👋 အခါများစွာမှာ ကျွန်တော်တို့တတွေဟာ နိစ္စဓူဝ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ အလုပ်လုပ်နေတဲ့ စနစ်များစွာနဲ့ အသားကျလာတဲ့ခါမှာ ဒီလို စနစ်တည်ဆောက်ရာမှာ အဓိက အခန်းကဏ္ဍဖြစ်တဲ့ အရေးပါတဲ့ အဆင့်တွေကို မသိကျိုးကျွံပြုမိလာတတ်ကြပါတယ်။ အိမ်တစ်လုံးရဲ့ လျှပ်စစ်တပ်ဆင်မှုပဲ ဖြစ်စေ၊ ကားတစ်စီးရဲ့ အင်ဂျင်တစ်လုံး ဖြစ်စေ၊ နိစ္စဓူဝ ကျွန်တော်တို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းမျက်နှာပြင်ပေါ်က ဆိုရှယ်မီဒီယာ App တစ်ခုပဲ ဖြစ်စေ၊ အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ပုံစံထုတ်ခဲ့ခြင်း၊ စည်းစနစ်ကျကျ တပ်ဆင်တည်ဆောက်မှု လုပ်ဆောင်ခဲ့ခြင်းနဲ့ ပုံမှန် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ဆောင်ခြင်းဆိုတဲ့ အဆင့်ကြီး ၃ ခုက မလွှဲမသွေ ရှိနေတတ်ပါတယ်။

🔧 စနစ်ကျတဲ့ အကောင်းဆုံး အလုပ်လုပ်နိုင်တဲ့ ရုပ်သံစနစ်နဲ့ ELV စနစ်များရဲ့ ကနဦးမှာ စနစ်ကျတဲ့ ပုံစံထုတ်ခြင်း လုပ်ငန်းစဉ် မလွဲမသွေ ရှိနေပါတယ်။ အသုံးချမှုအတွက် သီးသန့်စဉ်းစားပုံစံထုတ်ထားတာမို့လို့လည်း ဘယ်ဖက်က ကြည့်ကြည့် ထောင့်စေ့နေအောင်ကို စနစ်ကျတဲ့ စနစ်တစ်ခု ဖြစ်ဖို့ ပုံစံထုတ်ခြင်း အဆင့်ဟာ အရေးပါလှပါတယ်။ 

🔌 လိုအပ်တဲ့ တပ်ဆင်မှု အားလုံးကိုလည်း စည်းစနစ်ကျနစွာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ တပ်ဆင်မှုပြီးရင် ပြီးရော၊ အဖြစ်တပ်ဆင်မှုများရဲ့ နောက်ကွယ်မှာ သက်သာသွားသယောင်ထင်ရတဲ့ ကုန်ကျစရိတ် အနည်းငယ်နဲ့ မကာမိလောက်တအောင် ကြီးမားတဲ့ ခေါင်းကိုက်မှုတွေ သယ်ဆောင်လာစမြဲ ဖြစ်ပါတယ်။ 

🛠️စနစ်တကျ၊ ထောင့်စေ့အောင် စဉ်းစားပုံစံထုတ်ပြီး စည်းစနစ်ကျစွာ တပ်ဆင်ပြီးတဲ့ နောက်မှာ ပုံမှန် ပြင်ဆင် ထိန်းသိမ်းမှု လုပ်ဆောင်ဖို့လည်း အထူး အရေးကြီးလှပါတယ်။ Audio Visual နဲ့ Extra Low Voltage စနစ်များ အခက်အခဲ ကြုံရတဲ့အချိန်ကျမှ စနစ်ကို သေချာ မထိန်းသိမ်းမိလေခြင်းလို့ သံဝေဂ ရတဲ့အချိန်မှာ အချိန်ဟာ နှောင်းသွားခဲ့ပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နှင့်ပြီး ဖြစ်နေလေ့ ရှိပါတယ်။ 

✨ဒီအတွက် မိတ်ဆွေတို့ရဲ့ စီးပွားရေး လုပ်ငန်းများရဲ့ နောက်ကွယ်ကနေ အထောက်အပံ့ပေးနေတဲ့ စနစ်များ အချိန်ပြည့် အင်အားပြည့် လုပ်ဆောင်နိုင်စေဖို့အတွက် ပုံထုတ်၊ တပ်ဆင်၊ ပြင်ထိန်းအတွက် ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်တိုင်းမှာ Team BOH ကို Hello လိုက်ရုံပါပဲ။

🌟 #SystemDesign #Installation #Maintenance #Appreciation #teamboh

Leave a Reply

Your email address will not be published. Required fields are marked *