————————

Extra Low Voltage (ELV) စနစ်များသည် အဆောက်အဦများမှာ ဘေးကင်းရေး၊ ဆက်သွယ်ရေးနှင့် အလိုအလျောက် ထိန်းကျောင်းမောင်းနှင်ခြင်း စနစ်ဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ကျောရိုးအဖြစ် ဆောင်ရွက်ပေးသည့် ခေတ်မီတိုးတက်သော အခြေခံအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ELV စနစ်ဒီဇိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ခြင်းအားဖြင့် အင်ဂျင်နီယာများ၊ တစ်ခုထက်ပိုသော စနစ်များ ပူးပေါင်း တွဲဆက်လုပ်ကိုင်သူများနှင့် ပရောဂျက်မန်နေဂျာများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဤဆောင်းပါးမှာ နည်းပညာအရ ခိုင်မာပြီး အနာဂတ်အဆင်သင့် ELV ဖြေရှင်းချက်များကို ဖန်တီးရန်အတွက် ချဲ့ထွင်ထားသော လမ်းညွှန်ချက် တစ်ရပ်ကို ပံ့ပိုးပေးသည့် စနစ်ဒီဇိုင်း၊ ပေါင်းစည်းမှုနှင့် စီစဉ်ခြင်းဆိုင်ရာ အဆင့်မြင့် သဘောတရားများကို ထည့်သွင်းဆွေးနွေးထားပါတယ်။

ELV System ဆိုတာဘာလည်း

————————

ELV System ဆိုတာ ပုံမှန် လျှပ်စစ်အားပေးရေး စနစ်ထက် အတော်လေး လျော့နည်းတဲ့ လျှပ်စစ်အား AV Volt ၅၀ သို့မဟုတ် DC Volt 120 ထက် လျော့နည်းသော ဗို့လ်အား အသုံးပြု အလုပ်လုပ်တဲ့ စနစ်များ ဖြစ်ကြပါတယ်။ ELV အသုံးချ စနစ်များ အနေဖြင့် အဆောက်အဦးများအတွက် လုပ်ဆောင်နိုင်စွမ်း တိုးတက်မြင့်မားစေရေး၊ လုံခြုံအန္တရာယ်ကင်းရှင်းစေရေးနဲ့ စီမံထိန်းချုပ်နိုင်စွမ်းရည် မြင့်မားစေရေး အသုံးချမှု ပုံစံအများအပြား ရှိကြပါတယ်။ လုပ်ငန်းကဏ္ဍအားဖြင့် အကြမ်းဖျဉ်းခွဲကြည့်မယ်ဆိုရင်

– ဆက်သွယ်ရေးဆိုင်ရာ စနစ်များ

အဆောက်အဦးတွင်း ဆက်သွယ်သော တယ်လီဖုန်း၊ အင်တာကွန်းနှင့် လူအများ သိစေရေး ကြေငြာချက် ထုတ်လွှင့်တဲ့ PA စနစ်တို့ ပါဝင်ကြပြီး တပ်ဆင်ထားရာ အဆောက်အဦးအတွင်း နေထိုင်ကြသူများ အကြား အကြားအလပ်မရှိ၊ ချော့မွေ့စွာ ပြောဆို ဆက်သွယ်နိုင်ရေးကို ရည်ရွယ် ဦးတည်ပါတယ်။

– လုံခြုံအန္တရာယ်ကင်းရှင်းရေး စနစ်များ

စီစီတီဗီ မှတ်တမ်းတင်စနစ်များ၊ တံခါး အဝင်အထွက် ထိန်းချုပ် စနစ်များနှင့် ခွင့်ပြုမထားသော ချဉ်းနင်း ဝင်ရောက်မှုကို အာရုံခံ အသိပေး စနစ်များ ပေါင်းစပ်ပြီး စောင့်ကြည့်မှတ်တမ်းပြု ခြင်းအားဖြင့် အန္တရာယ်ကင်းရှင်းသော ဝန်းကျင် တစ်ခု ဖြစ်စေရေး ဦးတည်ပါတယ်။

– စနစ်များ အလိုလျောက် ထိန်းကျောင်းမောင်းနှင်ခန့်ခွဲ စနစ်များ

အဆောက်အဦးအတွင်းရှိ စနစ်များ၊ မီးအလင်းအမှောင် စီမံခန့်ခွဲမှု စနစ်၊ လေဟောင်းလေသစ် လဲလှယ်ခြင်း စနစ်များ စတဲ့ တစ်ခုထက် ပိုသော စနစ်များကို တွဲဆက် ထိန်းကျောင်း မောင်းနှင်ခြင်းအားဖြင့် စွမ်းအင်အကျိုးရှိမှု မြှင့်တင်ပေးခြင်း၊ ထိန်းကျောင်းမောင်းနှင်ရမှု ပိုမို ကောင်းမွန် သက်သာစေခြင်းနှင့် ကွပ်ကဲရ ပိုမို လွယ်ကူရိုးစင်း စနစ်ကျစေခြင်းတို့အတွက် ဦးတည်ပါတယ်။

– ဖျော်ဖြေရေးစနစ်များ

အဆင့်မြင့် ရုပ်သံစနစ်များ၊ IPTV နဲ့ Digital Signage စနစ်များဟာ သုံးစွဲသူ လုပ်ငန်းမိတ်ဆွေများအတွက် ပို၍ ကောင်းမွန်သော ထိတွေ့မှု၊ စိတ်ကျေနပ်မှုကို ရရှိစေဖို့အတွက် ရည်ရွယ်ပါတယ်။ 

– Data Networks များ

Structured Cabling နှင့် LAN, Wifi စနစ်များ တည်ဆောက်ခြင်းအားဖြင့် ယနေ့ နည်းပညာခေတ်ရဲ့  စိန်ခေါ်မှု ကြီးမားတဲ့ စိတ်ချယုံကြည်ရပြီး မြန်နှုန်းမြင့်မားတဲ့ ကွန်ရက် တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။

အထက်က စနစ်များကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက် တွဲဆက်လုပ်ဆောင်စေခြင်းအားဖြင့် Smart ဖြစ်သော စွမ်းအင် သုံးစွဲမှု အရည်အသွေးပိုကောင်းသော သုံးစွဲသူ ပို၍ လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ပြီး လုပ်ကိုင်နိုင်စွမ်း၊ ပို၍ လုံခြုံအန္တရာယ်ကင်းဝေးသော နေထိုင်သွားလာသူများ စိတ်ချမ်းမြေ့ဖွယ် ဝန်းကျင်တစ်ခု တည်ဆောက်နိုင်စေဖို့ အတွက် အထူး အထောက်အကူ ပြုစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ELV System Design အတွက် မသိမဖြစ် စဉ်းမျဉ်းများ

————————

၁။ အဆောက်အဦး သုံးစွဲသူရဲ့ လိုအပ်ချက်ကို တိကျစွာ နားလည်ခြင်း

– ဦးစွာ စီမံကိန်းမှာ ပါဝင်ကြသူများအားလုံးနှင့် အသေးစိတ် ထဲထဲဝင်ဝင် ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် စီမံကိန်းရဲ့ အဓိက ဦးတည်ချက်၊ ရည်ရွယ်ချက်၊ စနစ်အားဖြင့် လုပ်ဆောင်ပေးနိုင်ရမည့် လုပ်ဆောင်ချက်များနဲ့ အန္တိမ ရည်မှန်းချက်တို့ကို ဖော်ထုတ်နိုင်အောင် ကြိုးစားရပါမယ်။ 

– တပ်ဆင်မဲ့ အဆောက်အဦးအမျိုးအစား (လူနေတိုက်ခန်းလား၊ စျေးဝယ်စင်တာလား၊ ရုံခန်းများစွာ ပါဝင်သော ရုံးအဆောက်အဦးလား စသည်ဖြင့်)၊ လာရောက် တည်းခို၊ နေထိုင်၊ အသုံးပြုမဲ့သူများရဲ့ အလေ့အထ၊ သုံးစွဲမှု ပုံစံနဲ့ သူတို့ရဲ့ လိုအပ်ချက်များ စသည်တို့ကို ထည့်သွင်း စဉ်းစားတွက်ချက်ဖို့ လိုပါတယ်။ 

– များမကြာခင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာ အဆင့်မြင့်လာမှုကို လိုက်လျောညီထွေ ဖြစ်စေရေးအတွက်လည်း ထည့်သွင်း စဉ်းစားရပါမယ်။ 

၂။ စံအရည်အသွေး ကိုက်ညီသော စနစ်တည်ဆောက်ခြင်း

– TIA/ EIA နဲ့ ISO/IEC အစရှိတဲ့ နိုင်ငံတကာစံချိန်စံညွှန်းများကို အလေးဂရုပြု ကိုက်ညီစေရးအတွက် နဲ့ အားကိုး အားထား ပြုရနိုင်စေရေး အတွက် လိုက်နာ ပုံစံထုတ်ဖို့ အရေးကြီးပါတယ်။

– စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကိရိယာများ၊ ပရိုတိုကောများနှင့် တပ်ဆင်ပုံ နည်းနာနိဿယများကို အသုံးပြုပြီး ရေရှည်ပြင်ဆင်ထိန်းသိမ်းနိုင်မှုနဲ့ အဆင့်မြှင့်တင်နိုင်စွမ်းတို့ကို ထည့်သွင်း စဉ်းစား တွက်ချက်ရပါမယ်။ 

– ဒေသိယ စံနှုန်းနဲ့ စဉ်းမျဉ်းများနဲ့ ကိုက်ညီစေရေးနှင့် စနစ် မောင်းနှင်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုများကို ထည့်သွင်း စဉ်းစား ပုံစံထုတ်ရပါမယ်။

၃။ ပြင်လွယ်ပြောင်းလွယ်၍ အဆင့်မြှင့်နိုင်စွမ်းကောင်းသော စနစ်ဖြစ်ခြင်း

– ရေရှည်အတွက် အကြားအလပ်မရှိ ထပ်တိုးတပ်ဆင်နိုင်စေရေးနဲ့ နည်းပညာအဆင့်မြှင့်တင်နိုင်ရေး ထည့်သွင်း တွက်ချက်ရပါမယ်။

– နည်းပညာသစ်များကြောင့် ပြောင်းလွဲတပ်ဆင်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအလဲများကို လက်ခံနိုင်စေရေး အတွက် တွဲဆက်လွယ်သော အစိတ်အပိုင်းများကို ရွေးချယ်ရပါမယ်။

– စနစ် လုပ်ဆောင်နိုင်စွမ်းရည်ကို ထိန်းသိမ်းနိုင်စေရေးအတွက် ကိရိယာပိုင်းဆိုင်ရာ အမာထည် အပျော့ထည် နှစ်မျိုးလုံးအတွက် ထပ်တိုး ချဲ့ထွင်နိုင်မှုကို စိုးရိမ်စရာ နည်းပါးစေရေး အတွက် ကြိုတင် စီမံ ဆောင်ရွက်ရပါမယ်။ 

၄။ တစ်ခုထက်ပိုသော စနစ်များ အချင်းချင်း ချိတ်ဆက်နိုင်အောင် တည်ဆောက်ခြင်းနှင့် ချိတ်ဆက်နိုင်စွမ်း ရှိခြင်း

– BMS, စီစီတီဗီ၊ အဝင်အထွက် ထိန်းချုပ်စနစ်များနှင့် မီးအလင်းအမှောင် ထိန်းညှိစနစ်စစည်တို့ အချင်းချင်း ကောင်းမွန်စွာ ဆက်သွယ်ပြီး သတင်းအချက်အလက် အလွယ်တကူ ဖလှယ်နိုင်စေရေး ထည့်သွင်း စဉ်းစားရပါမယ်။

– BACnet, Modbus နဲ့ KNX တို့လို Open Protocols အချင်းချင်း ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့အတွက် စဉ်းစားရပါမယ်။

– အချိန်နဲ့ တပြေးညီ စောင့်ကြပ်ကြည့်ရှုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြစ်ချက်ရှာဖွေ ဖြေရှင်းခြင်းတို့ကို လွယ်ကူ ရိုးစင်းစေဖို့ ဗဟိုတစ်နေရာတည်းက ထိန်းချုပ်တဲ့ စနစ်မျိုး ဦးစားပေး တည်ဆောက်ဖို့ စဉ်းစားရပါမယ်။

၅။ Power နှင့် ချို့ယွင်းဒဏ်ခံနိုင်ရည်အတွက် ကြိုတင် ထည့်သွင်း စဉ်းစားတည်ဆောက်ခြင်း

– အရေးပေါ် အခြေအနေမှာတောင် ပြစ်ချက်အနည်းဆုံး ဖြစ်စေနိုင်တဲ့ Uninterruptible Power Supplies (UPS) တို့ကဲ့သို့ Power Backup စနစ် တည်ဆောက်ပါ။

– ကိရိယာတစ်ခု ချို့ယွင်းတာနဲ့ စနစ်ကြီးတစ်ခုလုံး ချို့ယွင်းသွားတာမျိုး မဖြစ်စေဖို့ အလွယ်တကူ ပြင်လွယ် ပြုလွယ်တဲ့ ဒီဇိုင်းမျိုး ထုတ်လုပ်ပါ။

– စွမ်းအင် အကျိုးရှိစွာ သုံးနိုင်ပြီး ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထာဝစဉ်ညီ ဖွံ့ဖြိုးစေတဲ့ ရည်မှန်း ဦးတည်ချက်မျိုး ချမှတ် ပုံစံထုတ်ပါ။ 

ELV System Design အတွက် မသိမဖြစ် လှေကားထစ်များ

————————

၁။ ပဏာမ အကဲဖြတ်ခြင်း

– နဂိုလ် ရှိပြီးသား အခြေခံ အဆောက်အဦများကို အကဲဖြတ် သုံးသပ်ရန်နှင့် ကန့်သတ်ချက်များကို ဖော်ထုတ်ရန် လိုအပ်သော Site Survey များကိုလုပ်ဆောင်ပါ။

– လိုက်နာရမည့် အဆောက်အဦး ဆိုင်ရာကုဒ်များ၊ ဇုန် ခွဲခြားခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ဒေသန္တရ လိုက်နာရမည့် စည်းမျဉ်းများကို အကျွမ်းတဝင်ရှိစေဖို့ ဆောင်ရွက်ပါ။

– ပတ်ဝန်းကျင်အခြေအနေများ သို့မဟုတ် နေရာအကျယ်အဝန်း အကန့်အသတ်များ ကဲ့သို့သော အလားအလာရှိသော စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး လျော့ပါးသက်သာစေရေး ဗျူဟာများကို ရေးဆွဲပါ။

၂။ System Concept Design

– ELV စနစ်ခွဲများအားလုံးနှင့် ၎င်းတို့၏ အပြန်အလှန်ချိတ်ဆက်မှုများကို သရုပ်ဖော်သည့် Concept Designကို ဖန်တီးရေးဆွဲပါ။

– ထိန်းချုပ်ကိရိယာများ၊ အာရုံခံကိရိယာများ၊ ကေဘယ်ကြိုးများနှင့် အသုံးပြုသူကြားခံများ အပါအဝင် အဓိကအစိတ်အပိုင်းများကို သိသာ မြင်သာစေဖို့ မှတ်ချက်ပြု အလေးပေး ဖော်ပြပါ။

– စီမံကိန်းနှင့် သက်ဆိုင်သူများနှင့် တိုင်ပင်ပြီး တည်ဆောက်မဲ့ စနစ်ရဲ့ ဦးတည်ရည်မှန်းချက်များ၊ စွမ်းဆောင်ရည်စံနှုန်းများနှင့် လုပ်ဆောင်နိုင်စွမ်းလိုအပ်ချက်များကို သတ်မှတ်ပါ။

၃။ အသေးစိတ် ဒီဇိုင်းနှင့် အင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်မှု

– ဝါယာကြိုး ပြေးဆွဲပုံ ပုံသဏ္ဍာန်များ၊ စက်ပစ္စည်း ဝယ်ယူ ပေးပို့ တပ်ဆင်ရန် အချိန်ဇယားများနှင့် စနစ်ပုံများ အပါအဝင် အသေးစိတ်ဒီဇိုင်းစာရွက်စာတမ်းများကို ပြုစုပါ။

– ကေဘယ်အမျိုးအစားများ၊ တပ်ဆင်ပြေးဆွဲမည့် ပိုက်များ ကြိုးပြေး Trunking များ၊ တပ်ဆင်ခြင်း အစီအစဉ်များကဲ့သို့သော အစိတ်အပိုင်းများကို သတ်မှတ်ပါ။

– ပေးပို့သော သတင်းအချက်အလက် ပျောက်ရှမှု မရှိစေရေး ၊ လျှပ်စစ်နှင့် စပ်ဆိုင်သော ဝန်အားချိန်ညှိမှုနှင့် စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို တိကျသေချာစေရန် တွက်ချက်မှုများလုပ်ဆောင်ပါ။

၄။ စနစ်များ ချိတ်ဆက် ဆောင်ရွက်ရေး စီမံချက်

– စနစ်များ ချိတ်ဆက်၍ ချောမွေ့စွာလည်ပတ်မှုကို သေချာစေရန် HVAC သို့မဟုတ် လျှပ်စစ်စနစ်များကဲ့သို့သော အခြားအဆောက်အဦဝန်ဆောင်မှုများနှင့် ချိတ်ဆက် ပေါင်းစပ်ထားသော အချက်များကို ခွဲခြားသတ်မှတ်ပါ။

– ဗဟိုချက် တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်း စောင့်ကြပ် ကြည့်ရှုနိုင်အောင် တည်ဆောက်ခြင်းနှင့် ချောမွေ့သောစီမံခန့်ခွဲမှုအတွက် ဗဟိုချုပ်ကိုင်မှု ကောင်းမွန်သော ဒီဇိုင်းဆွဲပါ။

– အပြန်အလှန်လုပ်ဆောင်နိုင်မှုဆိုင်ရာ ပြဿနာများကိုရှောင်ရှားရန် ပစ္စည်းထုတ်လုပ် ရောင်းချသူ အများအပြား၏ မတူသော ကိရိယာ အစိတ်အပိုင်းများအကြားသဟဇာတဖြစ်မှုကိုစစ်ဆေးပါ။

၅။. အကောင်အထည်ဖော်ခြင်းနှင့် စမ်းသပ်ခြင်း

– ဒီဇိုင်းသတ်မှတ်ချက်များနှင့် အကောင်းဆုံးအလေ့အကျင့်များကို တိကျစွာ လိုက်နာမှုရှိစေရန် တပ်ဆင်ခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ပါ။

– စနစ်ခွဲတစ်ခုစီ၏ စွမ်းဆောင်ရည်ကို မှန်ကန်ကြောင်း အတည်ပြုရန် ပြင်းထန်သော စမ်းသပ်မှုများကို လုပ်ဆောင်ပါ။

– စနစ်၏ အသုံးဝင်မှုနှင့် သက်တမ်းကို အမြင့်မားဆုံးဖြစ်စေရန်အတွက် အသုံးပြုသူများနှင့် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားပေးပါ။

အဖြစ်များသော စိန်ခေါ်မှုများနှင့် ဖြေရှင်းချက်များ

အခြားဝန်ဆောင်မှုများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

– ပရောဂျက်တစ်လျှောက်လုံး လျှပ်စစ်၊ HVAC၊ မြို့ပြအင်ဂျင်နီယာအဖွဲ့များနှင့် ရှင်းလင်းသော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။


– အပြင်အဆင်များကိုညှိနှိုင်းပြီး ပဋိပက္ခများကို ထိရောက်စွာဖြေရှင်းရန် Building Information Modeling (BIM) ကဲ့သို့သော အဆင့်မြင့်ကိရိယာများကို အသုံးပြုပါ။

ဘတ်ဂျက်ကန့်သတ်ချက်များ

– အရေးကြီးသောစနစ်၏လုပ်ဆောင်နိုင်စွမ်းများကို ဦးစားပေးပြီး အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေရန် အတွက် အရင်းအမြစ်များကို တရားမျှတစွာခွဲဝေပါ။

– အဆင့်လိုက် အကောင်အထည်ဖော်မှုများနှင့် အတိုင်းအတာအထိ လုပ်ဆောင်နိုင်သော နည်းပညာများအပါအဝင် စရိတ်သက်သာသော ဖြေရှင်းချက်များကို စူးစမ်းပါ။

– ဘတ်ဂျက်အသုံးပြုမှုကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ကုန်ကျစရိတ်များလွန်ကဲခြင်းကို ကာကွယ်ရန် ထိရောက်သောပရောဂျက်စီမံခန့်ခွဲမှုဗျူဟာများကို အသုံးချပါ။

လျင်မြန်တဲ့ နည်းပညာပြောင်းလဲမှု

– ELV နည်းပညာများတွင် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများနှင့် ဆန်းသစ်တီထွင်မှုများအကြောင်း အသိပေးပါ။

– အနှောင့်အယှက်အနည်းဆုံးဖြင့် နည်းပညာအသစ်များကို ပေါင်းစပ်နိုင်သော လိုက်လျောညီထွေဖြစ်စေနိုင်သော စနစ်များကို ဒီဇိုင်းဆွဲပါ။

– စနစ်များကို ခေတ်မီပြီး ထိရောက်မှုရှိစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအစီအစဉ်ကို ချမှတ်ပါ။

အနှစ်ချုပ်အားဖြင့် ဆိုရသော် ELV စနစ်တစ်ခုကို ဒီဇိုင်းပုံစံဆွဲခြင်းအတွက် စေ့စပ်သေချာစွာ စီစဉ်ခြင်း၊ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုနှင့် အကောင်းဆုံးအလေ့အကျင့်များကို လိုက်နာမှု လိုအပ်သည့် ရှုပ်ထွေးပင် ရှုပ်ထွေးငြားသော်လည်း အကျိုးရှိစေတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ တစ်ခုထက်ပိုသော စနစ်များ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အနာဂတ်မှာ ထပ်မံ တိုးချဲ့ အဆင့်မြှင့်တင်နိုင်မှုနှင့် သတ်မှတ်ထားသော စံနစ်ဆိုင်ရာ လိုက်နာစရာ စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်မှုကဲ့သို့သော အဆင့်မြင့် သဘောတရားများကို အာရုံစိုက်ခြင်းဖြင့်၊ အင်ဂျင်နီယာများနှင့် စနစ် ပေါင်းစည်းသူများသည် ခိုင်မာသော၊ ထိရောက်ပြီး အနာဂတ်အတွက် အသင့်ဖြစ်နေသော စံနစ်ပုံစံများကို ရရှိစေမှာ ဖြစ်ပါတယ်။ ကောင်းမွန်စွာ ဒီဇိုင်းထုတ်ထားသော ELV စနစ်သည် အဆောက်အဦ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက ရေရှည်တည်တံ့မှု၊ ဘေးကင်းမှုနှင့် ရေရှည်လုပ်ငန်းလည်ပတ်မှု အောင်မြင်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။ ထောင့်စေ့စွာ တွေးခေါ်မြော်မြင်ထားသော ဒီဇိုင်းနှင့် အကောင်အထည်ဖော်မှုတို့တွင် ရင်းနှီးမြုပ်နှံခြင်းအားဖြင့် ယနေ့ခေတ်လိုအပ်ချက်များနှင့် ကိုက်ညီပြီး ပိုမို ထက်မြက်သော၊ ပိုမိုခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေရှိသော အနာဂတ် လိုအပ်ချက်များကို ကိုက်ညီသော အခြေခံအဆောက်အအုံ ဖြစ်စေရေးအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *