🔊 ဘာလဲဟဲ့ RT60 နဲ့ Rooftop Bar Sound Design အတွက် ဘာလို့ အရေးကြီးလဲဆိုတာ နည်းနည်း စေ့ငုကြည့်ရအောင်လား 

Audio / Acoustic Engineering မှာ RT60 (Reverberation Time) ဆိုတာ အရေးကြီးတဲ့ indicator တစ်ခုဖြစ်ပါတယ်။အလွယ်ပြောရရင် အသံတစ်ခု ထွက်ပြီးနောက် အဲ့ဒီအသံရဲ့ energy 60dB လျော့သွားအောင် အချိန်ဘယ်လောက်ကြာသလဲ ဆိုတာကို တိုင်းတာတဲ့ အချိန် အတိုင်းအတာ ဖြစ်ပါတယ်။ ဒီတန်ဖိုးက အခန်းတစ်ခု ဒါမှမဟုတ် ဝန်းကျင်တစ်ခု ထဲမှာ အသံ ဘယ်လောက်ကြာကြာ နေနေသလဲ ဆိုတာကို ပြောပြပေးတဲ့ acoustic index တစ်ခုပဲ ဖြစ်ပါတယ်။


🍸 Rooftop Bar Design လုပ်ရာမှာ မှာ RT60 Index ဘာလို့ အရေးကြီးလည်း

Rooftop Bar ဆိုတာ skyline view လှလှနဲ့ music vibe ကောင်းတဲ့ social space တစ်ခု အဖြစ် ဖန်တီးကြတဲ့ ရပ်ဝန်းလေး တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Sound Environment မကောင်းရင် customer experience တစ်ခုလုံး ပြောင်းလဲသွားနိုင်ပါတယ်။

ဒီအတွက် AV / ELV Engineers တွေအနေနဲ့ RT60 ကို design stage မှာ စဉ်းစားဖို့ အရေးကြီးလှပါတယ်။


RT60 မမှန်တဲ့ Rooftop Bar မှာ ဖြစ်နိုင်တဲ့ ပြဿနာများတွေ ဘာတွေ ရှိမလည်း။

🔊 RT60 အရမ်းများရင် Echo များပြီး
• Music muddiness ဖြစ်နိုင်ပါတယ်
• Conversation ရှင်းလင်းမှု မရှိတော့ပါဘူး
• Customer တွေ “noise များတယ်” လို့ ခံစားရနိုင်စေပါတယ်

🔊 RT60 အရမ်းနည်းပြန်တော့လည်း
• Music energy မရှိတော့သလို ခံစားရနိုင်စေပါတယ်
• Atmosphere flat ဖြစ်တယ်လို့ တွေးယူရရှိစေပါတယ်
• Party vibe မရတော့ဘူးဆိုပြီး Complaint တက်လာစေနိုင်ပါတယ်


📊 Rooftop Bar တစ်ခုအတွက် Recommended RT60 ကို ပြောရရင်

Typical design target 0.8 sec – 1.2 sec ဒီ range ထဲမှာရှိရင်

✔ Music clarity ကောင်းတယ်
✔ People conversation အဆင်ပြေတယ်
✔ DJ / background music balance ကောင်းတယ်လို့ ဆိုနိုင်ပါတယ်


👨‍🔧 Engineers တွေအတွက် Design Tips အနေနဲ့ စဉ်းစားတဲ့ခါ

• Hard surface များတဲ့ rooftop တွေမှာ acoustic treatment ထည့်ပေးပါ
• Ceiling structure ကို sound reflection control လုပ်ပေးပါ
• Speaker placement ကို even coverage ဖြစ်အောင် design လုပ်ပါ
• Subwoofer energy ကို control မလုပ်ရင် noise complaint ဖြစ်နိုင်စေတာမို့ပါ


Rooftop Bar design က lighting, view, ambience တို့ ပါတယ်ဆိုရုံနဲ့တင် ပြည့်စုံတယ် မဆိုနိုင်ပါဘူး။


Well-controlled acoustics က customer experience ကို အမှန်တကယ် ပြောင်းလဲပေးနိုင်ပါတယ်။

Engineering detail တစ်ခုက venue reputation ကိုတောင် ပြောင်းလဲနိုင်ပါတယ်။


#AcousticDesign
#RT60
#AVEngineering
#SoundSystemDesign
#TeamBOH

Leave a Reply

Your email address will not be published. Required fields are marked *