Fire Alarm System ဆိုတာ လူ့အသက်နဲ့ ပစ္စည်းဥစ္စာလုံခြုံရေးရဲ့ ပထမဆုံး ကာကွယ်ရေးလိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် စနစ်ကောင်းဖို့ဆိုတာ Control Panel ကောင်းရုံနဲ့ မပြီးပါဘူး။ စနစ်ရဲ့ မျက်လုံးနဲ့ နားတွေဖြစ်တဲ့ Smoke Detector တွေ မှန်ကန်စွာ ရွေးချယ်တပ်ဆင်မှသာ ကျွန်တော်တို့ရဲ့ Design က အပြည့်အဝ Effective ဖြစ်မှာပါ။

ဒီတစ်ခေါက်မှာတော့ ဘယ် Detector အမျိုးအစားကို ဘယ်နေရာမှာ သုံးရင် အကောင်းဆုံး Performance ရနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

၁။ လျှင်မြန်သော တုံ့ပြန်မှုအတွက် သုံးတဲ့ Ionization Smoke Detector

ဒီ Detector အမျိုးအစားဟာ မီးလောင်ကျွမ်းမှုကြောင့် လေထဲမှာပျံ့လွင့်လာတဲ့ သေးငယ်တဲ့ အမှုန်အမွှားတွေကို အာရုံခံတာပါ။ အားသာချက်အနေနဲ့ လျှင်မြန်စွာ လောင်ကျွမ်းတဲ့ မီးအမျိုးအစား (Flaming Fires) အတွက် အလွန် Sensitive ဖြစ်ပါတယ်။ စာရွက်စာတမ်းသိုလှောင်ရုံများ၊ လောင်စာဆီသိုလှောင်ခန်းများမှာ တပ်ဆင်ဖို့ အသင့်ဆုံး ဖြစ်ပါတယ်။

၂။ တည်ငြိမ်တဲ့ ယုံကြည်စိတ်ချရမှုအတွက် Photoelectric Smoke Detector

ဒီအမျိုးအစားကတော့ Light Scattering နည်းပညာကို သုံးပြီး အမှုန်အမွှားတွေကို ရှာဖွေတာပါ။ အားသာချက် အားဖြင့် မီးခိုးထူထပ်စွာ ထွက်တဲ့ မီးအမျိုးအစား (Smoldering Fires) အတွက် အထူးသင့်တော်ပါတယ်။ False Alarm ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ဧည့်ခန်းများ၊ စင်္ကြံလမ်းများ၊ အိပ်ခန်းများ စတဲ့ နေရာတွေမှာ တပ်ဆင်လေ့ ရှိပါတယ်။

၃။ ခေတ်မီဆုံးဖြေရှင်းချက် ဖြစ်တဲ့ Multi-Sensor Detector

ဒါကတော့ Ionization နဲ့ Photoelectric နှစ်မျိုးလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတဲ့ နောက်ဆုံးပေါ် နည်းပညာ ဖြစ်ပါတယ်။ တစ်ချို့ Model တွေမှာ Heat Sensor ပါ ထည့်သွင်းထားတတ်ပါသေးတယ်။ အားသာချက်အနေနဲ့ မီးအမျိုးအစားအားလုံးအတွက် အကောင်းဆုံး Detection ပေးနိုင်ပြီး False Alarm အနည်းဆုံးဖြစ်ပါတယ်။ လူသွားလူလာများသော နေရာများ၊ Lobby များ၊ Control Room များမှာ တပ်ဆင်လေ့ ရှိပါတယ်။

ဒီတော့ အကောင်းဆုံး Design တစ်ခုရနိုင်စေဖို့အတွက်

🎯 တစ်ချို့နေရာတွေမှာ Photoelectric နဲ့ Ionization နှစ်မျိုးလုံး တွဲသုံးခြင်းက အကောင်းဆုံး Coverage ရစေနိုင်တာမို့ တစ်မျိုးတည်းနဲ့ မရပ်တန့်ပါနဲ့

🎯 ဧရိယာရဲ့ လေဝင်လေထွက်နှုန်း၊ ဖုန်ဒဏ်၊ အပူချိန်တို့ကို သေချာလေ့လာပြီးမှ Detector အမျိုးအစားရွေးချယ် တာ အကောင်းဆုံးမို့ တပ်ဆင်မဲ့ ဝန်းကျင်ကို အရင်လေ့လာဖို့ လိုပါတယ်။

🎯 Maintenance အတွက်ပါ Detector တွေကို ပုံမှန် Cleaning လုပ်ဖို့ နေရာချထားမှုမှာ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။

ချုပ်ရရင် ကျွန်တော်တို့ ELV အင်ဂျင်နီယာတွေဟာ နည်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူတွေပါ။ Detector တစ်လုံးချင်းစီရဲ့ အားသာချက်ကို နားလည်ပြီး မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့ Detector ကို ရွေးချယ်တပ်ဆင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ System Design က ပိုပြီး Effective ဖြစ်လာမှာပါ။

ဒီနေ့ခေတ်မှာ Multi-Sensor Detector တွေဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာနေပါပြီ။ သင့်ရဲ့ လာမယ့် Project တွေမှာ ဒီနည်းပညာကို ထည့်သွင်းစဉ်းစားကြည့်ဖို့ အကြံပြုချင်ပါတယ်။

အားလုံးပဲ လုံခြုံစိတ်ချရတဲ့ Design တွေ ဖန်တီးနိုင်ကြပါစေ။

#ELVEngineering #FireAlarmSystem #SmokeDetector #SystemDesign #SmartBuilding #SafetyFirst #TeamBOH #systemintegration

Leave a Reply

Your email address will not be published. Required fields are marked *