Business Development Executive
Audio Visual လုပ်ငန်းများ (သို့မဟုတ်) ELV လုပ်ငန်းများနှင့် စပ်ဆိုင်သော စီးပွားရေး စီမံခန့်ခွဲမှု ကျွမ်းကျင်သူ ဖြစ်ရန် လိုအပ်ပါသည်။ မည်သည့် ဘွဲ့ရဖြစ်ရမည်ဟု သတ်မှတ် ထားခြင်း မရှိဘဲ လုပ်ငန်းနှင့် စပ်ဆိုင်သော ကျွမ်းကျင်မှုရှိသည်ဟု မိမိကိုယ်ကို ယုံကြည်သူများ လျှောက်ထားနိုင်ပါသည်။
Sales Executive
AV နှင့် Building ELV လုပ်ငန်းများအတွက် လိုအပ်သော တွက်ချက်မှုများ၊ စျေးနှုံးလွှာပြင်ဆင်မှုနှင့် ဝယ်သူနှင့် တိုက်ရိုက်ထိတွေ့၍ အရောင်းစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်သည့် အတွေ့အကြုံရှိရန် လိုအပ်ပါသည်။ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းရှိမှုသည် ဤအလုပ်အကိုင် နေရာအတွက် အဓိကထား အကဲဖြတ်မည့် အချက် ဖြစ်ပါသည်။
Marketing Executive
ဆောက်လုပ်ရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းစုများ၏ အရေးကြီးသော ဝယ်ယူမှု အဆုံးအဖြတ် လုပ်ဆောင်နိုင်သူများနှင့် ထိရောက်သော ချိန်းဆို တွေ့ဆုံမှုများ၊ ဆွေးနွေးတင်ပြမှုများ၊ ညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရန် လိုအပ်ပါသည်။ မည်သည့် ဘွဲ့ရမဆို လျှောက်ထားနိုင်ပါသည်။
Engineers
Control System Engineering အတွေ့အကြုံရှိသော Engineer များလျှောက်ထားနိုင်သည်။ Off-the-shelves Solutions များထက် Customized Solution များအတွက် ဖောက်ထွက် တွေးခေါ်နိုင်သူများအား ဦးစားပေးမည်။ Challenging Attitude ရှိသူများအတွက် လုပ်ငန်း အတွေ့အကြုံနုနယ်စေကာမူ သင်ယူလိုစိတ် ရှိပါက လျှောက်ထားနိုင်သည်။
Skill Labors
ကျွန်ုပ်တို့၏ အောင်မြင်သော စီမံကိန်းများအတွက် ကျွမ်းကျင်လုပ်သားများသည် အဓိက အရေးကြီးသော နေရာများမှ ပါဝင်လျက်ရှိသူများ ဖြစ်သည်။ သင်ယူလိုစိတ် ရှိသူများ အနေဖြင့် လုပ်ငန်း အတွေ့အကြုံနည်းစေကာမူ လျှောက်ထားရန် တိုက်တွန်းပါသည်။ စိတ်ကူးအသစ်၊ ထိုးထွင်း လုပ်ဆောင်လိုမှုနှင့် တာဝန်ယူလိုစိတ် ကြီးမားသောသူများနှင့် ပိုမို သင့်တော်ပါသည်။
Web Developer
ပြောင်းလဲနေသော စျေးကွက်လိုအပ်ချက်အလိုက် အမြဲတစေ ပြောင်းလဲနေသည့် ဝန်ဆောင်မှုများအတွက် အစဉ်သဖြင့် လိုက်ပါပြောင်းလဲနိုင်သော ဝဗ်ဆိုက်များ တည်ဆောက်နိုင်ရန် အတွက် လုပ်ငန်းအတွေ့အကြုံ ရှိသော Developer များ အလိုရှိပါသည်။ အဖွဲ့အစည်း၏ လိုအပ်ချက်အလိုက် အလိုက်သင့် ပြောင်းလဲနိုင်သော၊ အကောင်အထည် ဖော်လိုစွမ်း ရှိသော အဖွဲ့ဝင် ဖြစ်စေရန် လိုအပ်ပါသည်။
How to Apply
Team BOH နှင့် လက်တွဲ လုပ်ဆောင်လိုသော ဝန်ထမ်းများသည် မိမိ၏ ကိုယ်ရေး အကျဉ်းနှင့် လုပ်ငန်းအတွေ့အကြုံများနှင့် ယခင် အလုပ်နှင့် လက်ရှိ အလုပ်အကိုင် အသေးစိတ်ကို ဖော်ပြ၍ talent@boh.com.mm သို့ email ပေးပို့၍ လည်းကောင်း၊ +95-9455642832 သို့ Viber Message ပေးပို့၍ လည်းကောင်း လျှောက်ထားနိုင်ပါသည်။