ချိတ်ဆက်မှု အခက်အခဲကို ဖြေရှင်းခြင်း

ကျွန်တော်တို့ရဲ့  Hybrid Classroom အတွက် AV Setup ကို အသုံးပြုပြီး စာသင်ခန်းကို အဆင့်မြှင့်တင်ပါ

ဒီနေ့ခေတ်ကာလ ပြောင်းလဲလာတဲ့ စာသင်ကြား သင်ယူမှုပုံစံများအရ Online နဲ့ In-person Class များကို တပြိုင်နက်တည်း သင်ကြား၊ သင်ယူမှု လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျောင်းအတွက်လည်း ရှိပြီးသား သင်ကြားသူ ဝန်ထမ်းအင်အားကို အကျိုးရှိအောင် အသုံးချနိုင်တာမို့ ပိုပြီး အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ အခန်းတွင်းရှိ ကျောင်းသား၊ ကျောင်းသူများရော အွန်လိုင်းပေါ်က တက်ရောက်တဲ့ ကျောင်းသားကျောင်းသူများပါ တက်ရောက်ရာ နေရာ မတူကွဲပြားတာကို မေ့လျော့သွားစေနိုင်လောက်တဲ့အထိ သင်ကြားမှု အတွေ့အကြုံရနိုင်စေဖို့ ကျွန်တော်တို့ Team BOH ရဲ့ Audio Visual Setup တွေက အကူအညီ ပေးနိုင်ပါတယ်။ ကျောင်းသားနဲ့ ဆရာဆရာမတို့ ကောင်းမွန်စွာ အချိတ်အဆက်မိစေဖို့နဲ့ ပူးတွဲဆောင်ရွက်နိုင်စေမှုတို့အတွက် ထိပ်တန်း System Integrator အဖွဲ့ Team BOH အနေနဲ့ ကူညီနိုင်ပါတယ်။ 

Hybrid စာသင်ခန်းတစ်ခုအတွက် စိန်ခေါ်မှုများကတော့ 

  • တက်ရောက်သူ အားလုံး In-person ရော၊ Online ကျောင်းသားများပါ အပါ သင်ကြားပို့ချတဲ့ ဆရာမရဲ့ အသံကို ကြည်လင်ပြတ်သားစွာ ကြားရ နားဆင်ရဖို့ လိုပါတယ်။
  • တက်ရောက်သူ အားလုံးသည် အခန်းတစ်ခုတည်းမှာပဲ ရှိနေသကဲ့သို့ အကြားအလပ်မရှိ သင်ကြားနိုင်ဖို့ လိုပါတယ်။
  • မတူတဲ့ အရုပ်အသံ စနစ်များကို တချိန်တည်း တပြိုင်တည်း ထိန်းချုပ်ကိုင်တွယ်နိုင်စေဖို့ လိုပါတယ်။ 
  • လိုအပ်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ သုံးစွဲမဲ့ ဘတ်ဂျက်ကိုက်ညီဖို့ လိုပါတယ်။ 

Team BOH ရဲ့ Hybrid Classroom AV Solutions များက ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့အတွက်

  • လိုအပ်ချက် စိစစ်သုံးသပ်ပေးခြင်း – သုံးစွဲမဲ့ အခန်းနဲ့ ကိုက်ညီမဲ့ စနစ်ရရှိစေဖို့အတွက် Customized design ရေးဆွဲပေးပါတယ်။
  • ကိရိယာ ရွေးချယ်မှု – အသုံးပြုမဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမဲ့ 
    • ရုပ်ထွက် ကောင်းစေဖို့ High Definition ကင်မရာများကို ရွေးချယ်ပေးပါတယ်
    • အသံဆွဲအား ကောင်းမွန်စေမဲ့ အရည်အသွေးမြင့် မိုက်ခရိုဖုန်းများကို ရွေးချယ် တပ်ဆင်ပေးပါတယ်။
    • သင်ကြားရာမှာ စီးမျောပျော်ဝင်စေမဲ့ ထိတွေ့နိုင်တဲ့ မျက်နှာပြင်ပါ တီဗီ (သို့မဟုတ်) ပရိုဂျက်တာကို တပ်ဆင်ပေးပါတယ်။
    • အကြားအလပ်မရှိ ဆက်သွယ်သင်ကြားနိုင်စေဖို့အတွက် အရည်အသွေးမြင့် Video Conferencing စနစ်ကို ရွေးချယ် တပ်ဆင်ပေးပါတယ်။
  • တပ်ဆင်မှုနှင့် စမ်းသပ်မောင်းနှင်ခြင်း – ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ ပညာရှင်များက စနစ်ကို အရည်အသွေး အပြည့်အဝဖြစ်စေအောင် တပ်ဆင်ပြီး စမ်းသပ် မောင်းနှင် ပေးပါတယ်။
  • လေ့ကျင့်သင်ကြားခြင်းနှင့် ပံ့ပိုးမှု – အသုံးချမဲ့ သင်ကြားသူ ဆရာ ဆရာမများသို့ သုံးစွဲပုံ နည်းစနစ်ကို လေ့ကျင့် သင်ကြားပေးပြီး လိုအပ်တဲ့ ပံ့ပိုးမှုများကို အချိန်နဲ့ တပြေးညီ ပံ့ပိုးပါတယ်။
  • စည်ဆက်မပြတ် ပြင်ဆင်ထိန်းသိမ်းခြင်း – တပ်ဆင်မှုတိုင်းအတွက် တစ်ဆယ့်နှစ်လတိတိ အခမဲ့ ပြင်ဆင်ထိန်းသိမ်းဝန်ဆောင်မှု ပူးတွဲ​ပေးအပ်ပါတယ်။ 

 Team BOH တပ်ဆင်ပေးတဲ့ Hybrid Classroom AV စနစ်များရဲ့ အားသာချက်များကတော့ 

  • ကျောင်းသား၊ ကျောင်းသူများ သင်ကြားမှုမှာ ပိုမိုစိတ်ပါဝင်စားလာစေခြင်း
  • မသန်စွမ်း၊ အဝေးရောက်တက်ရောက်သူ ကျောင်းသားများပါ အလွယ်တကူ တက်ရောက်နိုင်စေခြင်း
  • ကျောင်းသားနှင့် ဆရာဆရာမတို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ပိုမို မြင့်မားလာစေခြင်း
  • ကုန်ကျစရိတ် သက်သာပြီး အဆင့်မြှင့်တင်ရန် လွယ်ကူခြင်း
  • နည်းပညာအရ အနာဂတ်အတွက် အဆင်သင့်ဖြစ်စေခြင်း

အနှစ်ချုပ်အားဖြင့် မိတ်ဆွေတို့ရဲ့ ပညာရေး သင်ကြားမှု အခန်းကဏ္ဍများမှာ ကျွန်တော်များ Team BOH ရဲ့ Audio Visual နည်းပညာများ ပေါင်းစပ်မြှင့်တင်ခြင်းအားဖြင့် ပို၍ ကောင်းမွန်သော သင်ကြား၊ သင်ယူရာ ဝန်းကျင်ဖြစ်အောင် တည်ဆောက်နိုင်စေမှာ ဖြစ်ပါတယ်။ 

ဒီအတွက် စာသင်ခန်းများကို ယခင်ထက် နှစ်ဆမက အကျိုးသက်ရောက်မှု တိုးတက်စေရေး အတွက် Team BOH ရဲ့ Hybrid Classroom Audio Visual Solution များ ရယူနိုင်စေဖို့ ဒီနေ့ပဲ 09768 207455 ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *