အခု အချိန်ကာလဟာ ကျေးလက်မီးလင်းရေး စီမံကိန်းတွေ အရမ်းလုပ်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုံးသော ကျေးလက်နေ ပြည်သူများ လျှပ်စစ်မီး ရပြီး အလုပ်အကိုင် အခွင့်အလမ်းက အစ၊ ပညာသင်ယူမှု အဆုံး လူမှု စီးပွားဘဝ တိုးတက်စေဖို့အတွက် အခွင့်အလမ်းကောင်းများ ရရှိတော့မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ စီမံကိန်းထဲ ပါဝင်တဲ့ ကျေးလက်တွေ ရှိသလို အစိုးရရဲ့ စီမံကိန်းနဲ့ အလှမ်းဝေးနေသေးတဲ့ နေရာဒေသတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဆိုလာပါဝါနဲ့ အလုပ်လုပ်ကြဖို့အတွက် အများစု စဉ်းစားကြတဲ့ခါ အရင်းအနှီးများတာက ပထမဆုံး အကြောင်း တရား တခု ဖြစ်ပါတယ်။ သို့ပေမဲ့ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ပမာဏနဲ့ အသုံးချနိုင်တဲ့ ကာလပမာဏတို့ကို တွက်စစ်ကြည့်တဲ့ခါ ဆိုလာစွမ်းအင်ဟာ သဘာဝဝန်းကျင် ထိခိုက်နိုင်မှု အနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားအတွက် လောင်စာဆီ ရင်းမြစ် တစ်ခုခုကို မှီခိုနေရခြင်း ကင်းတဲ့ ကာလရှည်တွက်ခြေကိုက်တဲ့ အဖြေတစ်ခု အဖြစ် ရှိနေပါတယ်။ 

ဒီမှာ မိတ်ဆက်ပေးချင်တာက Standalone Mini Off-grid Solar Power Supply စနစ် အကြောင်း ဖြစ်ပါတယ်။ အကြမ်းဖျဉ်းပါဝင်တာက နေရောင်ခြည် စွမ်းအင်ဖမ်းယူစုဆောင်းပေးမဲ့ ဆိုလာပြား ၈ ချပ်ခန့် ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ ဆိုလာပြားတွေက ဖမ်းယူပေးထားတဲ့ လျှပ်စစ်စွမ်းအင်ကို စုဆောင်းပေးမဲ့ ဘက်ထရီအိုးများပါဝင်ပါမယ်။ စုဆောင်းရရှိထားတဲ့ ဘက်ထရီအိုးတွေထဲက DC လျှပ်စစ်စွမ်းအင်တွေကို အိမ်မီး အဖြစ် အသုံးချနိုင်ဖို့အတွက် ပြောင်းလဲပေးမဲ့ Inverter ပါဝင်ပါမယ်။ အဲဒီ ဆိုလာပြား တွေကို တပ်ဆင်ဖို့အတွက် နဲ့ ဘက်ထရီများ၊ အင်ဗာတာများနဲ့ အခြား ထိန်းချုပ် ကိရိယာများကို စနစ်တကျ တပ်ဆင် အထိုင်ချဖို့အတွက် ပေ ၂၀ အရှည်ရှိ Container တစ်လုံးပါဝင်မှာ ဖြစ်ပါတယ်။ အခု ပုံထဲမှာ ပါတဲ့ Solar Power Supply System အတိုင်းဆိုရင် 5KW အထိ ထုတ်လုပ်ပေးနိုင်တဲ့ Standalone Mini Off-grid Solar Power Supply ဖြစ်ပါတယ်။ 

product-catalogue
product-catalogue
product-catalogue
product-catalogue

အသုံးပြုနိုင်တဲ့ နေရာများကတော့ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေး မဟာဓာတ်အားလိုင်းနဲ့ အလှမ်းဝေးတဲ့ နေရာများအတွက် ပိုမို သင့်တော်ပါတယ်။ သာသနာရေး အဆောက်အဦးများ၊ ဘုရားကျောင်းကန်များအတွက်လည်း တပ်ဆင်လှူဒါန်းဖို့ သင့်တော်ပါတယ်။ ခန့်မှန်းကုန်ကျငွေအားဖြင့် ဆိုလာလျှပ်စစ်အား ၁ ဝပ်လျှင် မြန်မာကျပ်ငွေ ၅ ကျပ်မှ ၁၀ ခန့်အထိ အစားစား ရှိပါတယ်။ အသေးစိပ် သိရှိလိုပါလျှင် ကျွန်တော်များ BOH သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *