အယင်ခေတ် စာသင်ခန်းထဲ သင်ရတဲ့ အတွေ့အကြုံနဲ့ ခုကာလ Online Meeting Platform တစ်ခုခုနဲ့ သင်ရတဲ့ အတွေ့အကြုံထဲမှာ အဓိက ကွာခြားသွားတာက Presentation လုပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ပုစ္ဆာတစ်ပုဒ်ကို တွက်တယ်ဆိုရင် ဆရာမ အဓိက သင်တာက ဒီဟာကို ဒီလိုရေး ဒီလိုတွက်လို့ သင်တာထက် ပုစ္ဆာရဲ့ တွက်ချက်နည်းကို အဆင့်ဆင့် ဆရာမကိုယ်တိုင် ရေးချ သင်ကြားခြင်းအားဖြင့် ပုစ္ဆာရဲ့ အဖြေရရှိရေး ချဉ်းကပ်တွက်ထုတ်တဲ့ နည်းကို အဓိက သင်ပေးတာ ဖြစ်ပါတယ်။ သင်ယူတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ဆရာမ ကိုယ်တိုင် လက်ရေးနဲ့ Whiteboard ပေါ်မှာ ရေးချတဲ့ အဆင့် တစ်ဆင့်ချင်းကို လိုက်ပါ တွေးခေါ်ရင်း မှတ်သားသင်ယူရတာ အင်မတန်မှ ထိရောက်တဲ့ Problem Solving Skills ကို သင်ကြား တဲ့ သင်ယူမှု ပုံစံများ ဖြစ်ခဲ့ပါတယ်။

ခုကာလ Online Meeting နည်းပညာ တစ်ခုခုကို အသုံးချပြီး သင်ယူရတဲ့ခါ ဆရာမက ကြိုတင်ပြင်ဆင်ထားတဲ့ PowerPoint Presentation Slide ပေါ်မှာ Slide ပြောင်းလိုက်တာနဲ့ မြင်ရတဲ့ ကြိုတင်ရေးထားသားနှင့်ပြီးသား ပုစ္ဆာအဆင့်ဆင့်ကို တစ်ကြိမ်တစ်ခါတည်း မြင်ရပြီး ဆရာမက အဲဒီ အဆင့်တွေကို လိုက်ဖတ်ပြ ရှင်းပြ လုပ်ကြတဲ့ခါ အဆင့်ဆင့် တွေးခေါ်ရင်း ပုစ္ဆာဖြေရှင်းဖို့ ကြိုးစားတဲ့ အဖိုးတန်လှတဲ့ ဆရာတပည့် အတွေးအခေါ် ပေးပို့စီးဆင်းတဲ့ တစ်ဆင့်ဟာ မရည်ရွယ်ဘဲ ပျောက်ပျက်သွားရပါတယ်။ Problem Solving အတွက် လိုအပ်တဲ့ အဆင့်ဆင့်ကို PowerPoint Animation နဲ့ ရှင်းပြ သင်ယူလို့ရတယ်ကွာလို့ အငြင်းပွားနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ အစည်းအဝေး တစ်ခုအတွက် Animated PowerPoint တစ်ခုကို ကော့ညွတ်နေအောင် ခြယ်သ ပြင်ဆင်နေဖို့ အချိန်ရှိပေမဲ့လို့ တစ်ပတ်ကို ၅ ရက် တစ်ရက်ကို ၄ – ၅ နာရီစာ စာသင်ကြားနေရတဲ့ Online Teacher တွေအတွက် အဲဒီလို Step by Step Animation လုပ်နေဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် အချိန်စားမှာ ဖြစ်ပါတယ်။ 

ဒါကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ Whiteboard ပေါ်မှာ Marker Pen နဲ့ ရေးချပြီး သင်ပေးတဲ့ အဆင့်အနေနဲ့ သင်ယူနိုင်ပါတယ်။ သို့ပေမဲ့ Online Meeting ပြုလုပ်တဲ့ နေရာ အခန်းအကျယ် ကန့်သတ်ချက်ကြောင့် တစ်ကြောင်း၊ ကွန်ပျူတာမှာ ပါတဲ့ 2MP လောက်ပဲ ရှိတဲ့ Webcam ကကွန်ပျူတာရှေ့ ထိုင်နေတဲ့ ဆရာမရဲ့ မျက်နှာလောက်ထိပဲ ကြည်ကြည်လင်လင် ပြသနိုင်တဲ့ အတွက်ကြောင့် သင်ယူသူ ကျောင်းသား ကျောင်းသူတွေမှာ စာကို သေချာ မမြင်ရဘူး ဆိုတဲ့ အခက်အခဲ ပြဿနာ ရှိလာပါတယ်။ နည်းပညာနဲ့ နည်းနည်း ထိထိစပ်စပ်ရှိတဲ့ ဆရာ ဆရာမတွေ အနေနဲ့ Webcam ကို မသုံးဘဲ ခပ်ဝေးဝေးကို ရိုက်ယူနိုင်တဲ့ USB Camera တစ်လုံးကို သပ်သပ် ချိတ်ဆက်ပြီး Present လုပ်ဖို့ကြိုးစားပေမဲ့လို့ အခန်းရဲ့ အလင်းပေးနိုင်မှု အကန့်အသတ်၊ အလင်းများများ ပေးပြန်ရင်လည်း Whiteboard က အရောင်ပြန်တဲ့ အခက်အခဲကြောင့် ရေးထားတဲ့ စာကို မမြင်ရပြန် ဆိုတာတွေ ရှိလာပြန်ပါတယ်။ 

ဒါကို Smart ဖြစ်တဲ့ ဆရာနဲ့ ကျောင်းသားတွေက ဖြေရှင်းဖို့ ကြိုးစားတဲ့ အလွယ်ဆုံး နည်းလမ်း တစ်ခု ရလာပါတယ်။ ဒါကတော့ ဆရာမက A4 စာရွက် အလွတ်ပေါ်မှာ ရှင်းပြချင်တဲ့ Step တွေ တစ်ခုချင်းကို Soft pen နဲ့ ရေးလိုက် ကင်မရာမှာ ပါတဲ့ Webcam နား ကပ်ပြလိုက်၊ မြင်ရလား တပည့်၊ မြင်ရဘူး ဆရာ၊ မြင်ရပါတယ် ဆရာမ စတာတွေနဲ့ လတ်တလော အဖြေရှာကြရင်း ရှေ့ဆက်နေကြတာ တွေ့ရပါတယ်။ 

ဒီအခြေအနေမှာ အခက်အခဲက 

  • တစ် – ဆရာမက တွက်ထုတ်တဲ့ ပုစ္ဆာကို တခါတည်း ရေးတာ မဟုတ်ဘဲ ကျောင်းသားနဲ့ အတူ တွေးခေါ်တဲ့ အဆင့်တွေ၊ ပြဿနာ ဖြေရှင်းပုံ အဆင့်ဆင့်တွေကို အတူတကွ ပြောဆို ရှင်းပြ သင်ကြားချင်တယ်။
  • နှစ် – ရေးသားထားတဲ့ စာကို Online Meeting ပေါ်ကို ကြည်ကြည်လင်လင် တင်နိုင်ဖို့ အလင်းကောင်းကောင်းနဲ့ အဲဒီစာရွက်ကို တိုက်ရိုက် ရိုက်ယူနိုင်တဲ့ ကင်မရာ တစ်လုံး လိုတယ်
  • သုံး – အဲဒီကင်မရာကလည်း တပ်ဆင်ရ မခက်ဘဲ အလွယ်တကူ အသုံးပြုနိုင်ဖို့ လိုတယ်

ဒီအချက်တွေအတွက် အလွယ်ဆုံး လုပ်နိုင်တာကတော့ 2MP ကနေ 4MP လောက် ရိုက်ကူးနိုင်တဲ့ Webcam တစ်ခု လိုပါတယ်။ ဒီနေရာမှာ မိမိမှာ ရှိတဲ့ တယ်လီဖုန်း Handset အဟောင်းတစ်ခုကိုလည်း အသုံးချနိုင်ပါတယ်။ အဲဒီ Webcam ကို တပ်ဆင်ပြီး Computer ဒါမှမဟုတ် စားပွဲပေါ်မှာ တပ်ဆင်ထားနိုင်ဖို့ Boom Arm တစ်ခု လိုပါတယ်။

Webcam တစ်ခုကိုက မြန်မာငွေ ကျပ် ၁၈၀၀၀ ကနေ ခပ်ကောင်ကောင်းဆိုရင် ၃-၄၀၀၀၀ လောက်ဆို ရပါပြီ၊ Boom Arm ကတော့ တယ်လီဖုန်း အပိုပစ္စည်းဆိုင်တွေမှာ ပေါပါတယ်။ စျေးအစားစားနဲ့ သောင်းဂဏန်းနည်းနည်းကနေ သောင်းဂဏန်း များများ အထိ အစားစား ရှိပါတယ်။ အလင်းကောင်းကောင်း ပေးနိုင်ဖို့ကတော့ ဆရာမ ထိုင်တဲ့ နေရာမှာ အပေါ်ဖက်ကို အလင်း ကောင်းကောင်း ပေးနိုင်တဲ့ LED Lamp တစ်ခုခု တပ်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဒါဆိုရင် DIY Visualizer တစ်ခု ရပါပြီ။

ဒါတွေ ဒီလို လုပ်လို့ရတာကတော့ ဟုတ်ပါပြီ၊ ဆရာမက အဲဒီ ကင်မရာကို ဘယ်လိုဝယ်၊ Boom Arm လေး ဘယ်လိုတပ်၊ LED မီးလုံး ဘယ်လိုတပ် ဆိုတာတွေ လုပ်ဖို့ အချိန် မရှိဘူး၊ အချိန်ရှိရင်တောင် လုပ်ဖို့ အခက်အခဲ ရှိတယ် ဆိုတာမျိုး ရှိနိုင်ပါတယ်။ 

အဲဒီခါ ဒီ Visualizer လေးကို အသုံးပြုနိုင်ပါတယ်။ 

ဒီလို Visualizer မျိုးက အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေ အကုန် ပြည့်စုံတဲ့ အပြင်ကို ဆရာမ စာသင်တဲ့ ကွန်ပျူတာ နဘေးမှာ စားပွဲပေါ်တင် တင်ထားရုံပါပဲ။ Visualizer လေးရဲ့ အမည်ကွဲက Document Camera ပါ။ အားသာချက်က သူ့ရဲ့ အောက်မှာ ချပြီး စာရွက်ပေါ်မှာ ကိုယ်ကြိုက်တာကို လက်ရေးနဲ့ တန်းရေး တန်းဆွဲပြီး Present လုပ်ရုံပါပဲ။ ဆရာမ ဖက်က Present လုပ်မဲ့ Input အနေနဲ့ USB Camera လို Input မျိုး အလွယ်တကူ ရွေးပေးလိုက်ရုံနဲ့ ဆရာမရဲ့ စားပွဲကို ငယ်ငယ်က သင်ခဲ့ရတဲ့ ကျောင်းသင်ပုန်းအကြီး အဖြစ် ပြောင်းလဲပြီး သင်ယူကြမဲ့ တပည့်များကို တန်ဖိုးအရှိဆုံး အနှစ်ဖြစ်တဲ့ Problem Solving Approach ကို အပြည့်အဝ သင်ကြားပေးနိုင်ကြပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *