လူထုအများကို ကြားနိုင်စေဖို့အတွက် ကြေငြာချက်တွေ ထုတ်လွှင့်တဲ့ ကောင်းမွန်တဲ့ Public Addressing စနစ်တစ်ခု ဖြစ်စေဖို့ အဓိက အချက် သုံးချက် ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲဒါတွေကတော့ Loudness(လိုအပ်တဲ့ အသံကျယ်လောင်မှု ပမာဏ) Clarity (အသံကြည်လင်ခြင်း)နဲ့ Intelligibility (ပြတ်သားရှင်းလင်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ဒီတော့ အကျယ်အဝန်း ဒီလောက် ပမာဏရှိတဲ့ အခန်းတစ်ခု အတွက် ဘယ်လောက် ဝပ်အားရှိတဲ့ စပီကာ ဘယ်နှစ်လုံး တပ်ဆင်သင့်သလဲ ဆိုတာ အမေးများတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ပထမတစ်ဆင့် အသံဘယ်လောက် ကျယ်ကျယ် ဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မတူတဲ့ နေရာအမျိုးမျိုး အတွက် မတူတဲ့ အသံဖိအားပမာဏကို ဒီဇယားလေးကနေ ရယူနိုင်ပါတယ်။

တပ်ဆင်မဲ့ နေရာအလိုက် ရှိတဲ့ SPL Level ထက် ပိုများတဲ့ Sound System ကို Design လုပ်ဖို့ အရေးကြီးပါတယ်။ 

Clarity နဲ့ Intelligibility အတွက် ဝပ်ဘယ်လောက်ရှိတဲ့ Speaker ဘယ်နှစ်လုံးကို ဘယ်လောက် အကွာအဝေးမှာ တပ်ရမလဲ ဆိုတာကိုတော့ အောက်က ဇယားလေးမှာ မှီငြမ်းရယူနိုင်ပါတယ်။

စပီကာတွေကို အမြင့် ဘယ်လောက်မှာ တပ်သင့်သလဲ။ Ceiling Mount Speaker အတွက် 3.2m ကနေ 4.2m အတွင်း ရှိတဲ့ အမြင့်မှာ တပ်ဆင်သင့်ပါတယ်။ Wall Mount Speaker ကို 2.3m ကနေ 3m ရှိတဲ့ အမြင့်မှာ တပ်ဆင်နိုင်ပါတယ်။ Column Mount Speaker ကို 2.3m ကနေ  3m အကြားတပ်ဆင်သင့်ပြီးတော့ ဝပ်ပိုများတဲ့ စပီကာများကို ပိုပြီး မြင့်မြင့် တပ်ဆင်သင့်ပါတယ်။ Volume Control ပါဝင်တဲ့ စနစ်များအတွက် Volume Control ကို Electrical Switch Level 1.4m အမြင့်မှာ တပ်ဆင်သင့်ပါတယ်။

စပီကာ ကြိုးအရွယ်အစား ဘယ်လောက် သုံးသင့်လည်း 

70V/100V စနစ်အတွက် Amplifier အရွယ်အစားနဲ့ ပြေးဆွဲမှု အရှည်မလိုက် သုံးသင့်တဲ့ ကြိုးအရွယ်အစားကို အောက်ပါအတိုင်း မှီငြမ်းနိုင်ပါတယ်။ 

General Rule of Thumb အနေနဲ့ ကတော့ အဆောက်အဦးတွင်း တပ်ဆင်မှုအတွက် 2 x 1.5 mm2 RVV ကြိုးကို သုံးရန် ဖြစ်ပြီးတော့ အပြင်ဖက် တပ်ဆင်မှုတွေအတွက် 2 x 2.5mm2 RVV ကို အသုံးပြုသင့်ပါတယ်။

မိတ်ဆွေတို့ တပ်ဆင်လိုတဲ့ အဆောက်အဦးအတွက် သီးသန့် ဖြစ်တဲ့ စနစ်ကျတဲ့ Public Addressing စနစ် တပ်ဆင်ဖို့ ပုံစံပြု ဒီဇိုင်းထုတ်နိုင်ဖို့ Team BOH က ကူညီပေးဖို့ အသင့်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *