွက် အလှအပနဲ့ သေသပ်လှပမှုကို အလေးထားတဲ့ နေရာတိုင်းမှာ သုံးလေ့ သုံးထ ရှိပါတယ်။ 

နံရံကပ် စပီကာ

နံရံကပ်စပီကာများမှာ ရွေးချယ်စရာ အများအပြားရှိတတ်ပြီး အမြင့်အမျိုးမျိုး ရွေးချယ် တပ်ဆင်နိုင်ပါတယ်။ စာသင်ခန်းများ၊ စည်းဝေးခန်း အသေးကနေ အလယ်အလတ် အရွယ်အစားအထိ အသုံးများလေ့ရှိကြပါတယ်။ အသံအရည်အသွေးနဲ့ လွှမ်းခြုံမှု ဧရိယာပမာဏကို ကောင်းမွန်မျှတစွာ ပေးစွမ်းနိုင်စေဖို့ ရွေးချယ်တတ်ကြပါတယ်။ 

ကော်လံတိုင်တပ် စပီကာ

ကော်လံတိုင်ပုံစံအိမ်ခွံကို အခြေခံပြီး ဒရိုင်ဘာ စပီကာငယ်များစွာ တပ်ဆင်ထားလေ့ရှိပါတယ်။ မြင့်မားတဲ့ မျက်နှာကြက်ရှိတဲ့ နေရာမျိုးမှာ မျက်နှာကြက်နဲ့ နံရံတွေမှာ စပီကာ တပ်ဆင်ဖို့ မလွယ်တဲ့နေရာတွေမှာ သုံးကြပါတယ်။ ဘုရားဝတ်ပြုကျောင်းဆောင်များ၊ ကျောင်းကဇာတ်ရုံများနဲ့ ခန်းမကျယ်ကြီးများမှာ သုံးလေ့ရှိပါတယ်။ 

မျက်နှာကြက်ဆွဲ စပီကာ

မျက်နှာကြက်မြင့်မြင့်ကြီးတွေ ရှိတဲ့ အဆောက်အဦများ၊ ဂျင်ကစားခန်းမများ၊ သိုလှောင်ရုံလို နေရာမျိုးမှာ မျက်နှာကြက်တွဲလောင်းဆွဲ စပီကာများကို သုံးပါတယ်။ မြင်ကွင်းကို အနှောင့်အယှက်မဖြစ်စေဘဲ ၃၆၀ဒီဂရီ မျက်နှာပြင် အပြည့် အသံဖြန့်ခွဲမှုအတွက် ပံ့ပိုးနိုင်ပါတယ်။

Line Array စပီကာ

ကစားကွင်းလိုနေရာမျိုးများ ကဇတ်ရုံခန်းမကြီးများမှာ သုံးတဲ့ စပီကာအမျိုးအစားဖြစ်ပါတယ်။ Driver စပီကာအများအပြား တတွဲတည်းပါဝင်လေ့ရှိပါတယ်။ အကွာအဝေး အတော်လှမ်းလှမ်းသို့အထိ အသံဖြန့်ခွဲမှု ပမာဏနဲ့ လားရာတို့ကို အတိအကျ တွက်ချက် ချိန်ညှိမှု လုပ်ပေးလို့ ရတဲ့ စပီကာ အမျိုးအစားဖြစ်ပါတယ်။

ဆပ်ဝူဖာများ

ကြိမ်နှုန်းနိမ့်အသံများ (ဝါ)ဘေ့စ်အသံများကို သီးသန့် ထုတ်လုပ်ဖို့အတွက် ပုံစံထုတ် တည်ဆောက်ထားပါတယ်။ တေးဂီတဖျော်ဖြေခန်းများ၊ ကလပ်များနဲ့ ကဇာတ်ရုံကြီးများမှာ အသံခံစားမှုအပြည့်အဝရစေဖို့ အခြားသော အမျိုးအစား စပီကာများနဲ့ တွဲဆက် အသုံးပြုကြပါတယ်။

ပြင်ပဝန်းကျင်သုံးစပီကာများ

အပြင်သုံးစပီကာများသည် မိုးဒဏ်၊ လေဒဏ်နှင့် အပူချိန်ဒဏ်စသည်တို့ကို ခံနိုင်စေဖို့ အထူးထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ လသာဆောင်လိုမျိုး၊ ပန်းခြံလိုနေရာမျိုးနဲ့ အပန်းဖြေကစားကွင်းလို နေရာမျိုးအတွက် လူအများ ကြားနိုင်အောင် ကြေငြာဖို့အတွက် တပ်ဆင်တဲ့ နေရာမျိုးမှာ အသုံးများကြပါတယ်။

အလွယ်တကူ သယ်သွားနိုင်တဲ့ စပီကာ

သေးငယ် ကျစ်လစ်ပြီး ဘက်ထရီပါ တတွဲတည်း ပါဝင်တဲ့အတွက် ခရီးသွားဟန်လွဲတပါတည်း သယ်ဆောင်အသုံး ပြုလို့ရတဲ့ PA Speaker လေးတွေ ဖြစ်ပါတယ်။ လူဦးရေနည်းတဲ့ စုဖွဲ့မှုမျိုး၊ လူနည်းစု စုရုံးဟောပြောမှုနဲ့ ရွေ့လျား တင်ဆက်ပြသမှုများအတွက် အသုံးပြုကြတာများပါတယ်။ 

ကော်လံပုံစံ အရေးစပီကာများ

ဒေါင်လိုက်ပုံစံစီထပ်ထားတဲ့ စပီကာအများအပြားပါဝင်တဲ့ ကော်လံပုံစံ စပီကာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အသံဖြန့်ဖြူးမှုကို ပေးစွမ်းနိုင်စေပြီး တပ်ဆင်ရာမှာလည်း လှပစတိုင်ကျစေတဲ့ သေးသွယ်တဲ့ ကော်လံပုံစံမျိုး ဖြစ်ပါတယ်။ အဆင့်မြင့်ဟိုတယ်၊ အဆင့်မြင့် ပစ္စည်းတွေ ရောင်းတဲ့ စတိုးဆိုင်လိုမျိုး အသွင်အပြင်ကို အထူး အလေးထားတဲ့ နေရာမျိုးမှာ အသုံးပြုတာများပါတယ်။ 

တပ်ဆင်မဲ့ နေရာအခန်းအနား၊ လိုအပ်တဲ့ အသံထွက် အရည်အသွေးနဲ့ အသုံးပြုမှု ရည်ရွယ်ရင်းစတာတွေပါ်မှာ မူတည်ပြီး သင့်တင့်လျောက်ပတ်သော စပီကာအမျိုးအစားကို ရွေးချယ်တပ်ဆင်နိုင်စေဖို့ အရေးကြီးလှပါတယ်။ မှန်ကန်စွာ ရွေးချယ်မှု ပြုထားတဲ့ စပီကာအမျိုးအစားနဲ့ အရေအတွက်ကို ကျွမ်းကျင်တဲ့ တပ်ဆင်ပညာရှင်များ အကူအညီနဲ့ သေသပ်လှပစွာ တပ်ဆင်နိုင်ခြင်းအားဖြင့် လိုအပ်သော အသံပေးပို့ ဆက်သွယ်နိုင်မှုကို ရရှိစေဖို့နဲ့ လိုအပ်တဲ့ ပြတ်သားကြည်လင်တဲ့ အသံအရည်အသွေးကို ရရှိစေမှာလည်း ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *