🔉Sound Masking Tech A2Z 🔉

ကော်ပိုရိတ်ရုံးခန်းများမှာ ဆွေးနွေးတဲ့ အကြောင်းအရာများကို ပုဂ္ဂလိကလုံခြုံရေးနဲ့ သတင်းလုံခြုံရေးအတွက် အထူး အလေးပေးလိုတဲ့ခါ သုံးတဲ့ နည်းပညာ တစ်ခု ဖြစ်ပြီး ဒီနည်းပညာနဲ့ ပတ်သက်တဲ့ Vocabulary လေးတွေ လေ့လာကြည့်ရအောင်ပါ။  A = Ambient Sound (ပတ်ဝန်းကျင်အသံ) Sound Masking ရဲ့ အခြေခံသဘောတရားက ပတ်ဝန်းကျင်မှာရှိတဲ့ နောက်ခံအသံ (Ambient Sound) ကို ထိန်းချုပ်ဖို့ပါပဲ။လူတွေဟာ တိတ်ဆိတ်နေတဲ့နေရာမှာ စကားပြောသံကို ပိုကြားရလွယ်ကူပါတယ်။ ဒါကြောင့် ရုံးခန်းတွေ၊ ဆေးရုံတွေမှာကိုယ်ရေးကိုယ်တာ လျှို့ဝှက်နိုင်မှု နည်းပါးတတ်ပါတယ်။ Sound Masking က ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။ B = Background Noise (နောက်ခံဆူညံသံ) Sound Masking ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် လူတွေ သတိမထားမိနိုင်တဲ့ နောက်ခံဆူညံသံ (Background Noise) ကိုထုတ်လွှတ်တဲ့ နည်းပညာတစ်ခုပါ။ ဒီအသံဟာ လေအေးပေးစက်အသံလို သဘာဝကျတဲ့ အသံမျိုးဖြစ်ပြီး နားထဲမှာ စူးစူးရှရှ မရှိပါဘူး။ ဒီအသံလေးက စကားပြောသံကို ဖုံးအုပ်ပေးပြီး အနှောင့်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ C = Confidentiality (လျှို့ဝှက်မှု) […]

🏙️ Mixed-Use Development Project Manager များအတွက် ELV System

Mixed-use development project တွေမှာ Residential, Commercial, Retail, Office, Hospitality အကုန်ပေါင်းစပ်ထားတဲ့အတွက် ELV (Extra Low Voltage) System က Project success အတွက် အဓိက role တစ်ခု ထမ်းဆောင်နေပါတယ်။ 📌 Notes Good-to-Know Notes • Integration Cost vs. Lifecycle Cost ELV system […]

Beamforming Microphone ဆိုတာ…

🎙️ Beamforming Microphone ဆိုတာဘာလဲMeeting Room တွေမှာ ဘာလို့ Beamforming Mic ကို သုံးသင့်သလဲ။ Modern Meeting Room တွေမှာ လူ ၆ ယောက်၊ ၈ ယောက်၊ ၁၂ ယောက် ထိုင်ပြီး Hybrid Meeting လုပ်ကြပါတယ်။ ဒါပေမယ့် မိုက်ကို Table အလယ်တစ်လုံးတည်း ထားလိုက်ရင် တစ်ခန်းလုံးက အသံကို “အလိုလို” ဖမ်းမိနိုင်မယ်လို့ ထင်မိကြတာ အလွဲတစ်ခုပါ။ 🔎 Beamforming Microphone ဆိုတာ တစ်လုံးတည်းသော Microphone ဟုတ်မနေပါဘူး။ အတွင်းမှာ တစ်ခုထက် ပိုတဲ့ Microphone Elements တွေပါဝင်ပြီးDigital Signal Processing (DSP) နဲ့ အသံရင်းမြစ်ကို“မျက်နှာမူ ဦးတည်ရွေးချယ်” နိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ စကားပြောတဲ့ သူဖက်ကို အလိုလျောက် ဦးတည်ပြီး ဦးစားပေး အသံဖမ်းပေးတဲ့ စနစ် ဖြစ်ပါတယ်။  Automatically Focus လုပ်ပေးနိုင်ပါတယ်။ 🎯 Beamforming Mic ရဲ့ အားသာချက်တွေကတော့ […]

AV Engineer အတွက် CTS ဆိုတာ

🔰 အရှေ့တောင်အာရှက AV Engineer တွေအတွက် CTS Certification အကြောင်း မင်္ဂလာပါ Team BOH မိတ်ဆွေများခင်ဗျာ။ ဒီတစ်ခါမှာ AV နယ်ပယ်က ညီအကိုမောင်နှမတွေအတွက် အကျိုးရှိမယ့် CTS (Certified Technology Specialist) လက်မှတ် အကြောင်း မျှဝေပေးချင်ပါတယ်။ အထူးသဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ AV လုပ်ကိုင်နေတဲ့အင်ဂျင်နီယာတွေအတွက် ဒီအသိအမှတ်ပြုလက်မှတ်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုပါတယ်။ 🤔 CTS ဆိုတာဘာလဲ AV နယ်ပယ်မှာ ကမ္ဘာအနှံ့ အသိအမှတ်ပြုထားတဲ့ အထင်ကရ ပရော်ဖက်ရှင်နယ် လက်မှတ်။ AVIXA အဖွဲ့အစည်းကြီးကကြီးမှူးချီးမြှင့်တာဖြစ်ပြီး AV စနစ်တွေကို ဒီဇိုင်းဆွဲတာ၊ တပ်ဆင်တာ၊ မောင်းနှင် ထိန်းချုပ်လည်ပတ်တာ၊ ပြဿနာဖြေရှင်းတာတွေမှာ လုပ်ကိုင်သူရဲ့ အရည်အချင်းကို နိုင်ငံတကာအဆင့်မှီ အတိုင်းအတာတစ်ခုနဲ့ အတည်ပြုပေးတာဖြစ်ပါတယ်။ 📜 CTS အဆင့်ဆင့် (၃) ဆင့် • CTS General – AV အခြေခံဗဟုသုတနဲ့ ကျွမ်းကျင်မှုကို စစ်ဆေး အတည်ပြုပေးပါတယ်။  • CTS-D (Design) – AV စနစ်ဒီဇိုင်းပိုင်းမှာ အထူးပြုကျွမ်းကျင်မှုရှိကြောင်း စိစစ် အတည်ပြုပေးပါတယ်။ • CTS-I (Installation) – AV စနစ်တပ်ဆင်ခြင်းနဲ့ ပေါင်းစည်းခြင်းအပိုင်းမှာ ကျွမ်းကျင်မှုရှိကြောင်း အတည်ပြုပါတယ်။ 🚀 AV Engineer တွေအတွက် အကျိုးကျေးဇူးများ ✅ ကမ္ဘာ့အဆင့်မှီ အသိအမှတ်ပြုမှု   နိုင်ငံတကာကုမ္ပဏီတွေ၊ ပရောဂျက်တွေမှာ သင့်ရဲ့ယုံကြည်စိတ်ချရမှုကို ချက်ချင်းပြသနိုင်မှာ ဖြစ်ပါတယ်။ ✅ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာခြင်းကုမ္ပဏီတွေက CTS ကိုင်ဆောင်သူတွေကို ဦးစားပေးခန့်အပ်လာကြတာမို့ ဒီလမ်းကြောင်း အရှေ့တောင်အာရှကိုပါ ပျံ့နှံ့လာလျက် ရှိပါတယ်။ ✅ လစာနဲ့ ရာထူးတိုးတက်ရေး         ကျွမ်းကျင်မှုအဆင့်ကို သက်သေပြထားတာမို့ ရာထူးတိုး၊ လစာပိုကောင်းတဲ့နေရာကို ပြောင်းရွှေ့ဖို့ အားသာချက် တစ်ခု ဖြစ်လာနေပါတယ်။ ✅ IT နဲ့ AV ပေါင်းစည်းမှု        ဒီနေ့ခေတ် AV စနစ်တွေဟာ IT နဲ့ လုံးလုံးဆက်စပ်နေတာမို့ CTS သင်ရိုးက ဒီပေါင်းစည်းမှုကို ကောင်းကောင်း နားလည်အောင် သင်ကြားပေးထားတာလည်း […]