Hybrid Meeting ဆိုတာ အချို့သော တက်ရောက်သူများက ရုံးမှာ ရှိတဲ့ အစည်းအဝေးခန်းမထဲ ကနေ အစည်းအဝေး တက်ရောက်ပြီး အချို့သော တက်ရောက်သူများက အဝေးတစ်နေရာကနေ အစည်း အဝေးတက်ရောက်တဲ့ အစည်းအဝေး ကျင်းပပုံစံ တစ်ခု ဖြစ်ပါတယ်။ ကိုဗစ်၁၉ ကာလမတိုင်ခင်တုံးက အရေအတွက် အနည်းအကျဉ်းသော နည်းပညာနဲ့ အကျွမ်းတဝင် ရှိကြတဲ့ လုပ်ငန်းအချို့ကသာလျှင် ဒီ စနစ်ကို အသုံးပြုခဲ့ကြပေမဲ့လို့ ကပ်ရောဂါကာလ နောက်ပိုင်းမှာ လုပ်ငန်းပမာဏ အများစုက ဒီ စနစ်ကို ကျင့်သုံးလာကြပြီလို့ ဆိုနိုင်ပါတယ်။ ဒီအတွက် ရုပ်သံပိုင်းစနစ်နဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာ အကူအညီကို ကောင်းမွန်စွာ အသုံးချနိုင်ဖို့ လိုအပ်လာပါတယ်။

Barco ရဲ့ အဆိုအရ နောက်ပိုင်းမှာ ကျင်းပသမျှသော အစည်းအဝေးတိုင်းရဲ့ ၂၉ ရာနှုံးက Hybrid Meeting တွေပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီတော့ လုပ်ငန်းများဟာ ဒီပြောင်းလဲမှုကို အလိုက်သင့် လိုက်ပါ ပြောင်းလဲနိုင်ဖို့ မလွဲမသွေ လိုအပ်လာပြီလို့ ဆိုနိုင်ပါတယ်။ 

ကောင်းမွန်တဲ့ Hybrid Meeting တစ်ခု အကြားအလပ်မရှိ ကျင်းပနိုင်စေဖို့အတွက် ပါဝင်တက်ရောက်သူများ မတူတဲ့ နေရာတွေမှာ ရှိနေသည့်တိုင် မိမိ တက်ရောက်ရာ နေရာတိုင်းက အစည်းအဝေးအတွင်း ပါဝင်ချိတ်ဆက် လုပ်ဆောင်နိုင်မှု ကောင်းမွန်ဖို့ လိုပါတယ်။ တက်ရောက်သူ အားလုံးရဲ့ ရုပ်ပုံနဲ့ ဆွေးနွေးချက်အကုန်ကို တက်ရောက်သူ အားလုံးက ကြည်လင် ပြတ်သား ရှင်းလင်းစွာ ကြားရမြင်ရဖို့ လိုအပ်ပါတယ်။ အစည်းအဝေးမှာ တင်ပြဆွေးနွေးတဲ့ presentation တွေကို တက်ရောက်သူအားလုံးက ရှင်းလင်းစွာ မြင်နိုင်ဖို့အတွက် ပြန်လည်ထုတ်လုပ်ပြသရာ ရုပ်သံပိုင်းဆိုင်ရာကလည်း အရေးပါလာပါတယ်။ တင်ပြဆွေးနွေးတဲ့ သတင်းအချက်အလက် အမျိုးအစား၊ အသေးစိတ် ကြည်လင် ရှင်းလင်း ပြတ်သားစွာ မြင်ရ ကြားရ နားလည်ရဖို့အတွက် Hybrid Meeting Room စနစ် တည်ဆောက်တဲ့ Audio Visual Designing ပိုင်းကလည်း အဓိက ကျလှပါတယ်။ 

ဖမ်းယူတဲ့ အရုပ်၊ အသံနဲ့ ပြန်လည် ထုတ်လုပ်ပြသတဲ့ အရုပ်၊ အသံ ဆိုင်ရာတွေ အရေးကြီးသလို ဆွေးနွေးတဲ့ အကြောင်းအရာကို မှတ်တမ်းတင်မှာလား၊ အစည်းအဝေးပြီးတာနဲ့ တပါတည်း recorded meeting minutes နဲ့ ဆွေးနွေးကြတဲ့ ရုပ်သံ၊ မှတ်တမ်းစတာတွေကို တက်ရောက်သူများ အားလုံးဆီကို တထိုင်တည်း ဝေမျှပေးမှာလား စတာတွေ တပါတည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်သလို၊ တစ်ဖက်ကလည်း အရေးကြီးတဲ့ အစည်းအဝေးကို ဘယ်သို့သော အခြေအနေမှာမဆို ပြတ်တောက်ခြင်း ကင်းစွာ ကျင်းပနိုင်စေဖို့ လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုကလည်း အရေးပါလှပါတယ်။

ဒီတော့ အကျဉ်းပြန်ချုပ်ရရင် အစည်းအဝေးခန်းမတစ်ခုအတွက် အရေးကြီးတဲ့ အရည်အသွေးကောင်းမွန်တဲ့ အရုပ်ရနိုင်စေဖို့ မိမိ သုံးစွဲမဲ့ အခန်းနဲ့ သင့်တော်လျော်ကန်တဲ့ ကင်မရာကို ရွေးချယ်နိုင်စေဖို့လိုပါတယ်။ တက်ရောက်သူ အကုန်လုံးကို လွှမ်းခြုံမြင်ရစေမဲ့ ကင်မရာမျိုး ဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ တစ်ဖက်က အဝေးကတက်ရောက်သူအားလုံးကို ထင်ရှားပြတ်သားစွာ မြင်နိုင်စေဖို့ ပရိုဂျက်တာ သုံးမှာလား၊ တီဗီသုံးမှာလား၊ LED Wall သုံးမှာလား၊ Videowall သုံးမှာလား ရွေးချယ်ရပါမယ်။

အစည်းအဝေးခန်းအတွက် တက်ရောက်နိုင်တဲ့ လူအရေအတွက်အလိုက် ကြည်လင်ပြတ်သားတဲ့ အသံဖမ်းယူနိုင်စေဖို့ အသံဆွဲအား ကောင်းတဲ့ မိုက်ခရိုဖုန်းကို ရွေးချယ်နိုင်စေဖို့ လိုပါတယ်။ တဖက်က ဆွေးနွေးဖက်များရဲ့ ဆွေးနွေးသံကို ကြည်လင်ပြတ်သားစွာ နားထောင်ရနိုင်စေဖို့ အသံပြန်လည် ထုတ်လွှတ်နိုင်မဲ့ စပီကာစနစ် ရွေးချယ်ဖို့ လိုပါတယ်။ 

ဆွေးနွေးမဲ့ အစည်းအဝေးပါ ဝေငှမဲ့ အချက်အလက်ပေါ်မူတည်ပြီး အားလုံး ပါဝင်ဆွေးနွေးနိုင်စေမဲ့ Video Conferencing စနစ် လိုအပ်ပါမယ်။ တင်ပြတဲ့ အချက်အလက်တွေဟာ ဗီဒီယို ရုပ်သံဖိုင်တွေပဲလား၊ စာရင်းဇယား အချက်အလက် တွေလား၊ မြေပုံနဲ့ အဆောက်အဦးပုံပြ အင်ဂျင်နီယာဆိုင်ရာ အချက်အလက်ကားချပ်တွေလား ဆိုတာပေါ်မှာ မူတည်ပြီးတော့ ဝင်ရောက်ဆွေးနွေးမဲ့ သူတွေကိုယ်တိုင် ဝင်ရောက်မှတ်သား ရေးသားနိုင်ဖို့ လိုမလား ဆိုတာတွေ ထည့်သွင်း စဉ်းစားဖို့ လိုပါမယ်။ 

တက်ရောက်ကြမဲ့ အစည်းအဝေးရဲ့ လိုအပ်ချက်များကို ကြိုတင်စဉ်းစား ပုံစံထုတ်ထားသော Hybrid Meeting စနစ် တစ်ခု ဖြစ်အောင် တည်ဆောက်နိုင်စေဖို့ လိုအပ်ချက်များ ဆွေးနွေးနိုင်စေဖို့ Team BOH ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *