ခေတ်မီတိုးတက်တဲ့ လူနေမှု စနစ်ထဲမှာ iOT စနစ်လည်း တစ်ခု အပါအဝင် ဖြစ်လာနေပါပြီ။ နည်းပညာကို အသုံးချပြီး လူ့စွမ်းအားကို အထိရောက်ဆုံး သုံးစွဲနိုင်စေဖို့ အတွက် နည်းမျိုးစုံနဲ့ ကြံဆ အသုံးချနေကြပါပြီ။ နေအိမ်ခြံဝင်းတွေ၊ ရုံးခြံစည်းရိုးတွေနဲ့ စက်ရုံအလုပ်ရုံတွေရဲ့ အဝင်အထွက် တံခါးတွေကို လူအင်အားသုံး အဖွင့်အပိတ် လုပ်တာထက် နည်းပညာသုံး အဖွင့်အပိတ် လုပ်လာကြပါပြီ။ ဒီလို လုပ်ဆောင်ရာမှာ အများအားဖြင့် တပ်ဆင်သူ မိမိ စိတ်ကြိုက် ဒီဇိုင်းကို ရွေးချယ်ပြီး အပ်နှံလေ့ရှိကြပါတယ်။

ထုတ်လုပ်တဲ့ တံခါး အမျိုးအစား အလေးချိန်နဲ့ တပ်ဆင်ပုံပေါ်မူတည်ပြီးတော့ တပ်ဆင်ရမဲ့ မော်တာ အမျိုးအစား တပ်ဆင်ရမဲ့ တံခါးဖွင့်ဖို့ အချက်ပေးမဲ့ စနစ် စတာတွေကို Contractor က ပိုင်ရှင်ကို ပုံစံထုတ် အဆိုပြုကြရပါတယ်။

Sliding Door 

ကိုယ်ပိုင် ခြံဝင်းများအတွက် သင့်တော်ပါတယ်။ တခါးကိုယ်ထည်ကို မြေကြီးထဲ မြှုပ်နှံတပ်ဆင်ထားတဲ့ လျှောက်လမ်းပေါ်မှာ အားပြုပြီး တံခါးရဲ့ တစ်ဖက်ဖက်ကို အဖွင့်၊ အပိတ် လုပ်စေတာ ဖြစ်ပါတယ်။တံခါး အဖွင့်အပိတ် လိုအပ်ချက်အရ တံခါးမကြီး ကိုယ်ထည်ပေါ်မှာ လူဝင်ပေါက် ထည့်သွင်း တပ်ဆင်လေ့ရှိကြပါတယ်။ တံခါးရဲ့ ကိုယ်ထည်ပေါ်မှာ မော်တာနဲ့ ချိတ်ဆက်ပြီး တံခါးကို တွန်းရွှေ့ပေးမဲ့ ပင်နယံ အဖြောင့် အချောင်း တပ်ဆင်ရပါတယ်။ တစ်ဖက်တစ်ချက်မှာ တံခါးကို ရပ်ဖို့ အချက်ပေးမဲ့ Sensor တစ်ခုစီ ပါဝင်လေ့ရှိပါတယ်။ 

Swing Door Single Leaf

တံခါးရွက် တစ်ဖက်ကို တစ်ရွက်စီပါဝင်ပြီး ဘယ်ညာ နှစ်ဖက်ကို အဖွင့်အပိတ် လုပ်တဲ့ စနစ် ဖြစ်ပါတယ်။ အလျားလိုက် တွန်းထုတ် ဆွဲယူတဲ့ မော်တာ ( Linear Actuator) ကို အသုံးပြုပြီး တံခါးကို အဖွင့်အပိတ် လုပ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တံခါးဖွင့်ချိန် ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ ကြာချိန်ရှိပြီး လိုအပ်သလို ချိန်ညှိလို့ရပါတယ်။ 

Foldable Swing Door (Double Leaves)

တံခါးရွက် တစ်ဖက်ကို နှစ်ချပ် (သို့မဟုတ်) နှစ်ချပ်ထက် ပိုပြီး ပါဝင်တဲ့ တံခါး ဖြစ်ပါတယ်။ အထူးအော်ဒါ အနေနဲ့ ပုံစံထုတ် ထုတ်လုပ် တပ်ဆင်ရတာ ဖြစ်ပြီး ထုတ်လုပ်မှု တိကျစေဖို့ အင်မတန် အရေးကြီးပါတယ်။ https://www.youtube.com/embed/J8B9vXg3HoY

Boom Arm Barrier 

ကားအစီးရေ အဝင်အထွက် အင်မတန်များတဲ့ နေရာတွေမှာ အသုံးပြုကြတာ များပါတယ်။ အတိုဆုံး ၂ မီတာကနေ အများဆုံး ၆ မီတာလောက်ထိ ရှည်တဲ့ မောင်းတံ အရွယ်အစား အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ https://www.youtube.com/embed/tOBVk3YYXrQ

Foldable Boom Arm Barrier

မောင်းတံ အရှည် ၃ မီတာထက် ရှည်သွားတဲ့ အခါ အရှည် တစ်ချောင်းတည်း စနစ်ထက် ခေါက်ချိုးနိုင်တဲ့ Foldable Arm Barrier အမျိုးအစားကို အသုံးပြုလေ့ရှိကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *