စီစီတီဗီ​ကင်မရာ စနစ်တစ်ခု တပ်ဆင်ဖို့ ရွေးချယ်တဲ့အခါ များပြားလှတဲ့ အမှတ်တံဆိပ်၊ စံနှုန်းသတ်မှတ်ချက်များကြားမှာ ရွေးချယ်မှု မှန်ကန်စေဖို့ လိုအပ်ပါတယ်။ ဒီလို ရွေးချယ်ဖို့အတွက် စီစီတီဗီကင်မရာ ရွေးချယ်ဖို့ စံနှုန်းအနေနဲ့ ဒီအချက် လေးချက်ကို စဉ်းစားပြီး ရွေးရပါတယ်။ ဒီအဆင့်လေးဆင့်အတွက် တိုင်းတာတဲ့ ယူနစ်အနေနဲ့ PPM (Pixel Per Meter) ကို အသုံးပြုပါတယ်။ ပြင်ပ လက်တွေ့အကွာအဝေး တစ်မီတာရှိတဲ့ ပမာဏကို ကင်မရာမြင်ကွင်းထဲ pixelဘယ်လောက်နဲ့ ပြသလဲ ဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။ PPM မြင့်လာတာနဲ့ အမျှ resolution လည်း မြင့်လာသလို ကင်မရာရဲ့ တန်ဖိုးလည်း မြင့်လာလေ့ရှိပါတယ်။ ဒီအတွက် မှန်ကန်တဲ့ ရွေးချယ်မှု ပြုနိုင်စေဖို့ ဘယ်အချက်တွေက အဓိက စဉ်းစားရမလဲ လေ့လာရအောင်ပါ။ 

Detection (25 PPM)

ကင်မရာမြင်ကွင်းထဲ အရာဝတ္တုတစ်ခု ဝင်ရောက်လာခြင်း၊ ထွက်သွားခြင်း၊ ရွေးလျားခြင်း စတာတွေကို သိတယ် မြင်တယ်ဆိုရုံလေးပဲ ရိုက်ကူးရုံသက်သက်ပဲ ဖြစ်တဲ့ အခြေခံအကျဆုံး စီစီတီဗီတပ်ဆင်မှု တစ်ခု ဖြစ်ပါတယ်။ 

Observation (62 PPM)

မြင်ကွင်းထဲ ရိုက်ကူးထားတဲ့ အရာဝတ္ထုရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်နိုင်စေလောက်တဲ့အထိ ပုံရိပ်အရည်အသွေး မြင့်မားတဲ့ အဆင့်အထိ ရိုက်ကူးနိုင်တဲ့ ကင်မရာ အမျိုးအစားဖြစ်ရပါမယ်။

Recognition (125 PPM)

ရိုက်ကူးထားတဲ့ မြင်ကွင်းထဲပါတဲ့ သတင်းအချက်အလက်များကို ဖတ်ရှုသုံးသပ် အကဲဖြတ်နိုင်တဲ့အထိ တိကျ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်များ ဖမ်းယူနိုင်စေတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မြင်ဖူးထားပြီးသား ရင်းနှီးတဲ့ မျက်နှာပေါက်၊ ကိုယ်လုံးကိုယ်ထည် ရှိတဲ့ လူပုဂ္ဂိုလ်စတာတွေကို မှတ်မိနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။

Identification (250 PPM)

ရိုက်ကူးထားတဲ့ မြင်ကွင်းထဲ ပါသမျှကို သိသူဖြစ်စေ မသိသူဖြစ်စေကာမူ မျက်နှာအသွင်အပြင် အသားအရောင် ဝတ်ဆင်ထားတဲ့ အဝတ်အထည်ကအစ တိတိပပ ပြောနိုင်လောက်တဲ့ အထိ တိကျပြတ်သားတဲ့ ရုပ်ထွက်ကို ရရှိစေနိုင်ဖို့အထိ ပြတ်သားတဲ့ ရုပ်ထွက်ကို ရိုက်ကူးတဲ့ အဆင့်ဖြစ်ပါတယ်။ 

အထက်က အဆင့်လေးဆင့်ကို အတိုကောက်အားဖြင့် DORI လို့ခေါ်လေ့ရှိကြပါတယ်။ DORI ကို သိထားရင် ဘာအကျိုးရှိမလဲ။ မတူတဲ့ ကင်မရာ အမျိုးအစားတွေကို ယှဉ်တွဲသုံးသပ် အကဲဖြတ်ဖို့ DORI ကို သုံးရပါတယ်။ DORI အဆင့်မြင့်လေလေ စျေးကြီးလေ ဖြစ်တတ်တာမို့ တကယ် အသုံးလိုအပ်မှုနဲ့ ကိုက်ညီမဲ့ DORI Level ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ DORI မှာ ထည့်သွင်းစဉ်းစားထားခြင်း မရှိတာက Weatherproofing, Night Vision နဲ့ Audio Recording စတာတွေတော့ ပါဝင်မှု မရှိသေးတာကို သတိထားမိစေဖို့လိုအပ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *