စနစ်အစအဆုံး လေ့လာဆန်းစစ်ကြည့်ခြင်း ခေတ်မီအဆောက်အဦး တစ်ခုဖြစ်ခြင်းရဲ့ အမှတ်ပေးစဉ်းမျဉ်းထဲမှာ စနစ်ကျတဲ့ ELV စနစ် တပ်ဆင်ထားခြင်း ရှိ၊ မရှိ ဆိုတာ ထိပ်ဆုံးကပါလေ့ပါထရှိပါတယ်။ စဉ်ဆက်မပြတ် ဆက်သွယ်ရေး၊ လုံခြုံ အန္တရာယ်ကင်းရှင်းစေရေးနဲ့ အလိုလျောက်လုပ်ဆောင်နိုင်သော စနစ်များ တည်ဆောက်ရေးအတွက် မရှိမဖြစ် အခြေခံစနစ်ဟာ ELV စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်များမှာ များပြားလှတဲ့ ပစ္စည်းကိရိယာများအပေါ်မှီတည်မနေတာ ဖြစ်တဲ့အတွက် အဲဒီ ပစ္စည်းကိရိယာများရဲ့ လုပ်ဆောင်နိုင်စွမ်းရည်နဲ့ တာရှည်ခံမှုအပေါ်မှာ ELV စနစ်ရဲ့ အရည်အသွေးက အများကြီး မှီတည်နေပါတယ်။ အကြမ်းခံပြီး ရေရှည် အဆင့်မြှင့်တင်နိုင်တဲ့ မြင့်မားတိုးတက်လာမဲ့ စနစ်များကို လိုက်ပါ အလုပ်လုပ်နိုင်စေမဲ့ စနစ်တစ်ခု ဖြစ်စေဖို့အတွက် စံနစ်ပုံစံထုတ်သူ ဒီဇိုင်နာများ၊ စနစ်တစ်ခုထက် ပိုပြီး ချိတ်ဆက်လုပ်ဆောင်ပေးသူ ကန်ထရိုက်တာများနဲ့ အဆောက်အဦး နည်းပညာဆိုင်ရာ စီမံခန့်ခွဲသူများဟာ မိမိ အဆောက်အဦးနဲ့ ကိုက်ညီတဲ့ စနစ်တစ်ခု ပုံစံပြုတည်ဆောက်ရာမှာ ဒီ များပြားလှတဲ့အစိတ်အပိုင်းများရဲ့ အရေးကြီး၊ အရေးပါမှုကို သိမြင် နားလည်ထားခြင်းအားဖြင့် အများကြီး အထောက်အကူပြုပါလိမ့်မယ်။ ဒီ ဆောင်းပါး အတွင်းမှာတော့ ELV Systems များရဲ့ ကျောရိုးဖြစ်တဲ့ ကိရိယာများနဲ့ အဲဒီ ကိရိယာများရဲ့ အရေးပါမှု၊လုပ်ဆောင်မှုနဲ့ အကျိုးသက်ရောက်မှုများကို လေ့လာ ကြပါမယ်။ — ၁။ ကေဘယ်နှင့် ဝါယာကြိုးများ – ELV စနစ်များရဲ့ အသက်သွေးကြော ELV Systems များ တပ်ဆင်မှုအတွက် ဒေတာနဲ့ ပါဝါများ အကြားအလပ်မရှိ စီးဆင်းရာ လမ်းကြောင်းအဖြစ်အသုံးတော်ခံတဲ့ Cable နဲ့ Wire များ ဖြစ်ကြပါတယ်။ -ကေဘယ်အမျိုးအစားများ ELV Systems များ တပ်ဆင်ရာမှာ အမျိုးမျိုး အပြားပြားသော ကေဘယ်များကို ရွေးချယ်တပ်ဆင် အသုံးပြုကြရပါတယ်။ ဒီအနက် ဗီဒီယို အချက်အလက် ဖြန့်ဖြူးသယ်ဆောင်ဖို့ Coaxial Cable များကိုလည်းကောင်း ၊ ဒေတာအချက်အလက်များ သယ်ယူဖြန့်ဖြူးဖို့ Twisted Pair ကေဘယ်များကိုလည်းကောင်း၊ မြန်နှုန်းမြင့် အကွာအဝေးဝေးဝေးသို့ ဒေတာ အချက်အလက်များ သယ်ယူဖြန့်ဖြူးဖို့ ဖိုင်ဘာ အော့ပတစ် ကေဘယ်များကိုလည်းကောင်း၊ လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်မှုကို ကာကွယ်နိုင်စေဖို့ Shield Cables များကိုလည်းကောင်း နေရာအလိုက် သင့်တော်ရာ ရွေးချယ် အသုံးပြုကြပါတယ်။ ဒီကေဘယ်တွေ ကြားထဲမှာတော့ သယ်ပို့ပေးနိုင်တဲ့ ဒေတာအချက်အလက် မြန်နှုန်းနဲ့ လှိုင်းခွင်အကျယ်ပမာဏမှာတော့ ဖိုင်ဘာအော့ပတစ် ကေဘယ်က ပြိုင်စံရှား နံပတ်တစ် အဖြစ် […]
ELV စနစ်အမျိုးမျိုး
ယေဘုယျ တပ်ဆင်လေ့ရှိကြတဲ့ စနစ်များ အကြောင်း Extra Low Voltage (ELV) စနစ်များသည် ဘေးကင်းလုံခြုံမှု၊ ဆက်သွယ်ပြောဆိုနိုင်မှု၊ အလိုအလျောက်ဖြစ်သော လုပ်ငန်းလည်ပတ်မှု ထိရောက်မှုတို့ကို ပံ့ပိုးပေးခြင်းအားဖြင့် ခေတ်မီအဆောက်အဦ အခြေခံအဆောက်အအုံ အတွက် မရှိမဖြစ် စနစ်များ ဖြစ်ကြပါတယ်။ ဤစနစ်များသည် စမတ်ကျပြီး ရေရှည်တည်တံ့သော အဆောက်အအုံများ၏ ကျောရိုးဖြစ်ကာ လူနေ၊ စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသုံးဝင်မှုများကို ပံ့ပိုးပေးပါတယ်။ ဤဆောင်းပါးမှာ အသုံးအများဆုံး ELV စနစ်များ၊ ၎င်းတို့၏အင်္ဂါရပ်များနှင့် ၎င်းတို့၏အကျိုးကျေးဇူးများကို ထည့်သွင်း […]
ခေတ်မီအဆောက်အဦးများမှာ တပ်ဆင်တဲ့ ELV စနစ်များ မိတ်ဆက်
ခေတ်မီအဆောက်အဦးများ တည်ဆောက်ရာမှာ လုံခြုံ အန္တရာယ်ကင်းရှင်းရေး၊ အဆောက်အဦးများရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်ရည်ကို အဆင့်မြှင့်တင်နိုင်စေဖို့ အထူး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အများစုသော ELV စနစ်များက Volt 50 နဲ့ အောက်နဲ့ အလုပ်လုပ်တဲ့ စနစ်တွေ ဖြစ်ကြတာမို့ ကြီးမားကျယ်ပြန့်တဲ့ ကွန်ရက်များ တည်ဆောက်လုပ်ဆောင်ကြရပေမဲ့လို့ လျှပ်စစ် ဆိုင်ရာ အန္တရာယ်အင်မတန်မှကို နည်းပါတယ်။ အိမ်ခန်းရာချီပါဝင်တဲ့ လူနေ အဆောက်အဦများ၊ စီးပွားရေး လုပ်ငန်း လုပ်ဆောင်ရာ ရုံး၊ စျေးဝယ်စင်တာလို အဆောက်အဦးများနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ […]
Hybrid Classroom အတွက် AV Setup
ချိတ်ဆက်မှု အခက်အခဲကို ဖြေရှင်းခြင်း ကျွန်တော်တို့ရဲ့ Hybrid Classroom အတွက် AV Setup ကို အသုံးပြုပြီး စာသင်ခန်းကို အဆင့်မြှင့်တင်ပါ ဒီနေ့ခေတ်ကာလ ပြောင်းလဲလာတဲ့ စာသင်ကြား သင်ယူမှုပုံစံများအရ Online နဲ့ In-person Class များကို တပြိုင်နက်တည်း သင်ကြား၊ သင်ယူမှု လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကျောင်းအတွက်လည်း ရှိပြီးသား သင်ကြားသူ ဝန်ထမ်းအင်အားကို အကျိုးရှိအောင် အသုံးချနိုင်တာမို့ ပိုပြီး အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ အခန်းတွင်းရှိ ကျောင်းသား၊ ကျောင်းသူများရော အွန်လိုင်းပေါ်က တက်ရောက်တဲ့ ကျောင်းသားကျောင်းသူများပါ တက်ရောက်ရာ နေရာ […]
DORI for CCTV Cameras
စီစီတီဗီကင်မရာ စနစ်တစ်ခု တပ်ဆင်ဖို့ ရွေးချယ်တဲ့အခါ များပြားလှတဲ့ အမှတ်တံဆိပ်၊ စံနှုန်းသတ်မှတ်ချက်များကြားမှာ ရွေးချယ်မှု မှန်ကန်စေဖို့ လိုအပ်ပါတယ်။ ဒီလို ရွေးချယ်ဖို့အတွက် စီစီတီဗီကင်မရာ ရွေးချယ်ဖို့ စံနှုန်းအနေနဲ့ ဒီအချက် လေးချက်ကို စဉ်းစားပြီး ရွေးရပါတယ်။ ဒီအဆင့်လေးဆင့်အတွက် တိုင်းတာတဲ့ ယူနစ်အနေနဲ့ PPM (Pixel Per Meter) ကို အသုံးပြုပါတယ်။ ပြင်ပ လက်တွေ့အကွာအဝေး တစ်မီတာရှိတဲ့ ပမာဏကို ကင်မရာမြင်ကွင်းထဲ pixelဘယ်လောက်နဲ့ ပြသလဲ ဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။ PPM မြင့်လာတာနဲ့ […]
Smart Nurse Call System
🏥 အဆင့်မြင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် Smart Nurse Call System 🌟 လူနာစောင့်ရှောက်မှုအတွက် အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ အလိုလျောက် အချက်ပြမှုများ လုပ်ဆောင်ပေးနိုင်ခြင်း၊ အရေးပေါ်အခြေအနေမှာ မိမိ သူနာပြုများ ဘယ်လို အမြန်ဆုံးနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခြင်းအားဖြင့် သုံးစွဲသူ မိတ်ဆွေများရဲ့ ကျေနပ်မှုကို အပြည့်အဝ ရယူနိုင်ပါပြီ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆေးရုံ အများစုမှာ လက်တွေ့ တပ်ဆင် အသုံးပြုနေကြပြီး ဖြစ်တဲ့ Nursecall စနစ်အကြောင်း […]
AV & ELV Services
👋 အခါများစွာမှာ ကျွန်တော်တို့တတွေဟာ နိစ္စဓူဝ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ အလုပ်လုပ်နေတဲ့ စနစ်များစွာနဲ့ အသားကျလာတဲ့ခါမှာ ဒီလို စနစ်တည်ဆောက်ရာမှာ အဓိက အခန်းကဏ္ဍဖြစ်တဲ့ အရေးပါတဲ့ အဆင့်တွေကို မသိကျိုးကျွံပြုမိလာတတ်ကြပါတယ်။ အိမ်တစ်လုံးရဲ့ လျှပ်စစ်တပ်ဆင်မှုပဲ ဖြစ်စေ၊ ကားတစ်စီးရဲ့ အင်ဂျင်တစ်လုံး ဖြစ်စေ၊ နိစ္စဓူဝ ကျွန်တော်တို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းမျက်နှာပြင်ပေါ်က ဆိုရှယ်မီဒီယာ App တစ်ခုပဲ ဖြစ်စေ၊ အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ပုံစံထုတ်ခဲ့ခြင်း၊ စည်းစနစ်ကျကျ တပ်ဆင်တည်ဆောက်မှု […]
Inverse Square Law
အသံထွက်ပေါ်ရာနေရာကနေ ဝေးလာလေလေ အသံရဲ့ ပြင်းအား ကျလာလေလေဆိုတဲ့ သဘောတရားက အသံစနစ်တစ်ခု ပုံစံထုတ်ရာမှာ အရေးကြီးပါတယ်။ ဥပဒေသအရ အသံရင်းမြစ်နေရာကနေ အကွာအဝေးဆတိုး ဝေးသွားတာနဲ့ အမျှ အသံပြင်းအားကလည်း အချိုးညီမျှစွာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ သင်္ချာပုံသေနည်းအရ ဒီလို ဆိုပါတယ်။ SPL=SPLref−20⋅log10( rref/ r) • SPL က အသံရင်းမြစ်ကနေ r ဆိုတဲ့ အကွာမှာ ရှိနေတဲ့ အသံဖိအားပမာဏ • SPLref […]
Corporate Meeting Room
ဆက်သွယ်ပြောဆိုမှုကို အလေးထား ဦးစားပေး လုပ်ဆောင်ကြရတဲ့ သတင်းအချက်အလက် နည်းပညာ ခေတ်ကြီးမှာ ချောမွေ့ပြေပြစ်တဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးဟာ အထူး အရေးပါတဲ့ စီးပွားရေး အောင်မြင်ရေး အင်္ဂါရပ် တစ်ခု ဖြစ်ပါတယ်။ ကော်ပိုရိတ် ရုံးတွေအတွက်ဆိုရင်တော့ သေချာကျနစွာ ပုံစံထုတ်ထားပြီး စနစ်ကျစွာ တပ်ဆင်ထားတဲ့ ရုပ်သံစနစ် (Audio Visual) စနစ်တစ်ခုဟာ အထူး အရေးကြီးပါတယ်။ လုပ်ငန်းအတွက် အရေးကြီးတဲ့ စည်းဝေးညှိနှိုင်းမှု လုပ်ဆောင်ရာမှာ အားလုံး ပါဝင်နိုင်သော ကြည်လင်ပြတ်သားပြီး […]