မူကြိုကျောင်းများမှာ ကလေးသူငယ်များကို ကျောင်းပို့ကြတဲ့ခါ မိဘများအနေနဲ့ ကလေးများ စာသင်ခန်းထဲ ဘယ်လို နေထိုင် ပြုမူသလဲ ဆိုတဲ့ အချက်က ကလေးမိဘများအတွက် အရမ်း စိတ်ဝင်စားတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ မိဘ အနီးအနားမှာ ရှိမနေတဲ့ ဝန်းကျင်မှာ မိမိ ကလေးအနေနဲ့ တခြားသူတွေနဲ့ ဘယ်လို အပေးအယူ အချိတ်အဆက်မိမိ ဆက်ဆံသလဲ ဆိုတဲ့ အချက်က မိဘတွေအနေနဲ့ အရမ်းသိချင်တဲ့ အချက် တစ်ခု ဖြစ်ပါတယ်။
ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း စီစီတီဗီတပ်ဆင်ပေးထားခြင်း အားဖြင့် အငြင်းပွားဖွယ်ရာ ကိစ္စ တစုံတခု ဖြစ်ပေါ်လာတဲ့ အခါ ကျောင်းဖက်ကနေပြီး မိဘများကို အထောက်အထားတစ်ခု အနေနဲ့ ရှင်းပြ ပြောပြလို့ ကောင်းတဲ့ အထောက်အထား တစ်ခု ဖြစ်သလို၊ ဗီဒီယို မှတ်တမ်းရှိနေခြင်းအားဖြင့် မိမိရဲ့ ကျောင်းအပေါ် မိဘများရဲ့ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်စေတဲ့ အချက် တစ်ခုလည်း ဖြစ်ပါတယ်။
ကျောင်းများဖက်က စိုးရိမ်မှုကလည်း ရှိပါတယ်။ စီစီတီဗီ တပ်တာတော့ ဟုတ်ပါပြီ။ မိမိ ကျောင်းရဲ့ စီစီတီဗီကို မိဘများကို ပေးပြခြင်းအားဖြင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဘာများ ဖြစ်လာနိုင်သလဲ။
တကယ်က ဆိုးကျိုးနဲ့ စာရင် ကောင်းကျိုး ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ကြားချတဲ့ အနေနဲ့ စီစီတီဗီကို local record အနေနဲ့ ထားပြီး ကျောင်းလာကြိုတဲ့ မိဘတွေ အနားယူနေနိုင်တဲ့ စောင့်ဆိုင်းနေရာများမှာ မော်နီတာ အကြီးကြီး တပ်ဆင်ပေးထားခြင်း အားဖြင့် ပြင်ပကို မိမိကျောင်းရဲ့ Data ပေါက်ကြားမှာ စိုးရိမ်စရာ မလိုဘဲ ကျောင်းသား မိဘများရဲ့ စိတ်ဝင်စားမှုကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနိုင်ခြင်းအားဖြင့် မိမိ ကျောင်းရဲ့ ကောင်းသတင်းကို ပိုမို မြှင့်တင်နိုင်ပါတယ်။ မိမိတို့ ကျောင်းရဲ့ ဂုဏ်သတင်း ပိုမို လူသိများ ထင်ရှား မိဘများ စိတ်ချယုံကြည်စေနိုင်ဖို့ သင့်တော်တဲ့ စီစီတီဗီ စနစ် တပ်ဆင်မယ်ဆိုရင် Team BOH က ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။