၁/ ကင်မရာဝယ်တဲ့ခါ စျေးတစ်ခုတည်းနဲ့ ဆုံးဖြတ်ခြင်း

ကင်မရာ ဝယ်ယူစဉ်မှာ စျေးတစ်ခုတည်းနဲ့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်စေဖို့ အင်မတန် အားနည်းစေပါတယ်။ ကင်မရာ တစ်ခုနဲ့ တစ်ခု စျေးကွာဟနေခြင်းဟာ ဘာအတွက် ကွာဟတာလည်းဆိုတဲ့ အချက်ကို လေ့လာသင့်ပါတယ်။ မိမိအတွက် အရေးကြီးတဲ့ ကင်မရာရဲ့ လုပ်ဆောင်ချက် တစ်ခုက စျေးကွာဟမှုရဲ့ အဓိက အကြောင်းရင်း ဖြစ်နေခဲ့မယ်ဆိုရင် ဝယ်မှားကြီး ဖြစ်သွားနိုင်ပါတယ်။ ရောင်းချတဲ့ တပ်ဆင်တဲ့ ဝန်ဆောင်မှု ပေးတဲ့ အဖွဲ့ကို သေသေချာချာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ အရေအတွက် အမြောက်အမြားထုတ်လုပ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချကြတဲ့ ထုတ်လုပ်မှု နည်းစနစ်ရဲ့ အားနည်းချက်တစ်ခု ဖြစ်တဲ့ ထုတ်ကုန်တွေဟာ အမြင်မှာ တူပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက် ကွာဟမှု ရှိတတ်ပါတယ်။ 

၂/ သူများတွေ ဘယ်လိုဝယ်တယ် ဘာတွေဝယ်တယ်ဆိုတာ ကြည့်ပြီး လိုက်ဝယ်ခြင်း

တခြားသူ တစ်ယောက် ဝယ်ယူတပ်ဆင်တဲ့ စနစ်နဲ့ နည်းပညာဟာ မိမိအသုံးအတွက် တော်သင့်မှန်ကန်မှု ရှိမယ် မရှိဘူး ဆိုတာ လေ့လာဖို့ လိုပါတယ်။ တစုံတယောက်အတွက် အသံပါ ဖမ်းယူနိုင်တဲ့ ကင်မရာ စနစ် လိုအပ်ပေမဲ့လို့ မိမိသုံးစွဲမဲ့ နေရာအတွက် အဆင်ပြေချင်မှ ပြေပါမယ်။ အဲဒီအတွက် ဒီ ကင်မရာလေးက စျေးသင့်တော်တယ်၊ တို့အိမ်မှာ သုံးတာတော့ အဆင်ပြေနေတာပဲ ဆိုရုံနဲ့ မစဉ်းစားဘဲ တန်းဝယ်လိုက်လို့ မဖြစ်သင့်ပါဘူး။

၃/ နည်းပညာပိုင်း စနည်းနာခြင်း မလုပ်ဘဲ ဝယ်ယူခြင်း

Xလက်ရှိ ရောက်ရှိနေတဲ့ နည်းပညာ၊ တပ်ဆင်ပုံ နည်းစနစ် စတာတွေ အထိုက် အလျောက် လေ့လာထားဖို့ လိုအပ်ပါတယ်။ လက်ရှိ အိမ်မှာ၊ ရုံးမှာ တပ်ဆင်ထားတဲ့ ဝိုင်ဖိုင် စနစ်နဲ့ ကြိုးဆွဲ စနစ်နဲ့ အဆင်သင့် တပ်ဆင် သုံးစွဲလို့ အဆင်ပြေမပြေ စတာတွေ စနည်းနာထားသင့်ပါတယ်။

၄/ ကင်မရာ အရေအတွက် အလုံအလောက် မဝယ်ဖြစ်ခြင်း

တပ်ဆင်စဉ် ကာလအတွင်းမှာ ကိုယ် မြင်ချင်တဲ့ စောင့်ကြည့်ချင်တဲ့ နေရာအားလုံး စုံအောင် တပ်ဆင်ဖို့ လုံလောက်တဲ့ ကင်မရာ အရေအတွက် တပါတည်း ထည့်သွင်းတွက်ချက်ထားသင့်ပါတယ်။ လောလောဆယ် အဆင်ပြေရုံ အရေအတွက်လောက်ပဲ ထည့်သွင်း တွက်ချက်မိပြီး များမကြာမီ တစ်နေရာ ထပ်တိုးချင်တာ နှစ်နေရာ ထပ်တိုးချင်တာ ကြုံရတဲ့အခါ အခက်အခဲ မကြုံရစေဖို့ လက်ရှိ လိုအပ်တဲ့ အရေအတွက်ထက် အနည်းဆုံး ၂၅ ရာခိုင်နှုံးလောက် ပိုပြီး စဉ်းစားချန်လှပ်ထားသင့်ပါတယ်။

၅/ ကင်မရာပဲ ဝယ်ပြီး စောင့်ကြည့်မှုလုပ်ဖို့ မတွေးထားခြင်း

ကင်မရာ စနစ် ဝယ်ယူတပ်ဆင်ပြီး စောင့်ကြည့်စနစ် ထည့်သွင်းဖို့ မေ့လျော့တတ်ကြတာလည်း အဖြစ်များတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဝေးတစ်နေရာ အွန်လိုင်းပေါ်ကနေ စောင့်ကြည့်ဖို့ လိုအပ်တာလား။ ကင်မရာ ပုံရိပ် သိုလှောင်ခန်းနားတင် စောင့်ကြည့်ဖို့ လိုအပ်တာလား ဆိုတာတွေကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

၆/ ကိုယ်သုံးမဲ့ နေရာနဲ့ လိုက်လျောညီထွေ ဖြစ်မဲ့ အပြင်အဆင် မဝယ်ဖြစ်ခြင်း

ကင်မရာ စနစ်ဖြစ်ရင် ပြီးရော ဆိုတာမျိုး တပ်ဆင်သူ အများစု ကြုံရတဲ့ အခက်အခဲ တစ်ခု ဖြစ်ပါတယ်။ တပ်တော့ထားလိုက်တာပဲ ပြီးမှ ဟိုဟာ မရ။ ဒီဟာမရနဲ့ အခက်အခဲတွေ ကြုံရတတ်တာမျိုး ဖြစ်တဲ့အတွက် တပ်ဆင်ပေးတဲ့ အဖွဲ့အစည်းနဲ့ တိတိပပ ညှိနှိုင်း ဆွေးနွေးပြီးမှ တပ်ဆင်သင့်ပါတယ်။ ကာလရှည် အသုံးပြုရတဲ့ စနစ် တစ်ခု ဖြစ်တာကြောင့်လည်း ရေရှည်မှာ ကြုံလာနိုင်တဲ့ အခက်အခဲ စတာတွေ ထည့်သွင်း စဉ်းစားထားသင့်ပါတယ်။ တပ်ဆင်ထားတဲ့ စနစ်အတွက် စနစ် ထိန်းချုပ်ကွပ်ကဲမှု ဘယ်သူလုပ်မလဲ။ Username Password ကို ဘယ်လို မပျောက်ပျက်အောင် ထိန်းသိမ်းမလဲ။ အရေးကြီး ကိစ္စတစ်ခုခု ကြုံလာတဲ့ခါ ချက်ချင်း မှတ်တမ်းရယူနိုင်ဖို့ ဘယ်လို စီစဉ်မလဲဆိုတာတွေပါ တပါတည်း စဉ်းစားထားသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *