📺 ဟိုတယ်၊ ဆေးရုံ၊ Condominium နဲ့ Apartment Project တွေမှာ အရင်တုန်းက MATV (Master Antenna Television) စနစ်ကို အသုံးများခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ IPTV (Internet Protocol Television) စနစ်တွေကပိုပြီး flexible ဖြစ်လာပြီး feature များလာတဲ့အတွက် project အသစ်များမှာ IPTV ကိုရွေးချယ်လာကြပါတယ်။ MATV မှIPTV သို့ ပြောင်းမယ်ဆိုရင် ဒီ ၁၀ ချက်ကို သတိထားသင့်ပါတယ်။

1️⃣ IPTV က LAN network ပေါ်မှာ run လုပ်တဲ့ system ဖြစ်တဲ့အတွက် Network Infrastructure Ready ဖြစ်ရပါမယ်။ဒါကြောင့် structured cabling, switches, bandwidth capacity တွေကို design stage မှာပဲ စဉ်းစားထားဖို့ လိုပါတယ်။
2️⃣ HD / 4K video stream တွေက bandwidth များစွာသုံးတာမို့ Bandwidth Planning စဉ်းစားရပါမယ်။ Switch backbone နဲ့ uplink bandwidth မလုံလောက်ရင် video lag, buffering ဖြစ်စေနိုင်ပါတယ်။
3️⃣ Professional IPTV systems တွေမှာ IP multicast ကို သုံးတဲ့အတွက် Multicast Support
ဖြစ်ဖို့ တွက်ဆထားရပါမယ်။ Network switches တွေမှာ IGMP Snooping / IGMP Querier support ရှိဖို့ အရေးကြီးပါတယ်။
4️⃣ IPTV traffic ကို VLAN separation လုပ်ထားရင် network performance ပိုကောင်းပါတယ်။
Network Segmentation ကြိုတင်လုပ်ထားခြင်းက data traffic နဲ့ video traffic ကို conflict မဖြစ်အောင် ကာကွယ်ပေးပါတယ်။
5️⃣ IPTV system မှာ content source မျိုးစုံကို integrate လုပ်နိုင်ပါတယ်။
• Satellite TV
• Local HDMI sources
• OTT content
• Hotel information channel
ဒီ integration architecture ကို design လုပ်ဖို့လိုပါတယ်။
6️⃣ IPTV system ရဲ့ brain က middleware software ဖြစ်ပါတယ်။
ဒီ middleware က
• Channel management
• User interface
• Video-on-demand
• Digital signage
တို့ကို control လုပ်ပါတယ်။
7️⃣ TV တွေက IPTV compatible ဖြစ်ဖို့ လိုပါမယ်။
အချို့ project တွေမှာ
• Smart TV
• Android TV
• IPTV set-top box
တွေကို အသုံးပြုကြပါတယ်။
8️⃣ Project size ကြီးလာတဲ့အခါ IPTV system က easily expandable ဖြစ်ဖို့ လိုပါတယ်။
Room numbers တိုးလာတဲ့အခါ system upgrade အလွယ်တကူလုပ်နိုင်ရမယ်။
9️⃣ Maintenance & Monitoringအတွက် Professional IPTV system တွေမှာ central monitoring dashboard ရှိပါတယ်။ ဒါကြောင့် fault detection နဲ့ troubleshooting ပိုလွယ်ပါတယ်။
🔟 Future Services Integration အတွက် IPTV system က future services တွေ integrate လုပ်နိုင်ပါတယ်။
• Digital signage
• Room service ordering
• Guest messaging
• Interactive hotel services
ဒါတွေက MATV system မှာ မဖြစ်နိုင်တဲ့ feature တွေလို့လည်း ဆိုနိုင်ပါတယ်။
🔎 အချုပ်အားဖြင့် ပြောရရင် MATV system က simple broadcasting system ဖြစ်ပေမယ့်
IPTV ကတော့ digital service platform တစ်ခု ဖြစ်ပါတယ်။ Project design stage မှာ network architecture ကို မှန်ကန်စွာdesign လုပ်ထားမယ်ဆိုရင် IPTV system က long-term value အများကြီးပေးနိုင်ပါတယ်။
#IPTV
#MATV
#ELVEngineering
#BroadcastSystem
#TeamBOH