ဆက်သွယ်ပြောဆိုမှုကို အလေးထား ဦးစားပေး လုပ်ဆောင်ကြရတဲ့ သတင်းအချက်အလက် နည်းပညာ ခေတ်ကြီးမှာ ချောမွေ့ပြေပြစ်တဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးဟာ အထူး အရေးပါတဲ့ စီးပွားရေး အောင်မြင်ရေး အင်္ဂါရပ် တစ်ခု ဖြစ်ပါတယ်။ ကော်ပိုရိတ် ရုံးတွေအတွက်ဆိုရင်တော့ သေချာကျနစွာ ပုံစံထုတ်ထားပြီး စနစ်ကျစွာ တပ်ဆင်ထားတဲ့ ရုပ်သံစနစ် (Audio Visual) စနစ်တစ်ခုဟာ အထူး အရေးကြီးပါတယ်။

လုပ်ငန်းအတွက် အရေးကြီးတဲ့ စည်းဝေးညှိနှိုင်းမှု လုပ်ဆောင်ရာမှာ အားလုံး ပါဝင်နိုင်သော ကြည်လင်ပြတ်သားပြီး စီးမျောပါဝင်နိုင်တဲ့ ရုပ်သံစနစ်ဟာ အောင်မြင်တဲ့ စည်းဝေးလုပ်ဆောင်နိုင်မှုအတွက် မရှိမဖြစ်ဖြစ်ပါတယ်။ ဒီလို စည်းဝေးခန်းမများအတွက် မပါမဖြစ်တွေက

၁။ အရုပ်ပိုင်းဆိုင်ရာ

အခန်းတွင်း တက်ရောက်သူ အားလုံး ပြတ်သားကြည်လင်စွာ မြင်ရနိုင်တဲ့ Screen လိုအပ်ပြီးတော့ ဒါဟာ ရီစိုလူးရှင်းကောင်းမွန်သော Screen သို့မဟုတ် ပရိုဂျက်တာ တပ်ဆင်ဖို့ လိုပါတယ်။

၂။ အသံပိုင်းဆိုင်ရာ

ကြည်လင်ပြတ်သားသော အသံထွက်အတွက် အရည်အသွေးကောင်းတဲ့ စပီကာများကို စနစ်ကျစွာ နေရာချပြီး အခန်းတွင်း ညီမျှသော အသံလွှမ်းခြုံမှု ရရှိအောင် တပ်ဆင်ဖို့ လိုပါတယ်။

တပ်ဆင်မဲ့ မိုက်ခရိုဖုန်းစနစ်က တစ်ခန်းလုံးကို နေရာအကြားအလပ်မရှိ ဖမ်းယူနိုင်တဲ့ ပြောဆိုသူရဲ့ အသံကို တိပကြည်လင်စွာ ဖမ်းယူနိုင်စေဖို့ စဉ်းစားပေးရပါမယ်။

Echo သံတွေ မဖြစ်ပေါ်စေဖို့ တပ်ဆင်တဲ့ စနစ်မှာ Echo Cancellation စနစ်ပါဝင်သင့်ပါတယ်။

၃။ Video Conferencing စနစ်

အခန်းတွင်း တက်ရောက်သူအားလုံးကို မြင်ကွင်းထဲ မြင်ရစေမဲ့ HD Resolution ရတဲ့ PTZ Camera မျိုး ရွေးချယ် သင့်ပါတယ်။ ရုပ်ထစ်နေတာမျိုး၊ အဝိုင်းလည်နေတာမျိုး မဖြစ်စေဖို့အတွက် Internet Speed ကောင်းကောင်းလည်း လိုပါတယ်။

အသုံးပြုတဲ့ Conferencing စနစ်ဟာ သုံးစွဲသူအားလုံးအတွက် အလွယ်တကူ နားလည်ကျွမ်းဝင်လွယ်တဲ့ စနစ် ဖြစ်ဖို့ လိုပါတယ်။

၄။ ထိန်းချုပ်စနစ်

အသုံးပြုသူအားလုံးနဲ့ အကျွမ်းတဝင်ဖြစ်လွယ်တဲ့ ဗဟို ထိန်းချုပ်စနစ် ဖြစ်သင့်ပါတယ်။ VGA, HDMI အပြောင်းအလဲ လုပ်တာ ဖြစ်စေ၊ အသံအတိုးအကျယ် လုပ်တာ ဖြစ်စေ၊ အခြား AV ဆိုင်ရာ ထိန်းချုပ်မှု လုပ်ငန်းများ လုပ်ဆောင်တာ ဖြစ်စေ တစ်နေရာတည်းက ထိန်းချုပ်ကြီးကြပ်တဲ့ စနစ် ဖြစ်သင့်ပါတယ်။

အခန်းတွင်း မီးအလင်းရောင်ကို ချိန်ညှိတာ၊ အဲယားကွန်းကို တက်ရောက်သူ ပမာဏအလိုက် အတင်အချ လုပ်တာတွေကိုလည်း ဗဟိုထိန်းချုပ်စနစ်ကနေ ထိန်းချုပ်နိုင်စွမ်း ရှိအောင် တပ်ဆင်သင့်ပါတယ်။

၅။ ထပ်တိုးတပ်ဆင်ဖွယ်ရာများ

HDMI, VGA စတာတွေကို လှည့်ကြည့်နေစရာ မလိုဘဲ ဘယ်ကိရိယာမဆို ကြိုးမဲ့ ပရီဆန်တေးရှင်းစနစ်နဲ့ ချိတ်ဆက် ပရီဆန်တေးရှင်း လုပ်နိုင်အောင် တပ်ဆင်ဖို့ စီစဉ်သင့်ပါတယ်။

ပူးတွဲလုပ်ဆောင်နိုင်စွမ်းနဲ့ ဦးနှောက်မုန်တိုင်းဆင်ခြင်း အစီအမံများအတွက် ထိတွေ့မျက်နှာပြင်များ ပူးတွဲ တပ်ဆင် သင့်ပါတယ်။

တပ်ဆင်တဲ့ ကြိုးများ၊ ကိရိယာများကို စနစ်ကျနစွာ တပ်ဆင်ခြင်းအားဖြင့် ရှုပ်ထွေးနေသော ဝန်းကျင် မဖြစ်စေဖို့ စီမံသင့်ပါတယ်။

သတိထားသင့်တာတွေက အက်ခိုးသံ ကင်းဝေးဖို့နဲ့ စပီကာများက ထွက်တဲ့ အသံအရည်အသွေး အပြည့်အဝ နားဆင်နိုင်စေဖို့ အခန်းနံရံနဲ့ မျက်နှာကြက်၊ ကြမ်းပြင်များကို အသံပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်သင့်ပါတယ်။

ပရီစန်တေးရှင်းနဲ့ ဦးနှောက်မုန်တိုင်းဆင်ခြင်း စတဲ့ မတူတဲ့ အခင်းအကျင်းအတွက် လိုအပ်တဲ့ အလင်းပမာဏများ ချိန်ညှိပေးနိုင်စွမ်းရှိတဲ့ စနစ်အဖြစ် တပ်ဆင်သင့်ပါတယ်။

အခန်းရဲ့ ပစ္စည်းကိရိယာများ အသုံးပြုပုံ နည်းစနစ်များကို သက်ဆိုင်တဲ့ ဝန်ထမ်းများအားလုံး အကျွမ်းတဝင် ဖြစ်စေဖို့ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။

ဒီလို တည်ဆောက်မှသာလည်း မိတ်ဆွေရဲ့ အစည်းအဝေးခန်းဟာ အကျိုးသက်ရောက်မှု ကောင်းတဲ့ စည်းဝေးခန်း၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဦးနှောက်မုန်တိုင်းဆင်ရာ နေရာကောင်း တစ်ခု အဖြစ် အကျိုးရှိစွာ အသုံးချနိုင်တဲ့ လုပ်ငန်း ဆထက်တပိုး တိုးတက်ကြီးပွားစေရာ နေရာဌာနတစ်ခု ဖြစ်လာမှာ မလွဲ ဧကန်ပင် ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *